နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အာရုံစိုက်နေမှာ မဟုတ်ဘူးလို့ ပြောကြားလာတဲ့ မာရက်စ်ကာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ထိပ်သီး ကလပ် ချဲလ်ဆီးရဲ့ နည်းပြ အင်ဇို မာရက်စ်ကာ ကတော့ သူ့ အသင်းက ချန်ပီယံလိဂ် ဝင်ခွင့် ကိုပဲ အာရုံစိုက်နေမှာ မဟုတ်ဘူးလို့ ပြောကြားလာခဲ့ပါတယ်။ မာရက်စ်ကာရဲ့ ပြောကြားချက်အရ ချဲလ်ဆီး အသင်းပိုင်ရှင်တွေဟာ အသင်း အောင်မြင်မှု ရရှိစေဖို့ အတွက် ရေရှည် တည်ဆောက်သွားဖို့သာ ဆုံးဖြတ်ထား တာကြောင့် သူတို့ အသင်း အနေနဲ့ လာမယ့် ဘောလုံးရာသီမှာ ထိပ်ဆုံး ၄ နေရာ အတွက်ပဲ အာရုံစိုက်နေမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အန်ဇို မာရက်စ်ကာက“ကျွန်တော် ပြောနိုင်တာ ကတော့ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အတွက် ကလပ် ကနေ ဘယ်သူကမှ မတောင်းဆိုဘူး ဆိုတာနဲ့ ရာသီကုန်မှာ အဆင့် ၄ အတွင်း ဝင်အောင် လုပ်ဖို့ လိုအပ်တယ် ဆိုပြီး ဘယ်သူကမှ မပြောခဲ့ဘူး ဆိုတာပါပဲ။ အသင်း ပိုင်ရှင်တွေက ပြောခဲ့တာ ကတော့ ကျွန်တော်တို့တွေ တစ်ဆင့်ပြီး တစ်ဆင့်ဆီပဲ ယှဉ်ပြိုင်သွားရမယ် လို့ပဲ ပြောခဲ့တာပါ။ နောက်ပြီး အသင်းက လမ်းကြောင်း မှန်ပေါ်ရောက်နေပြီ ဆိုတဲ့ ခံစားချက်ရှိဖို့ ပစ်မှတ်ထားပါတယ်။ ဒါက အရမ်းကောင်းတဲ့ ရည်မှန်းချက် ဖြစ်ပြီးတော့ အသင်းပိုင်ရှင် အားကစား ဒါရိုက်တာ နည်းပြနဲ့ ကစားသမားတွေ အားလုံးဆီမှာ တူညီတဲ့ အတွေးအမြင်တွေ ရှိနေပြီး အားလုံးက တူညီတဲ့ ဦးတည်ရာ ကိုပဲ သွားနေကြပါတယ်။” လို့ ဆိုပါတယ်။

မန်စီးတီးမှာ နည်းပြ ဂွာဒီယိုလာရဲ့ လက်ထောက် နည်းပြ အဖြစ် ဆောက်ရွက်ခဲ့ဖူးပြီး ပြီးခဲ့တဲ့နှစ်ကမှ လက်စတာစီးတီး နည်းပြ အဖြစ် ဆောင်ရွက်ရင်း လက်စတာစီးတီးကို ပရီးမီးယားလိဂ်ဆီ ပြန်လည် ပိုဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
ပရီးမီယားလိဂ် အဖွင့် ပွဲစဉ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ချဲလ်ဆီး

ဆက်လက်ပြီး မာရက်စ်ကာက“ဒါက အခုချက်ချင်းကြီး ဖြစ်မလာနိုင်သေးရင်တောင်မှ တစ်လ နှစ်လနဲ့ လ အနည်းငယ်လောက် အကြာ မှာတော့ ဖြစ်လာနိုင်ပါတယ်။” လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။ အန်ဇို မာရက်စ်ကာ အနေနဲ့ ချဲလ်ဆီး နည်းပြ အဖြစ် ပထမဆုံး ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ သူ့ရဲ့ ဆရာဟောင်း ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီး အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်သွားရမှာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ အသင်း ပိုင်ရှင်သစ် တော့ဒ် ဘိုလေနဲ့ အစ်ဘာလီတို့ လက်ထက်မှာ နည်းပြ အပြောင်းအလဲတွေ တော်တောများများ ဖြစ်ပေါ်ခဲ့ပြီး ကစားသမားသစ် ခေါ်ယူမှု ကလည်း ၃၅ ဦး အထိတောင် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ လက်ရှိ လူစာရင်းကို ကြည့်မယ် ဆိုရင် ဂိုးမှာ ၆ ဦး၊ ခံစစ်မှာ ၁၂ ဦး၊ ကွင်းလယ်မှာ ၁၁ ဦး၊ တိုက်စစ် မှာတော့ ၁၅ ဦး အထိ ရှိနေပါတယ်။ အန်ဇို မာရက်ဇ်ကာရဲ့ အသင်းက နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၁၀ ဦး အထိ ခေါ်ယူထားခဲ့ပြီး ထပ်ပြီး ခေါ်ယူဖို့လည်း ရှိနေသေးပုံပါပဲ။ ယာအို ဖီးလစ်နဲ့ အိုဆင်မ်ဟန် ကတော့ သတင်းတွေ အထွက်ဆုံး ဖြစ်ပြီး တိုက်စစ်ပိုင်းကို အင်အား ထပ်ဖြည့်ချင်နေတာပါ။

ဒါ့အပြင် လက်ရှိမှာ ပရီးမီးယားလိဂ် ချဲလ်ဆီးက နည်းပြ အတွေ့အကြုံ သိပ်မရှိသေးတဲ့ မာရက်စ်ကာ ကိုပါ အသင်း နည်းပြ အဖြစ် ခန့်အပ်ထားပါသေးတယ်။ မန်စီးတီးမှာ နည်းပြ ဂွာဒီယိုလာရဲ့ လက်ထောက် နည်းပြ အဖြစ် ဆောက်ရွက်ခဲ့ဖူးပြီး ပြီးခဲ့တဲ့နှစ်ကမှ လက်စတာစီးတီး နည်းပြ အဖြစ် ဆောင်ရွက်ရင်း လက်စတာစီးတီးကို ပရီးမီးယားလိဂ်ဆီ ပြန်လည် ပိုဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီး တာဝန် ရှိသူတွေ အနေနဲ့ နည်းပြ မာရက်စ်ကာကို သူရဲ့ ပထမဦးဆုံး ရာသီ မှာ အသင်းကို ထိပ်ဆုံး ၄ သင်းနေရာ ဝင်ခွင့် အတွက် ဖိအားပေးထားခြင်းမျိုး ရှိမနေဘူးလို့လည်း ဆိုခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်