နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီသစ် အတွက် အဆင်သင့်ပဲ ဆိုတဲ့ ဂျေဇုစ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇုစ် ကတော့ လာမယ့် ရာသီသစ် အတွက် အဆင်သင့် ဖြစ်နေပြီလို့ ပြောကြားလာခဲ့ပါတယ်။ အသက် ၂၇ နှစ် အရွယ် ဘရာဇီးလ် တိုက်စစ်မှူးက ဒီနှစ် ရာသီကြို ခြေစမ်းပွဲတွေမှာ အရင်နှစ်တွေကနဲ့ မတူပဲ ခြေစွမ်းပြနေခဲ့တာ ဖြစ်ပြီး သူ့ရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သတ်လို့ အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂျေဇုစ်က “ပြီးခဲ့တဲ့ နှစ်က ဒူးဒဏ်ရာ အခြေအနေကြောင့် ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ရပြီးတော့ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ မပါဝင်နိုင်ခဲ့ပါဘူး။ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ပြီးတော့လည်း အကောင်းဆုံး အနေအထားကို ပြန်ရောက်ဖို့ အချိန်ယူ ကြိုးစားခဲ့ရပါတယ်။ ဒီရာသီမှာ ကျွန်တော် အကောင်းဆုံး အနားယူနိုင်ခဲ့သလို လေ့ကျင့်ချိန်တွေလဲ ပိုပြီးရခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အနေအထားက အကောင်းဆုံး ဖြစ်နေပါပြီ ရာသီသစ် အတွက်လည်း အာလုံး အဆင်သင့် ဖြစ်နေပါပြီ။” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဂါဘရီရယ် ဂျေဇုစ်ဟာ မန်ချက်စတာယူနိုက်တက်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပြီး သွင်းဂိုး ၁ ဂိုးလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။ အဆိုပါ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ဂန်းနားတွေ အတွက် ပြိုင်ပွဲစုံမှာ ၃၆ ပွဲ ကစားခဲ့ပြီး ၈ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂျေဇုစ်ဟာ မကြာခဏ ဆိုသလို ဒူးဒဏ်ရာရဲ့ နှိပ်စက်မှုဒဏ်ကို ခံခဲ့ရပြီး ပွဲအများစုမှာ အရန်ကစားသမား အဖြစ်ပဲ ပါဝင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ အတူ ပွဲထွက်ခွင့် သိပ်မရခဲ့တဲ့ ဂျေဇုစ်ဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာတော့ ဘရာဇီးလ် အတွက် ပါဝင်ကစားပေးနိုင်ခဲ့ခြင်းလည်း မရှိပါဘူး။ သူ့ရဲ့ အသင်းဖော်တွေ ဖြစ်တဲ့ ဂါဘရီရယ် မာတင်နယ်လီနဲ့ ဂါဘရီရယ် တို့ကတော့ ဘရာဇီးလ် လူစားရင်းမှာ ပါဝင်ခွင့်ရခဲ့ကြပါတယ်။

အဲ့ဒီနောက် မှာတော့ အာဆင်နယ်က ပရီးမီးယားလိဂ် ပြိုင်ပွဲ မစတင်ခင် အမ်းမရိတ်စ် ဖလား ပြိုင်ပွဲ အဖြစ် လေဗာကူဆင်၊ လိုင်ယွန် တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ ရာသီကြို ခြေစမ်းပွဲမှာ ၁ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂျေဇုစ်

လက်ရှိမှာတော့ ဂျေဇုစ်က ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝနေပြီ ဖြစ်တာကြောင့် အာဆင်နယ်ရဲ့ ရာသီကြို ခြေစမ်းပွဲ နှစ်ပွဲစလုံးမှာ ပါဝင်ကစားထားနိုင်တာ တွေ့ရပါတယ်။ အာတေးတား အနေနဲ့‌ ဂျေဇုစ်ကို ဘုန်းမောက်နဲ့ ပွဲစဉ်မှာ ၂၇ မိနစ် အသုံးပြုခဲ့ပြီး ယူနိုက်တက်နဲ့ ပွဲစဉ်မှာတော့ ၇၁ မိနစ် အထိ ပွဲထွက်ကစားခွင့်ပေးခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ပွဲမှာ ပွဲချိန် တော်တော်များများ ပွဲထွက်ခွင့်ရခဲ့တဲ့ ဂျေဇုစ်က အခုလိုပဲ ဆက်လက် ပြောကြားသွားခဲ့ပါသေးတယ်။ “ဦးဆောင်ဂိုး ပေးလိုက်ရတာက အမြဲတမ်း ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်လာပြီး ပွဲကို အနိုင်ရခဲ့တယ်။ ဒါက အရေးကြီးဆုံးအ ရာပါ။ ကျွန်တော်တို့ အသင်းက ဘယ်ပြိုင်ပွဲမှာ မဆို အနိုင်ရဖို့ ကြိုးစားခဲ့နေတယ် ဆိုတာကို ပြသခနိုင်ခဲ့ပါတယ်။ အနိုင်ရဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်၊ ဒါဟာ အသင်း အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် တစ်ခုပါ။ ဒါဘီပွဲ ဖြစ်သလို ခက်ခဲတဲ့ ပွဲပါ၊ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲလိုပါပဲ။ သူတို့မှာ အရည်အသွေးတွေ အများကြီး ရှိပြီး ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ အဆုံး မှာတော့ ကျွန်တော်တို့ အနိုင်ရခဲ့တယ်၊ ဒါက အရေးကြီးဆုံးပါပဲ။ သိသာထင်ရှားတဲ့ ရာသီသစ် အတွက် ပြင်ဆင်မှုပါ။ ဒါကြောင့် အားလုံးပျော်နေကြမယ်လို့ ထင်ပါတယ်။”

အာဆင်နယ်ဟာ လာမယ့် ကြာသပတေးနေ့မှာ ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ်နဲ့ ခြေစမ်းပွဲ နောက်ဆုံး ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မှာတော့ အာဆင်နယ်က ပရီးမီးယားလိဂ် ပြိုင်ပွဲ မစတင်ခင် အမ်းမရိတ်စ် ဖလား ပြိုင်ပွဲ အဖြစ် လေဗာကူဆင်၊ လိုင်ယွန် တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်