နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဇို ဖာနန်ဒက်စ်ကို ဗြိတိန် စံချိန်တင်ကြေးနဲ့ ကမ်းလှမ်းထားတဲ့ ချဲလ်ဆီး၊ ကိုင်စီဒိုကို မရရင် ဂျော်ဂျင်ဟိုကို ခေါ်ဖို့ စဉ်းစားလာတဲ့ အာဆင်နယ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

အန်ဇို ဖာနန်ဒက်စ်ကို ဗြိတိန် စံချိန်တင်ကြေးနဲ့ ကမ်းလှမ်းထားတဲ့ ချဲလ်ဆီး၊ ကိုင်စီဒိုကို မရရင် ဂျော်ဂျင်ဟိုကို ခေါ်ဖို့ စဉ်းစားလာတဲ့ အာဆင်နယ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၃၁ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အန်ဇို ဖာနန်ဒက်စ်ကို ဗြိတိန် စံချိန်တင်ကြေးနဲ့ ကမ်းလှမ်းထားတဲ့ ချဲလ်ဆီး

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ အာဂျင်တီးနား ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားနေပြီ ဖြစ်ပါတယ်။ ပေါ်တူဂီ ကလပ် ဘင်ဖီကာရဲ့ အဓိက ကစားသမား ဖြစ်တဲ့ အန်ဇို ဖာနန်ဒက်စ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ဒါဟာ စာချုပ်ပါ ဖျက်သိမ်းကြေးထက်တောင် ပေါင် ၁၀ သန်း များပြားနေတာ ဖြစ်ပါတယ်။

ဘင်ဖီကာ ဥက္ကဌ ရူအီ ကော်စတာ ကလည်း ဒီကမ်းလှမ်းမှု ရရှိ အပြီးမှာ ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ အတွက် သူ ကြိုတင် စီစဉ်ထားတဲ့ ညစာ စားပွဲ တစ်ခု ကိုပါ ဖျက်သိမ်းလိုက်ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးက ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ဖြစ်သလို တဖက်က တုံ့ပြန်လာမယ့် အနေအထားကို စောင့်ကြည့်နေပြီး ပေါ်တူဂီ ကလပ် ဘက်က သဘောတူမယ်လို့ မျှော်လင့်နေပါတယ်။

ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေပြီး အမှတ်ပေးဇယား အလယ်ကို ရောက်နေတဲ့ ချဲလ်ဆီးဟာ ကစားသမားသစ်တွေ ဆက်တိုက် ခေါ်ယူနေတာ ဖြစ်ပါတယ်။ ပေါင်သန်း ၄၀၀ ကျော်အထိ သုံးစွဲထားပြီး ဖြစ်ပေမယ့် နောက်ထပ် များပြားလှတဲ့ ငွေကြေးတွေကို သုံးစွဲဖို့ အသင့်ရှိနေပြီး အန်ဇို ဖာနန်ဒက်စ်က ဗြိတိန် စံချိန်တင် ကြေးရှင် ဖြစ်လာ မလား ဆိုတာ စောင့်ကြည့်ရပါတော့မယ်။


ကိုင်စီဒိုကို မရရင် ဂျော်ဂျင်ဟိုကို ခေါ်ဖို့ စဉ်းစားလာတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ် အသင်းဟာ ဘရိုက်တန် ကွင်းလယ်လူ မွိုင်ဆက် ကိုင်စီဒိုကို ပေါင်သန်း ၆၀ ကျော်နဲ့ ကမ်းလှမ်းထားခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရပါတယ်။ ဒါကြောင့် ကိုင်စီဒိုကို ခေါ်ယူဖို့ အဆင်မပြေခဲ့ဘူး ဆိုရင် အခြားသော ရွေးချယ်မှု အဖြစ် လန်ဒန် မြို့ခံ ပြိုင်ဘက် ချဲလ်ဆီးရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ပစ်မှတ်ထားလျက် ရှိတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ် အသင်းဟာ ဘရိုက်တန် ကွင်းလယ်လူ မွိုင်ဆက် ကိုင်စီဒိုကို ပေါင်သန်း ၆၀ ကျော်နဲ့ ကမ်းလှမ်းထားခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရပါတယ်။
ကိုင်စီဒိုကို ၂ ကြိမ် တိုင်တိုင် ကမ်းလှမ်းထားပေမယ့် ငြင်းပယ်ခံထားရတဲ့ အာဆင်နယ်

အာဆင်နယ်က ကိုင်စီဒို အတွက် ဘရိုက်တန်ကို ၂ ကြိမ် တိုင်တိုင် ကမ်းလှမ်းထားပြီး ၂ ကြိမ်စလုံး ငြင်းဆန်ခံခဲ့ရကာ နောက်ထပ် တစ်ကြိမ် ကမ်းလှမ်းမယ် ဆိုရင် နှစ်ဖက် အသင်းကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိခိုက်လာမယ်လို့ အာဆင်နယ်က စိုးရိမ်နေပါတယ်။ တဖက် မှာလည်း ချဲလ်ဆီးက ရာသီကုန်မှာ စာချုပ် သက်တမ်း ကုန်တော့မယ့် ဂျော်ဂျင်ဟိုကို ရောင်းချဖို့ တံခါးဖွင့်ထားတယ်လို့ ဆိုပါတယ်။

အန်ဇို ဖာနန်ဒက်စ်သာ ရောက်ရှိလာမယ် ဆိုရင် ဂျော်ဂျင်ဟိုကို ချဲလ်ဆီးက သေချာပေါက် ရောင်းချသွားဖွယ်ရာ ရှိနေပါတယ်။ ဒါကြောင့် အာဆင်နယ်က အခြား ရွေးချယ်မှု အဖြစ် ဂျော်ဂျင်ဟိုကို ပစ်မှတ်ထားလာတာပါ။ ဒါပေမယ့် ချယ်လ်ဆီး ကတော့ ပရီးမီးယားလိဂ်မှာ အဓိက ပြိုင်ဘက် ဖြစ်နေတဲ့ အသင်းဆီ သူတို့ရဲ့ ကွင်းလယ်လူကို ရောင်းချပါ့မလား ဆိုတာ စဉ်းစားစရာတော့ ရှိပါတယ်။


ဇီယက်ချ် အတွက် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ အသင့်ရှိနေတဲ့ ချဲလ်ဆီး

ဆက်စပ် သတင်းတွေ အရ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းဟာ ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီက ဟာကင်မ် ဇီယက်ချ်ကို အငှားနဲ့ ခေါ်ယူဖို့ အတွက် ကမ်းလှမ်းလာမယ် ဆိုရင် လက်ခံသွားဖို့ အသင့် ရှိနေတယ်လို့ သိရပါတယ်။ မော်ရိုကို တောင်ပံကစားသမား ကလည်း ချဲလ်ဆီးမှာ နှစ်ရာသီခွဲကြာ ကစားခဲ့ပြီးနောက်မှာ သူ့ရဲ့ အခြေအနေကို စိတ်ပျက်လက်ပျက် ဖြစ်နေတယ်လို့ သိရပါတယ်။

နယ်သာလန် ကလပ် အေဂျက်ဇ် ကနေ ပရီးမီးယားလိဂ်ကို ရောက်ရှိလာတဲ့ ဇီယက်ချ်ဟာ ဒီရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး အသင်းတွင်း အခြေအနေတွေ အပေါ် မှာလည်း နှစ်ခြိုက်မှု မရှိဘူးလို့ သတင်းတွေ ထွက်နေပါတယ်။ ပီအက်စ်ဂျီ ကလည်း ဇီယက်ချ်ရဲ့ ကမ္ဘာ့ဖလားတုန်းက ခြေစွမ်းကို သဘောကျနေပြီး တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ခေါ်ယူသွားမလား ဆိုတာ မကြာခင် သိရဖို့တော့ ရှိနေပါတယ်။

လက်ရှိမှာ နှစ်ဖက် အသင်းကြား သဘောတူညီမှု မရရှိသေးဘဲ ဆက်လက် ဆွေးနွေးနေဆဲလို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကနေ ထွက်ခွာပြီး ပြင်သစ် လီဂူးဝမ်းကို ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေတဲ့ ဇီယက်ချ် ကိုတော့ ရိုးမား၊ မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန် တို့ကလည်း သူ့ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်