ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ သူ့ရဲ့ နည်းပြ ဘဝ ပထမဆုံး အကြိမ် အဖြစ် ၄ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီလို ရှုံးနိမ့်အပြီးမှာတော့ စပိန်သား နည်းပြက သူတို့ အသင်း အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ရဖွယ် ရှိကြောင်း ဝန်ခံ ပြောကြားလာခဲ့ပါတယ်။
မန်ချက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ဘရိုက်တန်နဲ့ အကြိုတ်အနယ် ယှဉ်ပြိုင်ကစားပြီး ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၂၃ မိနစ်မှာ တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ပွဲချိန် ၇၈နဲ့ ၈၃ မိနစ်တွေမှာ ဘရိုက်တန်ကို နှစ်ဂိုး ဆက်တိုက် ပြန်လည် ခွင့်ပြုပေးရပြီး ရှုံးပွဲ ထပ်တွေ့ခဲ့တာ ဖြစ်ပါတယ်။
ပပ် ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ ခရာဘောင်ဖလား၊ ပရီးမီးယားလိဂ် (၂ ပွဲ) နဲ့ ချန်ပီယံလိဂ် တို့မှာ ဆက်တိုက် ရှုံးခဲ့ပြီး ၄ ပွဲ ဆက်တိုက် ရှုံးပွဲတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နည်းပြ ဂွါဒီယိုလာ အတွက်တော့ နည်းပြ သက်တမ်း တစ်လျှောက် ပထမဆုံး အကြိမ် စံချိန်တင် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် မန်စီးတီး ဟာလည်း ၂၀၀၆ ခုနှစ် သြဂုတ်လ နောက်ပိုင်း ၄ ပွဲဆက် ရှုံးနိမ့်ခြင်းနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် မန်စီးတီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့ ၅ မှတ် အထိလည်း ပြတ်တောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ ပပ် ဂွါဒီယိုလာက ပရီးမီးယားလိဂ် ချန်ပီယံဆုကို တခြားအသင်း တစ်သင်း ရရှိနိုင်တယ်လို့ ဝန်ခံ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
ပပ် ဂွာဒီယိုလာက “ကျွန်တော်တို့ နိုင်ပွဲတွေ ထပ်ရဖို့ ကြိုးစားရပါမယ်။ ၄ ပွဲဆက် ရှုံးထားလို့ ကျွန်တော်တို့ ပြောင်းလဲမှုတွေ မြန်မြန်ဆန်ဆန် လုပ်ဖို့ လိုအပ်နေပါပြီ။ ပွဲစဉ်ဇယားတွေက ခက်ခဲလာတော့မှာပါ။ ဒါပေမယ့် ကစားသမားတွေ ပြန်ရောက်လာတဲ့အခါ နိုင်ပွဲတွေ ရလာမှာပါ။ ၇ နှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ခြောက်ကြိမ်ရထားပြီ ဖြစ်လို့ တခြား အသင်း တစ်သင်းက တစ်နှစ်လောက် ရဖို့ ထိုက်တန်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါက အားကစားပါ။ အားကစား ဆိုတာ အမြဲတမ်း နေရောင်ခြည်လို တောက်ပနေတာမျိုး မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ အခိုက်အတန့်တွေပဲ အမြဲတမ်း မဖြစ်နိုင်ဘူး။ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ခေတ်ကုန်သွားပြီလား ဆိုပြီး ကျွန်တော့်ကို မေးကြတယ်။ လူတွေ ဘာလိုချင်လဲ ဆိုတာကို ကျွန်တော် သိပါတယ်” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် တော့တင်ဟမ်ဟော့စပါးကို အိမ်ကွင်း အက်တီဟတ်မှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ မန်စီးတီးက ဖီရင်နော့ဒ်နဲ့ ချန်ပီယံလိဂ်၊ လစ်ဗာပူးလ်၊ နော့တင်ဟမ်ဖောရက်စ်၊ ပဲလေ့စ် တို့နဲ့ ပရီးမီးယားလိဂ်၊ ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်၊ ယူနိုက်တက်၊ အက်စတွန်ဗီလာ တို့နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်တိုက် ကစားရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကြည့်ရင် မန်စီးတီးဟာ ပဲလေ့စ်နဲ့ တစ်ပွဲပဲ ပွဲချောင်နေတယ်လို့ ပြောလို့ ရပြီးတော့ ဒီဇင်ဘာ တစ်လလုံး ကတော့ ဂွာဒီယိုလာတို့ အုပ်စု အတွက် ပွဲအကြပ်ဆုံး ကာလကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.