နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆာလာကို အသင်းမှာ ဆက်နေဖို့ တိုက်တွန်းလိုက်တဲ့ ဒီးယက်ဇ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် တောင်ပံ တိုက်စစ် ကစားသမား လူးဝစ္စ ဒီးယက်ဇ်က အသင်းဖော် မိုဟာမက် ဆာလာကို အသင်းမှာ ဆက်နေဖို့ အတွက် တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ အီဂျစ် အသင်းခေါင်းဆောင် ဆာလာဟာ လစ်ဗာပူးလ် အတွက် ၇ နှစ်ကျော် ကာလ အတွင်း ပြိုင်ပွဲစုံ ၃၅၂ ပွဲကစားပြီး ၂၁၄ ဂိုး သွင်းယူထားပြီး ယနေ့ခေတ် လစ်ဗာပူးလ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ကါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်နဲ့ စာချုပ်သက်တမ်း ၁၀ လသာ ကျန်ရှိတော့တဲ့ ဆာလာက ဒီရာသီဟာ အန်ဖီးလ်မှာ သူ့ရဲ့ နောက်ဆုံး ရာသီ ဖြစ်နိုင်ကြောင်း စာချုပ်သစ် အတွက် ဆွေးနွေးမှု မရှိသေးကြောင်း ဖွင့်ဟ ပြောကြားထားသူ ဖြစ်ပါတယ်။ ဒါကြောင့် ဒီးယက်ဇ်က ဆာလာကို စာချုပ်သစ် မချုပ်နိုင်ပဲ လာမယ့်နွေရာသီမှာ ဆုံးရှုံးရမယ် ဆိုရင်တော့ အသင်း အတွက် အလွန် နစ်နာနိုင်ကြောင်း ဆာလာကို အသင်းမှာ ဆက်နေဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆာလာဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားပြီးချိန် အထိ ဂိုးဖန်တီးမှုလည်း ၃ ကြိမ် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
လစ်ဗာပူးလ်နဲ့ ရာသီသစ်မှာ ခြေစွမ်းပြနေတဲ့ ဆာလာ

ဒီးယက်ဇ်က “ဆာလာကို ဆုံးရှုးရမယ် ဆိုရင် ကျွန်တော်တို့ အတွက် ခက်ခဲမှာပါ။ လစ်ဗာပူးလ် အတွက် ခက်ခဲသွားပါလိမ့်မယ်။ သူ့ကို ဆုံးရှုးလိုက်ရမယ် ဆိုရင် ကျွန်တော်တို့ အများကြီး နာကျင်ရပါလိမ့်မယ်။ သူ စဉ်းစားဖို့ အချိန်တော့ ရှိပါသေးတယ်။ ဒါပေမဲ့ ဒါက မလွယ်ပါဘူး။ သူက အသင်း အတွက် အမြဲတမ်း အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ သူ့ကို အသင်းက မထွက်ခွာစေချင်ပါဘူး” လို့ ဟု ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အီဂျစ် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ရိုးမား ကနေ လစ်ဗာပူးလ်ကို ပေါင် ၄၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အခု ရာသီ အပါအဝင် ရှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ၃၅၁ ပွဲကစား၊ ၂၁၃ ဂိုး သွင်းယူပေးထားပါတယ်။ ဆာလာဟာ လစ်ဗာပူးလ်နဲ့ အတူ ၂၀၁၉/၂၀၂၀ ပရီးမီးယားလိဂ် ဖလား၊ ၂၀၂၁/၂၀၂၂ အက်ဖ်အေဖလား၊ ၂၀၂၁/၂၀၂၂ ခရာဘောင်ဖလား ၊ ၂၀၂၂ ကွန်မြူနတီဒိုင်း၊ ၂၀၁၈/၁၉ ချန်ပီယံလိဂ်ဖလား၊ ၂၀၁၉ ဥရောပစူပါဖလား၊ ၂၀၁၉ ကလပ် ကမ္ဘာ့ဖလား တစ်ကြိမ်စီ ဆွတ်ခူးထားနိုင်သူ ဖြစ်ပါတယ်။

မိုဟာမက် ဆာလာ အနေနဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်တွင် ၂၀၂၅ ခုနှစ် အထိ သက်တမ်း ရှိတဲ့ ၃ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး လက်ရှိ စာချုပ်အရ အသင်း သမိုင်းတစ်လျှောက် လစာ အများဆုံး ကစားသမား အဖြစ် တစ်ပတ်လုပ်ခ လစာ ပေါင် သုံးသိန်းခွဲ အထိ ရရှိနေပါတယ်။ သူ့အနေနဲ့ နည်းပြသစ် အာနေး ဆလော့တ် လက်ထက်မှာလည်း ခြေစွမ်းပြနေပြီး ရာသီ အဖွင့် ပွဲစဉ် နှစ်ပွဲမှာ နှစ်ဂိုး သွင်းယူထားခဲ့သလို ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာလည်း အနိုင်ဂိုး တစ်ဂိုး သွင်းယူထားခဲ့ပါတယ်။ ဒါ့အပြင် ဆာလာဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားပြီးချိန် အထိ ဂိုးဖန်တီးမှုလည်း ၃ ကြိမ် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဆာလာ အနေနဲ့ အီဂျစ် လက်ရွေးစင် အသင်း မှာလည်း အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားပြီး ပွဲပေါင်း ၁၀၀ ကစားကာ ၅၇ ဂိုး သွင်းယူပေးထားပါတယ်။

ဆာလာ က‌တော့ Sky Sports နဲ့ အင်တာဗျူးမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ မေးမြန်းမှု အပေါ် အခုလိုပဲ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ “ရာသီမစခင်တုန်းက ကျွန်တော့်မှာ တစ်နှစ်ကျန်သေးတယ်။ စာချုပ် အကြောင်း မစဉ်းစားဘဲ ပျော်ပျော်ပါးပါး နေရအောင်လို့ ကျွန်တော် တွေးထားတယ်။ လာမယ့် နှစ် ဒါမှမဟုတ် အနာဂတ် အကြောင်းကို ကျွန်တော် မတွေးချင်သေးဘူး။ ကျွန်တော့်ရဲ့ နောက်ဆုံး နှစ်ကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြစ်ချင်တယ်။ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ အရေးကြီးတာက တစ်ပွဲချင်း အချိန်ယူဖို့ပါပဲ။ ဒီအသင်းမှာ ရှိနေခွင့်ရလို့ ဝမ်းသာပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်