နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သမိုင်းဝင် နိုင်ပွဲနဲ့ အတူ ကျိန်စာဆိုး အောက်က ရုန်းထွက်ခဲ့တဲ့ အာဆင်နယ် (ပရီးမီးယားလိဂ်)

အခုတစ်ပတ်ရဲ့ အကောင်းဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ အများစု မထင်ထားတဲ့ ရလဒ် ထွက်ပေါ်ခဲ့ပြီး အာဆင်နယ်က မန်စီးတီးကို အိမ်ကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

အဓိက ကစားသမား ဘူကာယို ဆာကာ မပါဝင်နိုင်တာကြောင့် ဂန်းနား ပရိသတ် အများစုက သူတို့ အသင်း ရုန်းကန်ရလိမ့်မယ်လို့ ကြိုတင် တွက်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ မီခဲလ် အာတေးတားရဲ့ အသင်းက အားလုံးမှားကြောင်း သက်သေပြသွားခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် ဘက်မှာ ဆာကာ မပါနိုင်ခဲ့သလို တစ်ဖက်က မန်စီးတီး မှာလည်း အဓိက ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ ဒီဘရိုင်းနားနဲ့ ရိုဒရီတို့ မပါလာခဲ့ပါဘူး။ ဒီအခြေအနေကပဲ ပပ်ရဲ့ အသင်းကို ရုန်းကန်သွားရစေပြီး ဂိုးရဖို့လည်း တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ တစ်သင်း အမှား တစ်သင်း စောင့်ကစားပြီး နည်းဗျူဟာ အားပြိုင်တဲ့ ပွဲဖြစ်လို့ အနည်းငယ် ပျင်းဖို့ကောင်းခဲ့ပါတယ်။

မန်စီးတီး ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အရှုံးနဲ့ အတူ ဇယား အဆင့် ၃ နေရာကို ဆင်းပေးခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့တဲ့ မန်စီးတီး

ပထမပိုင်း ပွဲကစားချိန် အတွင်း မန်စီးတီး ကွင်းလယ်လူ ကိုဗာချစ် ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှု ၂ ကြိမ်အထိ ကျူးလွန်ခဲ့ပေမယ့် ဒိုင်လူကြီးရဲ့ မျက်နှာသာပေးမှုကြောင့် ကွင်းထဲမှာ ဆက်ရှိနေခွင့်ရခဲ့တာ ကလည်း အံ့အားသင့်စရာ ဖြစ်ပါတယ်။

၀-၀ ရလဒ်နဲ့ပဲ ပွဲပြီးလောက်မယ်လို့ ထင်ခဲ့ကြပေမယ့် အာတေးတားရဲ့ မှန်ကန်တဲ့ လူစားလဲလှယ်မှုက အိမ်ရှင် အသင်းကို ဂိုးရသွားစေခဲ့ပြီး သောမက်စ် ပါတေးရဲ့ Long Pass နဲ့ တင်ပေးလိုက်တာကို တိုက်စစ်ထိ လိုက်ပါလာတဲ့ တိုမီယာဆုက ကိုင်ဟာဗက်ဇ်ကို ခေါင်းတိုက်ချပေးခဲ့ပါတယ်။ အဲ့နောက် ဟာဗက်ဇ် ပြန်ခင်းပေးတဲ့ ဘောလုံးကို မာတင်နယ်လီက ၁၈ ကိုက်စည်း ထိပ်ကနေ ပြေးဝင် ပိတ်သွင်းရာမှာ နေသန် အေခီရဲ့ မျက်နှာနဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ ပွဲစဉ်ရဲ့ အနှစ်ချုပ် ဖြစ်ပြီး အခု ဆက်လက်ပြီးတော့ နည်းပြ မီခဲလ် အာတေးတားနဲ့ အာဆင်နယ် အသင်း ပိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မန်စီးတီး ကို အနိုင်ယူပြီးနောက် ဂန်းနားတို့ ပိုင်ဆိုင်သွားတဲ့ မှတ်တမ်းကောင်းများ

* ၂၀၁၅ ဒီဇင်ဘာ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဂန်းနားတို့ဟာ မန်ချက်စတာစီးတီး အသင်းကို EPL မှာ ပြန်လည် အနိုင်ယူ ပြခဲ့ပါတယ်။

* ဂန်းနား နည်းပြ မီခယ်လ် အာတေးတားဟာ EPL ပြိုင်ပွဲအတွင်း သူ ရင်ဆိုင်တွေ့ထားတဲ့ အသင်းပေါင်း (၂၄) သင်း စလုံးကို အနိုင်ယူ ပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်

* အာဆင်နယ် နဲ့ စပါးစ် အသင်းတို့ဟာ ဒီရာသီ EPL ပွဲစဉ် (၈) ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ လုံးဝ မရှိသေးသော နှစ်သင်း အဖြစ် မှတ်တမ်း ဝင်နေခဲ့ပါတယ်။

* မန်စီးတီး နဲ့ပွဲဟာ ဂန်းနား နောက်ခံလူ ဂါဘရီရယ် အတွက် EPL ပွဲ (100)ပြည့်မြောက်ခဲ့တဲ့ ပွဲစဉ်ပါ ၊ ဒါဟာ ဂီဘာတိုဆေးလ်ဗား နောက်ပိုင်း အသင်းအတွက် EPL ပွဲ (၁၀၀)ပြည့်မြောက်တဲ့ ပထမဆုံးသော ဘရာဇီးလ်သား ဖြစ်လာစေခဲ့ပါတယ်။

ယူအီးအက်ဖ်အေ ယူရို 2024
ဆိုက်ပရပ်စ်
နော်ဝေး
1X2 သရေ @ 6.00
ပထမပိုင်း ဂိုးအောက် 1.00 @ 2.21
ဂိုးပေါင် 4-6 @ 3.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

* ဂါဘရီရယ် နဲ့ ဆလီဘာ ပွဲထွက် အတွဲအဖက်ဟာ ဒီရာသီ EPL (၅) ပွဲမှာ (၃)ဂိုး သာ ပေးထားရပါတယ် ၊ အဆိုပါ (၅)ပွဲမှာ (၃)ပွဲဟာ Big Six စာရင်းဝင် အသင်းတွေ နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

* ဒါးဗစ်ရာဟာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ စုစုပေါင်း (၆) ပွဲ ကစားထားရာမှာ Clean Sheet (၄)ပွဲ အထိ ရယူပေးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

* ဆလီဘာဟာ ဒီကနေ့ပွဲ အတွင်း Duels Won Rate ၁၀၀ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး ပြိုင်ဘက် အပေါ် ပြစ်ဒဏ်ကျူးလွန်မှု တစ်ကြိမ်မှ မရှိခဲ့သလို ၊ ပြိုင်ဘက်ရဲ့ ဖြတ်ကျော်မှုကို တစ်ကြိမ်မှ မခံခဲ့ရပါဘူး ၊ တဖက်မှာ မန်စီးတီး တိုက်စစ်မှူးအာလင်းဟာလန်းကို XG (0) အထိ ဖြစ်စေခဲ့ပါတယ်။

* အာဆင်နယ်ဟာ ဒီရာသီ ပြိုင်ပွဲစုံ မန်ချက်စတာမြို့ခံ အသင်းတွေ နဲ့ (၃)ပွဲ ရင်ဆိုင် ကစားထားရာမှာ (100)% Win Rate ရရှိထားပါတယ်။

* ကိုင်ဟာဗက်ဇ်ဟာ ဂန်းနားတို့ အတွက် နောက်ဆုံး ကစားထားတဲ့ EPL ပွဲစဉ် (၂)ပွဲဆက် Goal Contribution ပြုလုပ်နိုင်ခဲ့ပါတယ်။ (သွင်းဂိုး 1 ၊ ဖန်တီးမှု 1)

ပွဲအပြီးမှာတော့ အာဆင်နယ်တို့ မြို့ခံ ပြိုင်ဘက် စပါးနဲ့ ရမှတ်တူ ဂိုးကွာခြားချက်တူနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ပူးတွဲ ဦးဆောင်နိုင်ခဲ့ပါတယ်။ မန်စီးတီး ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အရှုံးနဲ့ အတူ ဇယား အဆင့် ၃ နေရာကို ဆင်းပေးခဲ့ရပါတယ်။ နိုင်ငံတကာ ပွဲစဉ် ရက်သတ္တပတ်တွေ ပြန်ရောက်လာပြီ ဖြစ်တဲ့ အတွက်ကြောင့်တော့ လာမယ့် (၂၁) ရက်နေ့မှ အမှတ်ပေးပွဲတွေ ပြန်ကစားမှာ ဖြစ်ပြီး အာဆင်နယ်က ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိသလို မန်စီးတီး ကတော့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်