နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သတင်းတွေ ထွက်နေတဲ့ အတိုင်း ယာအို ဖီးလစ်ကို ထပ်မံ ခေါ်ယူလိုက်ပြန်တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီး ကတော့ ကြိုတင် သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့အတိုင်း အက်တလက်တီကိုမက်ဒရစ်ရဲ့ တောင်ပံကစားသမား ယာအို ဖီးလစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ လန်ဒန် ကလပ်နဲ့ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပြီးလည်း ဖြစ်ကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ယာအို ဖီးလစ်ဟာ ချဲလ်ဆီးနဲ့ ၂၀၃၀ ခုနှစ် နွေရာသီအထိ ၆ နှစ် သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပြီး တစ်နှစ် သက်တမ်းတိုးခွင့်လည်း ပါရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် လာလီဂါ ထိပ်သီး ကလပ်မှာ မပျော်ရွှင် ဖြစ်နေတဲ့ ယာအို ဖီးလစ် တစ်ယောက် သူ ၆ လ အငှားနဲ့ သွားရောက် ကစားဖူးတဲ့ အသင်းကို အမှန်တကယ် ပြောင်းရွှေ့ ကစားခွင့် ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ တိုက်စစ်မှူးသစ် ထပ်မံ ခေါ်ယူဖို့ ကိစ္စတွေမှာ တော်တော်လေး ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။ အစောပိုင်းမှာ ချဲလ်ဆီးက ဂယ်လာဟာကို အက်တလက်တီကိုမက်ဒရစ်ဆီ ရောင်းချပြီးနောက် စပိန် လူငယ် တိုက်စစ်မှူး ဆာမူ အိုမိုရိုဒီယန်ကို ပြန်လည် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးက ရက်ပိုင်း အကြာမှာပဲ စိတ်ပြောင်းပြီး ဆာမူကို မခေါ်တော့ဖို့ ဆုံးဖြတ်ကာ ယာအို ဖီးလစ် ဘက်ကို မျှားဦးလှည့်သွားခဲ့တာပါ။ ဒါ့အပြင် မထင်မှတ်ပဲ ခေါ်ယူမှု အဖြစ် ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ရဲ့ ပေါ်တူဂီ တောင်ပံကစားသမား ပတ်ဒရို နီတို ကို ရုတ်တရက် ခေါ်ယူခဲ့ပါတယ်။

သတင်းတွေ အရ ဆိုရင် ချဲလ်ဆီးဟာ ယာအို ဖီးလစ်ကို ခေါ်ယူနိုင်ခဲ့ရင်တောင် သူတို့ရဲ့ ပစ်မှတ် ဖြစ်တဲ့ ဗစ်တာ အိုဆင်မ်ဟန် ကိုလည်း ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းသွားဦးမယ်လို့ သိရပါတယ်။ နာပိုလီ တိုက်စစ်မှူး အိုဆင်မ်ဟန်က ဒီနွေရာသီမှာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ နာပိုလီ ဘက်ကနေ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး မြင့်မားမှုကြောင့် အပြောင်းအရွှေ့ ပျက်ခဲ့ရသူ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေ အရတော့ ဗစ်တာ အိုဆင်မ်ဟန်ကို ချဲလ်ဆီးက မကြာခင်မှာပဲ ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖို့ ရှိနေပြီး ချဲလ်ဆီးရဲ့ ကမ်းလှမ်းချက်ထဲ မှာလည်း လူကာကူက တစ်စိတ် တစ်ပိုင်း အဖြစ် သေချာပေါက် ပါဝင်လာဖို့တော့ ရှိနေပါတယ်။ အဓိက အကြောင်းရင်း ကတော့ နာပိုလီ နည်းပြ ကွန်တီက သူ့ရဲ့ တပည့်ဟောင်း လူကာကူနဲ့ ပြန်လည် လက်တွဲချင်နေတာကြောင့် ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ကလပ်ရဲ့ တိုက်စစ်မှာ ကစားသမား ၁၄ ဦး အထိ ရှိနေပြီးတော့ လူကာကူ၊ ရာဟင်းမ် စတာလင်နဲ့ မူဒရစ်ခ် တို့ထဲကမှ တစ်ဦးဦးကို ရှင်းထုတ်ရဖို့တော့ ရှိနေပါတယ်။ ဒါ့အပြင်  အာမန်ဒို ဘရိုဟာနဲ့ ဖိုဖာနာ တို့ကိုလည်း အရောင်းစာရင်း တင်ထားတယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၁၁ ဦးအထိ တရားဝင် ခေါ်ယူထားနိုင်ခဲ့ပြီးတော့ ကစားသမား ၁၆ ဦး ကိုတော့ အငှား၊ အလွတ်၊ ပြောင်းရွှေ့ကြေးတွေနဲ့ ထွက်ခွာခွင့်ပေးထားတာ တွေ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်