နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နှစ်ပေါင်း ၄၀ ကျော်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်နဲ့ ပြန်လည် ဆုံတွေ့ခွင့်ရခဲ့တဲ့ အက်စတွန်ဗီလာ | ပရီးမီးယားလိဂ်

ညက ကစားခဲ့တဲ့ ပွဲမှာ တော့တင်ဟမ်ဟော့စပါး အနေနဲ့ မန်စီးတီးကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အဆင့် ၄ နေရာကို အက်စတွန်ဗီလာတို့ အမိအရ ဆုပ်ကိုင်သွားနိုင်ခဲ့ပါတယ်။ နည်းပြ အူနိုင်း အမ်မရီဟာ အက်စတွန်ဗီလာကို နှစ် ၄၀ ကျော် အတွင်း ပထမဆုံး အကြိမ် အဖြစ် ဥရောပထိပ်တန်း ပြိုင်ပွဲ တစ်ခုကို ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အက်စတွန်ဗီလာဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် တစ်ပွဲ ကစားဖို့ ကျန်ရှိချိန်မှာ အဆင့် ၅ နေရာက စပါးကို ၅ မှတ် ဖြတ်တောက်နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိပြီးနောက် နည်းပြ အူနိုင်း အမ်မရီက အက်စတွန်ဗီလာဟာ သူတို့ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ပီတီတွေ အပြည့်နဲ့ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။


ဒါ့အပြင် ဗီလာဟာ ၁၉၉၅/၉၆ ဘောလုံး ရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ်မှာ အမြင့်ဆုံး အဆင့် ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဗီလာကို နှစ်ပေါင်း ၄၀ ကျော်ကြာမှ ချန်ပီယံလိဂ် ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ အူနိုင်း အမ်မရီ

အူနိုင်း အမ်မရီက အက်စတွန်ဗီလာရဲ့ ချန်နယ် ကနေ “ဒါဟာ အရမ်းကို ထူးခြားတဲ့ နေ့တစ်နေ့ပါပဲ။ ရာသီအစ ကတည်းက ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့က ကျွန်တော် တို့ရဲ့ အိပ်မက် ဖြစ်ခဲ့တာပါ။ ချန်ပီယံလိဂ် ကစားရတာက ပရီးမီးယားလိဂ် ပြီးရင် အကောင်းဆုံးပါပဲ။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ကမ္ဘာ့အကောင်းဆုံး အသင်းတွေနဲ့ ရင်ပေါင်တန်းပြီး ပရီးမီးယားလိဂ်မှာ ကစားရတာ အရမ်းကို ခက်ခဲပါတယ်။ ချန်ပီယံလိဂ်မှာ တခြားနိုင်ငံတွေက အကောင်းဆုံး အသင်းတွေနဲ့ ကစားရတာကျတော့ အံအားသင့်စရာပါ။ အက်စတွန်ဗီလာရဲ့ သမိုင်းကြောင်းက ရှည်လျားပြီး အောင်မြင်လွန်းတာကို ကျွန်တော်တို့ သိပါတယ်။ ချန်ပီယံလိဂ် မှာလည်း ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို တိုးမြှင့်ဖို့ တာဝန်ရှိလာပါပြီ။ အိမ်မက်တွေ အတိုင်း အကောင်အထည်ဖော်ဖို့ ကြိုးစားရမှာပါ။”

“ ကျွန်တော် ပိုပျော်ချင်ပါတယ်၊ နောက်နှစ်မှာ ကျွန်တော်တို့ အတွက် စိန်ခေါ်မှု အသစ်တွေ စတင်တော့မှာပါ။ အသင်း တစ်သင်းကို တစ်ဖန် ပြန်လည် တည်ဆောက်ဖို့၊ အင်အား အပြည့်နဲ့ ကျွန်တော် တို့ရဲ့ အဆင့်ကို အမြဲတမ်း မြှင့်တင်နိုင်ဖို့က အဓိက ရည်မှန်းချက်ပါ။” လို့ အူနိုင်း အမ်မရီက ပြောကြားသွားခဲ့ပါတယ်။

အူနိုင်းအမ်မရီနဲ့ အက်စတွန်ဗီလာ အသင်းသားတွေဟာ မနေ့ညက ကစားခဲ့တဲ့ စပါးနဲ့ မန်စီးတီး ပွဲကို စုဝေး ကြည့်ရှုခဲ့ကြပြီး ပွဲအပြီးမှာတော့ အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာဟာ ၁၉၈၁/၈၂ မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘေယန်မြူးနစ်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့ပြီး ၁၉၈၂-၈၃ မှာတော့ ကွာတားဖိုင်နယ် အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဗီလာတို့ UEFAရဲ့ ထိပ်တန်း ပြိုင်ပွဲတွေနဲ့ တောက်လျောက် လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် ဗီလာဟာ ၁၉၉၅/၉၆ ဘောလုံး ရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ်မှာ အမြင့်ဆုံး အဆင့် ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အူနိုင်း အမ်မရီဟာ ဒီရာသီမှာလည်း အက်စတွန်ဗီလာကို ယူရိုပါကွန့်ဖရင့်လိဂ် ဆီမီးဖိုင်နယ် အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် အိုလံပီယာကော့စ်ကို ရှုံးနိမ့်ကာ ဆုဖလား အောင်မြင်မှုနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်