နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စံချိန်တင် ပြောင်းရွှေ့ကြေးကြောင့် ယုံကြည်မှု ပျောက်ဆုံးခဲ့ရကြောင်း ဝန်ခံလာတဲ့ ကိုင်စီဒို | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ ကွင်းလယ် ကစားသမား မွိုက်စ် ကိုင်စီဒို ကတော့ သူ့ရဲ့ ချဲလ်ဆီး ကစားသမား ဘဝ ပထမဦးဆုံးရာသီမှာ ဘယ်လောက်အထိ ရုန်းကန်ခဲ့ရသလဲ ဆိုတာကို ဖွင့်ဟလာခဲ့ပါတယ်။ ကိုင်စီဒိုရဲ့ ပြောကြားချက်အရ သူဟာ အလွန် ခက်ခဲခဲ့ပြီးတော့ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၁၅ သန်းကြောင့်လည်း ဖိအားတွေ ခံစားခဲ့ရသလို ယုံကြည်မှုတွေလည်း ပျောက်ဆုံးခဲ့ရတယ်လို့ ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကိုင်စီဒိုက “အစပိုင်းမှာ ကျွန်တော့် အတွက် အရမ်းကို ခက်ခဲခဲ့ပါတယ်။ ကြီးကျယ် ခမ်းနားတဲ့ ကလပ် အသင်းကို ရောက်လာသလို၊ ပြောင်းရွှေ့ကြေးကြောင့်လည်း ကျွန်တော့် အနေနဲ့ ပွဲတိုင်းကို အနိုင်ရဖို လိုအပ်ခဲ့တာပါ။ ဘရိုက်တန်မှာ ကစားတုန်းက ဖိအား သိပ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ချဲလ်ဆီး မှာတော့ ဘရိုက်တန်မှာနဲ့ မတူပါဘူး။ သမိုင်းကြောင်း ကြီးမားတဲ့ ထိပ်တန်း အသင်းကြီးမှာ ကစားရတာဟာ ဖိအား အရမ်းများပါတယ်။ ရာသီကုန်ခါနီး နောက်ဆုံး ၄၊ ၅ လလောက်မှ ကလပ်မှာ ကျွန်တော် နေသားကျခဲ့တာပါ။”လို့ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်မှာ ဘရိုက်တန် အသင်းရဲ့ အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒိုကို လစ်ဗာပူးလ်နဲ့ အပြိုင် ကြိုးပမ်းပြီး ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်း ပေးချေကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုင်စီဒို အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ် ကလပ်မှာ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ခြင်း မရှိဘဲ ပြိုင်ပွဲစုံ ၄၈ ပွဲ ကစားရာမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ကိုင်စီဒိုဟာ ၂၀၂၁ ခုနှစ်မှာ အီကွေဒေါ ကလပ် ကနေ ပရီးမီးယားလိဂ် ကလပ် ဘရိုက်တန်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးမှာ ပုံမှန် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ မွိုက်စ် ကိုင်စီဒို

ဆက်လက်ပြီး မွိုက်စ် ကိုင်စီဒိုက ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးကြောင့် သူ့အနေနဲ့ ယုံကြည်မှုပါ ပျောက်ဆုံးခဲ့ရကြောင်းလည်း အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။ ကိုင်စီဒိုက “ပြောင်းရွှေ့ကြေး ဖိအားကြောင့် ယုံကြည်မှုပါ ပျောက်ဆုံးခဲ့ရပါတယ်။ ကျွန်တော့်မှာ အရည်အချင်းရှိပြီး ကျွန်တော်က ဘယ်လို ကစားသမားမျိုးလဲ ဆိုတာကို ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ တစ်ခါတလေ စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာရှိလာတဲ့အခါ ကိုယ့်မှာ ရှိတဲ့ အစွမ်းအစတွေကို ပြသဖို့ ခက်ခဲပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ကိုင်စီဒိုဟာ ၂၀၂၁ ခုနှစ်မှာ အီကွေဒေါ ကလပ် ကနေ ပရီးမီးယားလိဂ် ကလပ် ဘရိုက်တန်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရိုက်တန်ကို ရောက်ရောက်ချင်းမှာ သူ့ အနေနဲ့ ၁ ပွဲသာ ပွဲထွက်ခွင့်ရခဲ့တဲ့ ဘယ်လ်ဂျီယံ ကလပ် ဘီယားစ်ချော့တ်ကို အငှားထွက်ကစားခဲ့ရပါတယ်။ အဲ့နောက် ၂၀၂၂ ခုနှစ် မှာတော့ ဘရိုက်တန်ကို ရောက်ရှိလာခဲ့ပြီး နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ၅၂ ပွဲ ကစားကာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဥရောပထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာတော့ ကိုင်စီဒိုက ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ကာ ပြီးခဲ့တဲ့ တစ်ရာသီလုံးမှာ ကိုင်စီဒို အနေနဲ့ ၄၈ ပွဲ ပါဝင်ကစားခဲ့ပါတယ်။ သူ့ရဲ့ ချဲလ်ဆီး အသင်း ကတော့ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် မှာ အဆင့် ၆ နေရာသာ ရရှိခဲ့ပြီး နည်းပြ ပိုချက်တီနို ကလည်း ရာသီကုန်မှာတွင် ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်