နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမား အပြောင်းအရွှေ့မှာ ပေါင် သန်း ၄၀၀ နီးပါး ဆုံးရှုံးထားတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး အသင်း ကတော့ ပိုင်ရှင်သစ် တော့ဒ်ဘိုလေ လက်ထက်တွင် ကစားသမား အပြောင်းအရွှေ့တွေ ကနေ ဆုံးရှုံးမှု ပမာဏ ပေါင် သန်း ၄၀၀ နီးပါး အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ ဘိုလေ လက်ထက်မှာ ၄၂ ဦး ခေါ်ယူခဲ့ရာမှာ လက်ရှိအချိန်မှာ ဒီကစားသမားတွေထဲက အများစုဟာ ပြောင်းရွှေ့ကြေး တန်ဖိုးမှာ လျော့ကျသွားခဲ့တဲ့ အတွက် ဆုံးရှုံးမှု ပမာဏ ပေါင်သန်း ၄၀၀ နီးပါး ရှိလာခဲ့တာ ဖြစ်ကြောင်း The Sun က ဖော်ပြခဲ့သည်။

တော့ဒ်ဘိုလေ ဦးဆောင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလမှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို ဝယ်ယူခဲ့ပြီးနောက် အသင်းကို ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘိုလေဟာ ချဲလ်ဆီးကို ၂၀၂၂ ခုနှစ် မေလမှာ ဝယ်ယူခဲ့ပြီးနောက် လက်ရှိအချိန်မှာ လန်ဒန် ကလပ်ရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ အပြောင်းအရွှေ့ စျေးကွက် ၅ ခုကို ဖြတ်သန်းခဲ့ရာ မှာတော့ ကစားသမားသစ် ၄၂ ဦး အထိ ခေါ်ယူထားခဲ့ပြီး စုစုပေါင်း အသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ကြေး တန်ဖိုး ကတော့ ပေါင် ၁.၂၄၅ ဘီလီယံ အထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အပြောင်းအရွှေ့ကြေးတွေထဲမှာ အငှားစာချုပ် သက်တမ်း ပြည့်ချိန်မှသာ အပြီးသတ် ခေါ်ယူမယ့် ဂျေဒန် ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေး တန်ဖိုး ကိုလည်း ထည့်သွင်း တွက်ချက်ထားတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ အပြောင်းအရွှေ့ စျေးကွက် ၅ ခုကို ဖြတ်သန်းခဲ့ရာ မှာတော့ ကစားသမားသစ် ၄၂ ဦး အထိ ခေါ်ယူထားခဲ့ပြီး စုစုပေါင်း အသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ကြေး တန်ဖိုး ကတော့ ပေါင် ၁.၂၄၅ ဘီလီယံ အထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၁ ပွဲသာ ရထားသေးတဲ့ ချဲလ်ဆီး

ဆန်ချိုဟာ ပြောင်းရွှေ့ကြေး တန်ဖိုး မြင့်တက်နေတဲ့ ကစားသမား စာရင်းမှာ ပါဝင်နေပြီးတော့ သူ အပါအဝင် ကစားသမား ၁၀ ဦးရဲ့ ပြောင်းရွှေ့ကြေး တန်ဖိုး မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျန်ကစားသမား ၃၂ ဦးရဲ့ ပြောင်းရွှေ့ကြေး တန်ဖိုးတွေက လျော့ကျခဲ့ကြောင်း The Sun က ဖော်ပြခဲ့တာ ဖြစ်သည်။ ကစားသမား ၄၂ ဦးရဲ့ လက်ရှိစျေးကွက် တန်ဖိုး စုစုပေါင်းမှာ ပေါင် ၈၇၄ သန်းသာ ရှိတော့တဲ့ အတွက် ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေး တန်ဖိုးနဲ့ လက်ရှိ စျေးကွက် တန်ဖိုးအရ ချဲလ်ဆီး အသင်းရဲ့ ဆုံးရှုူံးမှုဟာ ပေါင် ၃၇၁ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။

တော့ဒ်ဘိုလေ လက်ထက် တန်ဖိုး အကြီးဆုံး ခေါ်ယူမှု အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ မွိုက်စ် ကိုင်စီဒိုဟာ ခေါ်ယူခဲ့စဉ်က ပေါင် ၁၁၅ သန်း ပေးချေခဲ့ရပေမယ့်လည်း လက်ရှိ စျေးကွက် တန်ဖိုး ကတော့ ပေါင် ၆၃.၁ သန်းသာ ရှိတော့တာလည်း ဖြစ်ပါတယ်။ ပေါင် ၁၀၇.၈ သန်း ပေးခဲ့ရတဲ့ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ လက်ရှိ စျေးကွက် တန်ဖိုး ကလည်း ပေါင် ၆၃.၁ သန်းသာ ရှိပါတော့တယ်။ ခေါ်ယူခဲ့စဉ်ကထက် တန်ဖိုး မြင့်တက်မှု အမြင့်ဆုံး ဖြစ်လာတဲ့ ကစားသမား ကတော့ ကိုးလ် ပါးလ်မား ဖြစ်ပြီး ခေါ်ယူခဲ့စဉ်က ပေါင် ၄၀.၁ သန်းသာ ရှိခဲ့ပေမယ့် လက်ရှိ ပေါက်စျေး ကတော့ ပေါင် ၆၇.၃ သန်း ရှိနေပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်