နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချန်ပီယံလိဂ် ဝင်ခွင့်ဟာ ဒီရာသီ ချဲလ်ဆီး အတွက် အဓိက ရည်မှန်းချက် ဖြစ်တယ်လို့ ဆိုလိုက်တဲ့ ကူကူရယ်လာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ စပိန် ဘယ်နောက်ခံ ကစားသမား မာ့ခ် ကူကူရယ်လာက ဒီရာသီ သူတို့ အသင်းရဲ့ အဓိက ရည်မှန်းချက်က ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ ဖြစ်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ ကူကူရယ်လာက သူတို့ အသင်း အနေနဲ့ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပြန်လည် ပါဝင်ဆင်နွဲခွင့် ရရှိဖို့ အတွက် ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးက ဒီရာသီ နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်ထက် ခြေစွမ်းပိုင်းမှာရော ရလဒ်ပိုင်းမှာပါ တက်ရိပ်ပြနေပြီး ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားပြီးချိန်မှာ မန်စီးတီးနဲ့ လစ်ဗာပူးလ် တို့ကိုသာ ရှုံးထားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးက ကျန်တဲ့ ၁၀ ပွဲ ကိုတော့ ရှုံးပွဲ မရှိအောင် ကစားထားနိုင်တဲ့ အပြင် ပရီးမီးယားလိဂ် မှာလည်း ၈ ပွဲ ကစားပြီး ၁၄ မှတ် အထိ ရထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကထက် ရလဒ်ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းတွေ ပိုမို ကောင်းမွန်လာခဲ့တဲ့ ချဲလ်ဆီးက ဒီရာသီမှာ ထိပ်ဆုံး ၄ သင်း နေရာ ရရှိရေး အဓိကထား ကြိုးပမ်းသွားဖို့ ရှိနေပြီး ပြည်တွင်း ဆုဖလားနဲ့ ကွန်းဖရင့်လိဂ်ဖလား ပြိုင်ပွဲတွေ မှာလည်း အောင်မြင်မှု ရယူသွားဖို့ ရည်မှန်းနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆိုရင်လည်း နယူးကာဆယ်လို အသင်းကောင်း တစ်သင်းကို အနိုင်ယူခဲ့ပြီးတော့ သူတို့ အသင်း အနေနဲ့ ဘယ်လောက်အထိ အဆိပ်ရှိကြောင်း ပြသနိုင်ခဲ့ပါတယ်။
အခုရာသီ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းရနေတဲ့ ချဲလ်ဆီး

အသင်းရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့တော့ စပိန် ဘယ်နောက်ခံလူ ကူကူရယ်လာက “ကျွန်တော် ချဲလ်ဆီးမှာ အတော်လေးကို ပျော်ရွှင်နေပါတယ်။ ကျွန်တော့် မိသားစုဝင်တွေ ကလည်း လန်ဒန်မှာ နေထိုင်ရတာကို ပျော်ရွှင်နေကြတယ်။ ကျွန်တော် တို့ရဲ့ အသင်းဟာ တကယ်ကောင်းမွန်တဲ့ ပရိသတ်တွေနဲ့ အတူ ထိပ်တန်း အသင်း တစ်သင်းလည်း ဖြစ်ပါတယ်။ ဒီအသင်းမှာ အချိန် တော်တော်ကြာအောင် နေနိုင်မယ် လို့လည်း မျှော်လင့်ပါတယ်။ အခု ကျွန်တော်တို့ အသင်းရဲ့ အဓိက ပစ်မှတ်က လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲကို ပြန်လည် ဆင်နွဲခွင့် ရရှိဖို့ အတွက်ပါပဲ။” လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီး အသင်း အနေနဲ့ Top 4 ဝင်ခွင့် ရရှိဖို့ အတွက် ဆိုရင် ထိပ်တန်း အသင်းတွေနဲ့ တွေ့ဆုံရတဲ့ ပွဲစဉ်တွေမှာ ရလဒ် သိပ်မဆိုးအောင် အနိမ့်ဆုံး သရေ ရလဒ် ရရှိအောင် ကစားနိုင်ဖို့ အတွက် လိုအပ်နေတဲ့ အပြင် နိုင်ပွဲ ရဖို့ သေချာနေတဲ့ ပွဲစဉ်တွေမှာ ဆိုရင်လည်း အမှတ်မလျော့ဖို့ အရေးကြီးနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆိုရင်လည်း နယူးကာဆယ်လို အသင်းကောင်း တစ်သင်းကို အနိုင်ယူခဲ့ပြီးတော့ သူတို့ အသင်း အနေနဲ့ ဘယ်လောက်အထိ အဆိပ်ရှိကြောင်း ပြသနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးက ၉ ပွဲကစား၊ ၅ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံး ရမှတ် ၁၇ မှတ် အထိ စုဆောင်းထားနိုင်ပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်