ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ဘူကာယို ဆာကာကို ရက်သတ္တပတ် များစွာ လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။ ဒီသတင်း ကိုတော့ နည်းပြ ဖြစ်သူ မီခဲလ် အာတေးတားက အတည်ပြုခဲ့တာ ဖြစ်ပြီး နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဆိုရင် ဆာကာဟာ အနည်းဆုံး ၂ လောက် အနားယူရမယ်လို့ သိရပါတယ်။
ဆာကာ အနေနနဲ့ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာကြောင့် ပွဲချိန် ၂၄ မိနစ်တင်ပဲ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဆာကာက ချိုင်းထောက်နဲ့ ပြန်သွားခဲ့ရပြီး မီခဲလ် အာတေးတား ကလည်း ဆာကာရဲ့ ဒဏ်ရာ အခြေအနေကို စိုးရိမ်ရကြောင်း ပြောကြားထားခဲ့ပါတယ်။ အခု နောက်ဆုံး မှာတော့ အာတေးတားက ဆာကာ အနေနဲ့ ရက်သတ္တပတ် များစွာ အနားယူရမယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
အာတေးတားက “ကြည့်ရတာ အခြေအနေ မကောင်းပါဘူး။ သူ့ကို ရက်သတ္တပတ် များစွာ ဆုံးရှုံးရမှာပါ။ အရမ်း တိတိကျကျတော့ မပြောနိုင်သေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် အသေအချာ မသိလို့ပါ။ ဒါပေမယ့် ရက်သတ္တပတ် များစွာတော့ နားရမှာ သေချာပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် အကယ်ဒမီထွက် ကစားသမား ဖြစ်တဲ့ ဘူကာယို ဆာကာ ကတော့ စီနီယာ အသင်းကြီး အတွက် ၇ ရာသီ အတွင်း ပြိုင်ပွဲစုံ ၂၅၀ ကစားပြီး ၆၇ ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။ ဆာကာဟာ အသက်အရွယ် ငယ်သေးပေမယ့် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အတွက် အလွန် အရေးပါတဲ့ ကစားသမား ဖြစ်ပြီးတော့ Golden Boy အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ အခုလိုမျိုး ဆာကာ ဒဏ်ရာရရှိသွားချိန် သူ့နေရာကို ဘယ်ကစားသမားနဲ့ အစားထိုး ကစားမလဲ ဆိုတာ အာတေးတား တစ်ယောက် ခေါင်းကိုက်ရတော့မှာ ဖြစ်ပြီးတော့ ကျိန်းသေပေါက် နည်းစနစ်ပိုင်း အပြောင်းအလဲ လုပ်ရတော့မှာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ဆာကာ အနားယူရမည့် အချိန်ကာလကို ခန့်မှန်း သုံးသပ်မှုတွေ ပြုလုပ်လျက်ရှိနေကြပြီး မီဒီယာ တချို့ ကတော့ ရက်သတတ္တပတ် ၄ ပတ် ကနေ ၆ ပတ် ဝန်းကျင် အနားယူရမယ်လို့ ထင်ကြေးပေး သုံးသပ်နေကြတာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက လာတဲ့ သတင်းတွေ အရ ဆိုရင် အင်္ဂလန်သားလေးက အနည်းဆုံး ၈ ပတ်ဝန်းကျင်ခန့် အနားယူရဖွယ် ရှိနေကြောင်း ဖော်ပြထားခဲ့ပါတယ်။
အသက် ၂၃ နှစ် အရွယ် ဆာကာဟာ ဂန်းနားတွေ အတွက် အားထားရတဲ့ တောင်ပံ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်ပြီးတော့ ဒီရာသီ ပရီးမီးယားလိဂ် မှာ ၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် အထိ ပြုလုပ်ထားပါတယ်။ ဆာကာဟာ ဒီရာသီ ပြိုင်ပွဲစုံ ၂၄ ပွဲမှာ ၉ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ပေးထားပါတယ်။
ဆာကာဟာ ယခင် ကလည်း တံကောက်ကြော ဒဏ်ရာတွေ ရရှိခဲ့ဖူးပြီး သူ့အတွက် တတိယအကြိမ်မြောက် တံကောက်ကြော ဒဏ်ရာလည်း ဖြစ်ပါတယ်။ မီခဲလ် အာတေးတားက ဆာကာကို ကာလ အတန်ကြာ လက်လွှတ်ထားရမယ့် အခြေအနေက အသင်း အတွက် ကြီးမားတဲ့ အားနည်းချက် ဖြစ်လာနိုင်မှာကို လက်ခံပေမယ့် ဒီစိန်ခေါ်မှုကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း ပြောကြားထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.