နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ အားပြိုင်မှုမှာ ဘေယန်မြူးနစ် ထွက်ခွာသွားပြီ ဖြစ်တာကြောင့် အာဆင်နယ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီး တို့က ခေါ်ယူနိုင်ဖို့ အခြေအနေ ပိုကောင်းလာကြောင်း သိရပါတယ်။ ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ် ကလပ် ၄ သင်းဟာ စပိန်ကြယ်ပွင့်ကို ခေါ်ယူချင်နေကြောင်း အစောပိုင်းမှာ ကတည်းက သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။
စပိန် လက်ရွေးစင် နီကို ဝီလီယမ်စ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ဥရောပ ထိပ်တန်း ကလပ်တွေကို အချိန်အတော်ကြာအောင် စွဲဆောင်ထားနိုင်ခဲ့ပါတယ်။ နီကို ဝီလီယမ်စ်ဟာ အင်္ဂလန်နဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးတော့ စပိန်တို့ ချန်ပီယံဆု ရရှိရာမှာ အဓိက နေရာကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ဒီကစားသမားကို ဘာစီလိုနာက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ ဆိုးရွားတဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် ခေါ်ယူနိုင်ခြင်း မရှိခဲ့ပဲ နီကို ဝီလီယမ်စ်ရဲ့ စပိန် အသင်းဖော် ဒန်နီ အော်လမိုကိုသာ ခေါ်ယူခဲ့ရပါတယ်။
နီကို ဝီလီယမ်စ် ကလည်း ဘီလ်ဘာအိုမှာ တစ်ရာသီ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး အခုရာသီမှာလည်း လာလီဂါ ကလပ် အတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားထားကာ ၉ ဂိုး သွင်းပြီး ၇ ဂိုး ဖန်တီးထားပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသနေတဲ့ စပိန်သားကို ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေက ပစ်မှတ်ထားနေပြီး အခုနွေရာသီမှာ သူ့ကို ခေါ်ယူနိုင်ဖို့ ထပ်မံ တိုက်ပွဲဝင်ကြရဦးမှာပါ။

ဘာစီလိုနာ ကတော့ နီကို ဝီလီယမ်စ်ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ပါဝင်နေဦးမှာ ဖြစ်ပြီးတော့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေဆဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် နှစ်သင်းဟာ နီကို ဝီလီယမ်စ်ကို အိမ်မက် ခေါ်ယူမှု အဖြစ်ပါ သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကတော့ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် ရှိရင်းစွဲ ကစားသမားတွေကို အရင်ဆုံး ရောင်းထုတ်ရဦးမှာ ဖြစ်ပြီး ပြီးမှသာ နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘေယန်မြူးနစ်က နီကို ဝီလီယမ်စ် လွန်ဆွဲပွဲ ကနေ နှုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း Sky Germany က ဖော်ပြခဲ့ပါတယ်။
လက်ရှိမှာ ဂျာမန် ထိပ်သီး တို့က နီကို ဝီလီယမ်စ်ကို လက်လျှော့လိုက်ပေမယ့် အစောပိုင်း ကတည်းက ချိတ်ဆက်ထားတဲ့ လေဗာကူဆင် ကြယ်ပွင့် ဖလော်ရီယန် ဝစ်ဇ်ရဲ့ အခြေအနေကို ဆက်လက် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဖလော်ရီယန် ဝစ်ဇ် ကိုတော့ ဘေယန်မြူးနစ် အပြင် ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီး တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ အစောပိုင်း သတင်းဖော်ပြချက်တွေ အရတော့ ဝစ်ဇ် ကိုယ်တိုင်က ဂျာမနီမြေမှာ ဆက်နေချင်ပြီး ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ ကစားချင်နေကြောင်း သိရပါတယ်။
အခုလို နီကို ဝီလီယမ်စ်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲ ကနေ ဘေယန်မြူးနစ် ထွက်ခွာသွားတာကြောင့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးက အနည်းငယ် လျော့ကျသွားဖွယ်လည်း ရှိနေပါတယ်။ ဒီကစားသမားဟာ ဘီလ်ဘာအိုနဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၅၈ သန်း (ပေါင် ၄၈.၅ သန်း) သာ ရှိနေတာကြောင့် အခုပမာဏဟာ စပိန်သားကို ခေါ်ယူချင်တဲ့ အသင်းတွေ အတွက် မတတ်နိုင်စရာ အကြောင်းတော့ မရှိပါဘူ။ ဘာစီလိုနာဟာ နီကို ဝီလီယမ်စ်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ထိပ်ဆုံးက ဦးဆောင်နေဆဲ ဖြစ်ပေမယ့်လည်း သူတို့ရဲ့ ငွေကြေး ပြဿနာတွေက ကစားသမားသစ်တွေ ခေါ်ယူရာမှာ အတားအဆီး ဖြစ်နေဦးမှာ သေချာပါတယ်။ ဒါကြောင့် အသက် ၂၂ နှစ် အရွယ် စပိန်သားလေးကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ပဲ အရ ခေါ်ယူသွားနိုင်မလား၊ ဒါမှမဟုတ် တခြား ကလပ်တွေပဲ ပါဝင်လာဦးမလား ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.