နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒက်ဟဲယားရဲ့ ကစားသမားဘဝ အဆုံးသတ်သွားတော့မှာလား | ပရီးမီးယားလိဂ်

စပိန် ဂိုးသမား ဒါးဗစ် ဒက်ဟဲယား ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတယူနိုက်တက် ကနေ ထွက်ခွာခဲ့ပြီးနောက် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေသူပါ။ ဒက်ဟဲယားက ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာခဲ့ပြီး လက်ရှိ အချိန်ထိ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ မရသေးလို့ အနားယူနေရဆဲ ဖြစ်ပါတယ်။

ဒီအချိန်မှာ အသက် ၃၃ နှစ် အရွယ် စပိန် လက်ရွေးစင်ဟောင်းက သူ့ အနေနဲ့ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရောက်မလာခဲ့ရင် ဘောလုံး ကစားသမား ဘဝ ကနေ အနားယူတော့မယ် ဆိုပြီး ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။

ဒါးဗစ် ဒက်ဟဲယားဟာ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် အသင်းမှာ ဆယ်စု နှစ် တစ်ခု အကြာ ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၂၂/၂၃ ဘောလုံးရာသီ အကုန်မှာပဲ ယူနိုက်တက် ဘက်က ဒက်ဟဲယားကို စာချုပ်သစ် တိုးမြှင့် ကမ်းလှမ်းမှု မပြုလုပ်ပဲ အသင်း ကနေသာ ထွက်ခွာခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒက်ဟဲယားလို ထိပ်တန်း ဂိုးသမား တစ်ဦး အသင်း လက်မဲ့ ဖြစ်နေချိန်မှာတော့ ဥရောပ ထိပ်သီး ကလပ်အ တချို့က ချိတ်ဆက်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဂိုးသမားရဲ့ လုပ်ခလစာ မြင့်မားမှုနဲ့ ပထမ ပွဲထွက် ကစားသမား နေရာ အတွက် အာမခံချက် မပေးနိုင်မှုတွေက ခေါ်ယူဖို့ အခက်အခဲ ဖြစ်နေရတာပါ။

ဒက်ဟဲယားဟာ စီးရီးအေ ထိပ်သီး အင်တာမီလန်၊ ဂျာမန် ဘီလူးကြီး ဘေယန်မြူးနစ်၊ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်၊ အက်တလက်တီကိုမက်ဒရစ်နဲ့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် တို့လို အသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒက်ဟဲယားက ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ ပစ်မှတ်ထဲမှာလည်း ရှိခဲ့ပေမယ့် ဥရောပ မှာပဲ ကစားသမား ဘဝကို ဖြတ်သန်းချင်တာကြောင့် အရှေ့အလည်ပိုင်းက စိတ်ဝင်စားမှုတွေကို လစ်လျူရှုထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ဒက်ဟဲယားက ဘောလုံးလောကနဲ့ ဝေးကွာနေခဲ့တာ (၁) နှစ်နီးပါး ကြာမြှင့်နေပြီ ဖြစ်သလို တစ်ဦးတည်း သီးသန့် လေ့ကျင့်ခန်းတွေလည်း အဆက်မပြတ် လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ဒက်ဟဲယားက ဘောလုံးပြန် ကစားခွင့်ရရှိဖို့လည်း စိတ်အား ထက်သန်နေပေမယ့် သူ့ကို စိတ်ဝင်စားတဲ့ အသင်းတွေ ကတော့ တဖြည်းဖြည်း လျော့နည်းနေပြီ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒက်ဟဲယားက သူ့အတွက် ဥရောပ ကလပ်အသင်းတွေ ဘက်ကနေ ပွဲထွက် ဂိုးသမား အဖြစ် အာမခံချက် အပြည့်နဲ့ ကောင်းမွန်တဲ့ ကမ်းလှမ်းချက်တွေ မရှိတော့ဘူး ဆိုရင်တော့ သူရဲ့ ပရော် ဖက်ရှင်နယ် ဘောလုံးသမား ဘဝကို တရားဝင် အဆုံးသတ်လိုက်ဖွယ် ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြနေတာ ဖြစ်ပါတယ်။

ဒက်ဟဲယားဟာ အက်တလက်တီကိုမက်ဒရစ် အသင်းနဲ့ အတူ စတင် တောက်ပခဲ့ပြီးတော့ ၂၀၁၁ ခုနှစ် မှာတော့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒက်ဟဲယားက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် မှာတော့ ပွဲပေါင် ၅၄၅ ပွဲ အထိ ကစားပေးခဲ့သလို စပိန် လက်ရွေးစင် အသင်း အတွက်လည်း ၄၅ ပွဲ ကစားခဲ့ပါတယ်။

ဒက်ဟဲယားဟာ အက်တလက်တီကို မက်ဒရစ်နဲ့ အတူ ယူရိုပါလိဂ်နဲ့ ယူအီးအက်ဖ်အေ စူပါဖလားတို့ ရရှိခဲ့ပါတယ်။ ယူနိုက်တက် မှာတော့ ကစားသမားဘဝ အောင်မြင်မှုတွေ ပိုမို ရရှိခဲ့ပြီး ပရီးမီးယားလိဂ်အပါအဝင် ပြည်တွင်းဆုဖလား အားလုံး ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်