နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကင်းကိုင်ရဲ့ နောက်ကျဂိုးနဲ့ အဖိုးတန် ၃ မှတ် ရခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) မှာတော့ အာဆင်နယ်က ဘရန့်ဖို့ဒ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေမှာ ဂိုးပြတ် အနိုင်ရထားခဲ့တဲ့ အာဆင်နယ်တို့ ဘရန့်ဖို့ဒ်ကိုတော့ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး ကိုင်ဟာဗက်ဇ်ရဲ့ နောက်ကျဂိုးကြောင့်သာ အဖိုးတန် နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်မှာ မာတင်နယ်လီနဲ့ ရာယာတို့ ပါဝင်လာခဲ့ခြင်း မရှိပဲ ဟာဗက်ဇ်ကို အထောင်ထားကာ ဆာကာ၊ ထရော့ဆက်ဒ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ဂျော်ဂျင်ဟို၊ ရိုက်စ်၊ အိုဒီဂတ် တို့ အထွက်အဖက်နဲ့ အတူ ခံစစ် မှာတော့ ဂါဘရီရယ်၊ ဆလီဘာ၊ ဘန်ဝှိုက်၊ ခီဗီယော၊ ရမ်းစ်ဒေးလ်တို့ ပါဝင်လာခဲ့ပါတယ်။ ဘရန့်ဖို့ဒ် မှာတော့ ဒဏ်ရာရနေတဲ့ ဘန်မီး၊ ဟစ်ကီ၊ အမ်ဘူအမ်မို၊ ပင်နော့ခ်၊ ဒါဆေးလ်ဗားနဲ့ ဟင်နရီ ကလွဲလို့ လူစုံပါဝင်လာခဲ့ပါတယ်။

ထုံးစံ အတိုင်း အာဆင်နယ်ဟာ ပြိုင်ဘက်ကို ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ စိန်ပြေ နပြေ ထိုးဖောက်ရင်း သွင်းဂိုးတွေ ရဖို့ ကြိုးစားခဲ့ပေမယ့် အနည်းငယ် ရှိန်နေတဲ့ ပုံစံကြောင့် ရုန်းကန်ခဲ့ရပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ ခံစစ်ပိတ်ကစားမှုကြောင့်လည်း မီခဲလ် အာတေးတားရဲ့ အသင်းက ဂိုးရဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၁၉ မိနစ် မှာ‌တော့ ဘန်ဝှိုက်ရဲ့ ကန်တင် ပေးပို့မှုကို ရိုက်စ်က လှလှပပ ခေါင်းတိုက် အဆုံးသတ်ခဲ့လို့ အာဆင်နယ်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာတော့ အာဆင်နယ်တို့ ချေပဂိုး ပြန်ပေးခဲ့ရပြီး ရမ်းစ်ဒေးလ်ရဲ့ Single Mistake ကနေ ဝစ်ဆာက အခွင့်ကောင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း မှာ‌တော့ အာဆင်နယ်တို့ တိုက်စစ် ပိုမြှင့်ခဲ့ပြီး ရိုက်စ်ရဲ့ ကန်ချက် ဘားတန်းထိ ထွက်ခဲ့တာနဲ့ ကိုင်ဟာဗက်ဇ်ရဲ့ ကန်ချက် တိုင်ဘေးနားက ထွက်သွားခဲ့တာကြောင့် အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။ ဒီလိုနဲ့ ပွဲကစားချိန် ၈၆ မိနစ် အရောက်မှာတော့ ဘန်ဝှိုက်ရဲ့ ကန်တင်ပေးပို့မှု ကနေ ကိုင်ဟာဗက်ဇ်က အပိုင်ခေါင်းတိုက်ပြီး အနိုင်ဂိုး သွင်းပေးခဲ့တာကြောင့် အာဆင်နယ်တို့ သက်ပြင်းချနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ထပ်ပြီး ချီးကျူးရမယ့် သူက ဒီကလန် ရိုက်စ် ဖြစ်ပြီး ဒီအင်္ဂလန် ကွင်းလယ်လူာ ၂၀၂၄ ခုနှစ် အတွင်း မှာတင် ဖန်တီးမှု (၄)ကြိမ် ၊ သွင်းဂိုး (၃)ဂိုး အထိ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ နောက်တစ်ယောက် ကတော့ ဒီနေ့ပွဲမှာ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ဘန်ဝှိုက် ဖြစ်ပါတယ်။ ဒီကစားသမား ကလည်း ခံစစ် အတွက် စိတ်ချရရုံသာမက တိုက်စစ် အတွက်ပါ အကျိုးပြုသူ ဖြစ်ကြောင်း သက်သေပြထားနိုင်ပြီ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဘာစီလိုနာ
နာပိုလီ
1X2 နာပိုလီ @ 3.64
ဂိုးပေါ် 2.75 @ 2.00
ဂိုးပေါင်း 0-1 @ 3.70
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နောက်တစ်ဦး ကတော့ ကိုင်ဟာဗက်ဇ် ဖြစ်ပြီး ဒီ ဂျာမန် ကစားသမား ကတော့ No.9 Role မှာ တဖြည်းဖြည်း အသားကျလာပြီလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ကိုင်ဟာ ဘရန့်ဖိုဒ် နဲ့ ပထမအကျော့တုန်းက အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့သလို ဒီပွဲမှာလည်း သူ့ရဲ့ ခေါင်းတိုက် အနိုင်ဂိုးဟာ အသင်း အတွက် အဖိုးတန် (၃) မှတ် ဖြစ်စေခဲ့ပါတယ်။

အာရွန် ရမ်းစ်ဒေးလ် ကတော့ အသင်းကို ခက်ခဲတဲ့ အခြေအနေ ရောက်အောင် သူ့ရဲ့ မဖြစ်သင့်တဲ့ အမှား က‌နေ တွန်းပိုခဲ့ပြီးနောက် ဒုတိယပိုင်း မှာတော့ အကောင်းဆုံးသော ကာကွယ်မှုတွေကို ပြန်လည် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်တို့ ဂိုးပြတ် နိုင်ပွဲတွေ ရပ်တန့်ခဲ့ရပေမယ့် ခြေစွမ်းပိုင်း အဆိုးကြီး မဟုတ်ခဲ့သလို အကောင်းကြီးလည်း မဟုတ်ခဲ့ပါဘူး။ ကစားသမား တစ်ဦးချင်းစီ အနေနဲ့ ဒီပွဲကနေ အားနည်းချက်တွေ အားသာချက်တွေကို သင်ခန်းစာယူနိုင်မှာ ပေါ်တိုနဲ့ အရေးပါတဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ် အတွက် အဆင်ပြေမှာပါ။

ဘာပဲပြောပြော ဒီနိုင်ပွဲက အာဆင်နယ် အတွက် အကျိုးရှိခဲ့ပြီး တစ်ဖက်မှာ အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ လစ်ဗာပူးလ်နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ဆုံနေချိန် အခွင့်ကောင်း ယူနိုင်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ အာဆင်နယ်ဟာ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပြီး လစ်ဗာပူးလ်နဲ့ မန်စီးတီး ပွဲရလဒ်ပေါ် မူတည်ပြီး အဆင့် ၁ (သို့) ၂ နေရာမှာ ရပ်တည်နိုင်တော့မှာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရပြီး တန်းဆင်းဇုန်နဲ့ ၅ မှတ် အကွာ အဆင့် ၁၅ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

အာဆင်နယ်ဟာ လာမယ့် မတ်လ ၁၃ ရက်နေ့မှာ ပေါ်တိုနဲ့ ချန်ပီယံလိဂ် ကစားရဖို့ ရှိပြီး ဘရန့်ဖို့ဒ် ကတော့ လာမယ့် စနေနေ့မှ ဘန်လေနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်