နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီသစ်မို့လို့ ဖိအားမရှိဘူး ဆိုတဲ့ အန်ဇို မာရက်စ်ကာ | ပရီးမီးယားလိဂ်

ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စကာ ကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ် နိုင်ရမယ် သို့မဟုတ် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရမယ် ဆိုတဲ့ ဖိအားမျိုးတွေ မရှိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

အန်ဇို မာရက်စ်ကာ အနေနဲ့ ချဲလ်ဆီး အသင်းကို ဒီရာသီမှ စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ဒီနည်းပြ အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ဖိအားများစွာနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ထင်ကြေးပေး တွက်ဆနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မာရက်စ်ကာ ကတော့ သူ့အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ဖို့နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ ဆိုတဲ့ ဖိအားမျိုးကို တာဝန်ရှိသူ ဘယ်သူကမှ ပေးထားခြင်း မရှိဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နည်းပြသစ် အန်ဇို မာရက်စ်ကာနဲ့ အတူ ၂၀၂၄/၂၅ ဘောလုံးရာသီသစ်ကို စတင်နေတဲ့ ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ မန်စီးတီးကို ၀-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ပွဲစဉ် ၂ မှာတော့ ဝုဗ်ကို အဝေးကွင်းမှာ ၂-၆ နဲ့ အနိုင်ရထားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဝုဗ်ကို အနိုင်ရတဲ့ ပွဲစဉ်မှာ ဆွဲဆောင်မှု ရှိသည့် တိုက်စစ် ကစားဟန်ကို ပြသနိုင်ခဲ့ပြီးတော့ ဘောလုံး ဝေဖန်သူတွေရဲ့ ချီးကျူးခြင်းကိုလည်း ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီး နည်းပြ မာရက်စ်ကာက သူ့ အနေနဲ့ ရာသီသစ်အစမှာ ရည်မှန်းချက်မထားလိုသေးကြောင်းနဲ့ ဒီအတွက်လည်း ဖိအား မရှိကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ရမယ် ဒါမှမဟုတ် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးရမယ်လို့ ကျွန်တော့်ကို အသင်းမှာ ရှိတဲ့ ဘယ်သူမှ တောင်းဆိုမထားပါဘူး။
ကစားသမားကောင်းတွေနဲ့ ပုံစံကောင်းတွေ ပြသထားနိုင်တဲ့ ချဲလ်ဆီး

အန်ဇို မာရက်စ်ကာ “လောလောဆယ်မှာ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်က ကစားသမားတွေ တိုးတက်ဖို့ပါပဲ။ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ရမယ် ဒါမှမဟုတ် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးရမယ်လို့ ကျွန်တော့်ကို အသင်းမှာ ရှိတဲ့ ဘယ်သူမှ တောင်းဆိုမထားပါဘူး။ အသင်းနဲ့ ကစားသမားတွေကို တိုးတက်အောင် လုပ်ပေးဖို့ပဲ တောင်းဆိုထားတာပါ။ အရေးကြီးဆုံးက တစ်ပွဲထက် တစ်ပွဲ ပိုကောင်းဖို့ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

မာရက်စ်ကာက ရာသီမစခင် အစောပိုင်း အင်တာဗျူးတွေမှာလည်း အန်ဇို မာရက်စ်ကာက “ကျွန်တော် ပြောနိုင်တာ ကတော့ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အတွက် ကလပ် ကနေ ဘယ်သူကမှ မတောင်းဆိုဘူး ဆိုတာနဲ့ ရာသီကုန်မှာ အဆင့် ၄ အတွင်း ဝင်အောင် လုပ်ဖို့ လိုအပ်တယ် ဆိုပြီး ဘယ်သူကမှ မပြောခဲ့ဘူး ဆိုတာပါပဲ။ အသင်း ပိုင်ရှင်တွေက ပြောတာ ကတော့ ကျွန်တော်တို့တွေ တစ်ဆင့်ပြီး တစ်ဆင့် ယှဉ်ပြိုင်သွားရမယ် လို့ပဲ ပြောခဲ့တာပါ။ နောက်ပြီး အသင်းက လမ်းကြောင်း မှန်ပေါ်ရောက်နေပြီ ဆိုတဲ့ ခံစားချက်ရှိဖို့ ပစ်မှတ်ထားပါတယ်။ ဒါက အရမ်းကောင်းတဲ့ ရည်မှန်းချက် ဖြစ်ပြီးတော့ အသင်းပိုင်ရှင် အားကစား ဒါရိုက်တာ နည်းပြနဲ့ ကစားသမားတွေ အားလုံးဆီမှာ တူညီတဲ့ အတွေးအမြင်တွေ ရှိနေပြီး အားလုံးက တူညီတဲ့ ဦးတည်ရာ ကိုပဲ သွားနေကြပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး မာရက်စ်ကာက“ဒါက အခုချက်ချင်းကြီး ဖြစ်မလာနိုင်သေးရင်တောင်မှ တစ်လ နှစ်လနဲ့ လ အနည်းငယ်လောက် အကြာ မှာတော့ ဖြစ်လာနိုင်ပါတယ်။” လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်