နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖေဘီယန် ရူအစ်ဇ်ကို ပြောင်းလဲ စိတ်ဝင်စားလာတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အာဆင်နယ် ကတော့ အခုဒီနွေရာသီ အပြောင်းအရွှေ့မှာ အီတလီ ဗဟိုခံစစ်မှူး ရီကာဒို ကာလာဖီအိုရီကို ခေါ်ယူဖို့ သေချာသွားပြီးနောက် ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရည်အသွေးမြင့် ထိပ်တန်း ကစားသမားတွေကို စတင် ပစ်မှတ်ထားလာခဲ့ပြီး လက်ရှိမှာလည်း ပီအက်စ်ဂျီရဲ့ စပိန် ကွင်းလယ်လူ ဖေဘီယန် ရုအစ်ဇ်ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

နွေရာသီ အပြောင်းအရွှေ့ အစမှာ ပရီးမီးယားလိဂ် ကလပ်က အဲဗာတန်ရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ အမာဒူ အိုနာနာကို ချိန်ရွယ်ခဲ့ပေမယ့်လည်း အက်စတွန်ဗီလာက လက်ဦးမှု ရယူပြီး ခေါ်ယူသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ အာဆင်နယ်က ယူရို ၂၀၂၄ ချန်ပီယံ စပိန် အသင်းနဲ့ အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ မီခဲလ် မာရင်နိုကို ခေါ်ယူဖို့ ပြောင်းလဲ ပစ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း သတင်းတွေအရ ဆိုရင် အသက် ၂၈ နှစ် အရွယ် ဆိုစီဒက် ကွင်းလယ်လူကို လာလီဂါ ကလပ် ဘာစီလိုနာက ခေါ်ယူချင်နေသလို ကစားသမား ကိုယ်တိုင် ကလည်း ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အာဆင်နယ်က မာရင်နိုရဲ့ စပိန် အသင်းဖော်ဖြစ်တဲ့ ဖေဘီယန် ရုအစ်ဇ်ကို ပိုပြီး မျက်စိကျလာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် ကလပ်က ဘိုလော့ဂ်နာက ရီကာဒို ကာလာဖီအိုရီရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ရှိနေသလို နောက်ထပ် ကစားသမားတွေလည်း ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
အစောပိုင်းမှာ မီခဲလ် မာရင်နိုကို စိတ်ဝင်စားနေခဲ့တဲ့ အာဆင်နယ်

ဖေဘီယန် ရူအစ်ဇ် ကတော့ အာဆင်နယ်တို့ အစောပိုင်းက လိုချင်နေတဲ့ မာရင်နို လိုပဲ အသက် ၂၈ နှစ် အရွယ် ရှိနေပြီ ဖြစ်ပါတယ်။ ရုအစ်ဇ်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ကမှ နာပိုလီ ကနေ ပီအက်စ်ဂျီ အသင်းထံ ယူရို ၂၂.၅ သန်းတည်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ၂ ရာသီ အတွင်း ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ ၇၂ ပွဲ အထိ ကစားပေးထားခဲ့ရပေမယ့် ပွဲထွက် ကစားသမား အဖြစ် ကစားခဲ့ရတဲ့ ပွဲအရေအတွက်က နည်းပါးလွန်းခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ မှာလည်း ပီအက်စ်ဂျီ ဘက်က ပေါ်တူဂီ ဆယ်ကျော်သက် ကွင်းလယ်လူ ယာအို နီးဗက်စ် ကိုပါ ခေါ်ယူဖို လုပ်ဆောင်နေတာကြောင့် ရုအစ်ဇ်ရဲ့ ပြင်သစ် ကလပ်နဲ့ အနာဂတ်က တဖြည်းဖြည်း မှေးမှိန်လာပြီလို့ ပြောလို့ ရပါတယ်။ ဒီလို အခြေအနေမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကနေ ရုစ်ဇ်ကို ခေါ်ယူဖို့ အတွက် ပီအက်စ်ဂျီ အသင်းထံ ဆက်သွယ်လာခဲ့တာ ဖြစ်ပါတယ်။

သတင်းဖော်ပြချက်တွေ အရ ဆိုရင် အာဆင်နယ်ဟာ ဖေဘီယန် ရုစ်ဇ် အတွက် တစ်ရာသီ အငှား + အပြီးသတ် ခေါ်ယူခွင့် ကမ်းလှမ်းချက်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။ ဒီအပြောင်းအရွှေ့မှာလည်း နည်းပြ မီခဲလ် အာတေးတားက အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် ပတ်သက်ဖွယ်လည်း ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ကလပ်က ဘိုလော့ဂ်နာက ရီကာဒို ကာလာဖီအိုရီရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ရှိနေသလို နောက်ထပ် ကစားသမားတွေလည်း ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ နည်းပြ အာတေးတား ကတော့ အသင်းမှာ ကစားသမားသစ် ခေါ်ယူအားဖြည့်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေသေးတယ်လို့ ပြောဆိုမှုတွေ ရှိထားတာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်