နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက် ပစ်မှတ် အိုလစ်ဆီကို ဖြတ်ခုတ်ဖို့ ကြိုးစားမယ့် ချဲလ်ဆီး | ပရီးမီးယားလိဂ်

ချဲလ်ဆီး အသင်း ကတော့ သူတို့ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်လူ မိုက်ကယ် အိုလစ်ဆီကို ဖြတ်ခုတ်ဖို့ အတွက် အရှိန်ဟုန်မြှင့် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်က အသက် ၂၂ နှစ် အရွယ် အင်္ဂလန်-ပြင်သစ် တောင်ပံ ကစားသမား အိုလစ်ဆီကို ခေါ်ယူဖို့ စိတ်အားထက်သန်လျက် ရှိပြီး ပြီးခဲ့တဲ့ ရာသီမကုန်ခင် ကတည်းက သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးပါ အိုလစ်ဆီကို ဝင်ရောက် ကြိုးပမ်းလာတာကြောင့် ပြောင်းရွှေ့ကြေး ကလည်း ပိုပြီး များပြားသွားဖွယ် ရှိနေပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ တော့ဒ် ဘိုလေ စတင် ဝယ်ယူလိုက်ချိန်မှာ နာမည်ကြီး ကစားသမားတွေကို ငွေပုံအော ပေးပြီး ဝယ်ယူလေ့ ရှိပေမယ့် လက်ရှိ မှာတော့ လူငယ် ကြယ်ပွင့်တွေနဲ့သာ အသင်းကို တည်ဆောက်ဖို့ ပြင်ဆင်နေခဲ့ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်မှာ တော်တော်လေး ငွေသုံးကြမ်းခဲ့ပြီး ကိုင်စီဒို၊ ကိုးလ် ပါးလ်မားနဲ့ လာဗီယာ တို့ အတွက် စုစုပေါင်း ပေါင်သန်း ၂၀၀ ဝန်းကျင် သုံးစွဲကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ တော့ဒ်ဘိုလေ ဦးဆောင်တဲ့ ချဲလ်ဆီး ဘုတ် အဖွဲ့ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာလည်း ကစားသမား အများအပြားကို ခေါ်ယူ အားဖြည့်သွားဖို့ ရှိနေပေမယ့် လူငယ်ကစားသမားတွေကို ဦးစားပေး ခေါ်ယူဖို့ ရှိနေတာ ဖြစ်ပါတယ်။

အိုလစ်ဆီဟာ ခရစ္စတယ်ပဲလေ့စ်မှာ အီးဇီး၊ မက်တေးတား တို့နဲ့ တွဲဖက်ကာ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နေပြီး ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ၁၉ ပွဲ ကစားရာမှာ ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆ ကြိမ် အထိ ပြုလုပ်ထားပါတယ်။ အိုလစ်ဆီဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်တာကြောင့် သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင် သန်း ၆၀ နီးပါး အသုံးပြုရဖွယ် ရှိနေပါတယ်။

လက်တလော ချဲလ်ဆီးက နည်းပြ ပိုချက်တီနိုနဲ့လည်း လမ်းခွဲထားခဲ့တာကြောင့် နည်းပြသစ် ရောက်ရှိလာရင် ဘယ်လိုမျိုး ကစားသမားတွေကို ခေါ်ယူဦးမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ နည်းပြ နေရာ အတွက် သောမက်စ် တူချယ်၊ ဟိုဆေး မော်ရင်ဟို တို့လို ယခင် အသင်းကို နည်းပြခဲ့ဖူးသူတွေကို စိတ်ဝင်စားခြင်း မရှိတော့ပဲ အရည်အသွေးရှိတဲ့ လူငယ် နည်းပြတွေကို စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

အခုချိန်ထိတော့ အိုလစ်ဆီကို အမှန်တကယ် စိတ်ဝင်စားပြီး ကြိုးပမ်းနေတဲ့ အသင်းတွေ ဆိုလို့ ယူနိုက်တက်နဲ့ ချဲလ်ဆီး နှစ်သင်းသာ ရှိသေးပြီး မကြာခင်မှာတော့ တခြားသော ကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေကိုလည်း မြင်တွေ့ရနိုင်ဖွယ် ရှိနေပါတယ်။ အိုလစ်ဆီ အနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီး လာမယ့် ရာသီ ချဲလ်ဆီးနဲ့ ယူနိုက်တက် တို့ရဲ့ ဥရောပ ဝင်ခွင့် အပေါ်လည်း မူတည်လာနိုင်ပါတယ်။

လက်ရှိမှာ ချဲလ်ဆီးက ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့် ရရှိထားပြီး အကယ်၍ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ယူနိုက်တက် အနေနဲ့ မန်စီးတီးကို ရှုံးနိမ့်ခဲ့မယ် ဆိုရင်တော့ လန်ဒန် ကလပ် အနေနဲ့ ယူရိုပါလိဂ် ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်သာ လာမယ့် ရာသီ ဥရောပပြိုင်ပွဲ ကစားခွင့်မရခဲ့ရင် အိုလစ်ဆီ အနေနဲ့ ချဲလ်ဆီး ကိုပဲ ရွေးချယ်သွားဖို့ များနေတယ်လို့ ဆိုရပါမယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်