ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အာဆင်နယ် အသင်း ကတော့ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေခဲ့တာ ကြာပါပြီ။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကတည်းက အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း ခေါ်ယူနိုင်ခဲ့ခြင်း မရှိပဲ လာမယ့် အပြောင်းအရွှေ့မှာတော့ မဖြစ်မနေ ခေါ်ယူဖို့ လုပ်ဆောင်ရတော့မှာလည်း ဖြစ်ပါတယ်။
ဒါကြောင့် အာဆင်နယ်က ဥရောပရဲ့ ထိပ်တန်း တိုက်စစ်မှူး တော်တော်များများကို စောင့်ကြည့်လျက် ရှိပြီးတော့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ကလည်း ပစ်မှတ်ထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဗလာဟိုဗစ်ကို ယခင်ကတည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂျူဗင်တပ်စ် ကိုသာ ရွေးချယ်ခဲ့တာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ထပ်မံ ကြိုးပမ်းဖို့ စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။
အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆားဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ဟာ အခုရာသီမှာ ပုံမှန် ခြေစွမ်း ပြသနေခဲ့ပေမယ့်လည်း နည်းပြ သီယာဂို မော့တာရဲ့ နည်းစနစ်ပိုင်းနဲ့ အံမဝင်ကြောင်း ဝေဖန် သုံးသပ်ခံနေရသူလည်း ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ကာလရှည်ကြာ စိတ်ဝင်စားနေခဲ့ပြီးတော့ လက်ရှိမှာတော့ ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒူဆန် ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်နှင့် စာချုပ်သက်တမ်း ၁၈ လ ကျန်ရှိနေပြီးတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အနေနဲ့ ယူရို သန်း ၆၀နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ အီတလီ မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒူဆန် ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်မှာ ပျော်ရွှင်နေသလို၊ နည်းပြ သီယာဂို မော့တာနဲ့လည်း ဆက်ဆံရေး ကောင်းမွန်နေတာကြောင့် ဂျူဗင်တပ်စ် တာဝန်ရှိတွေက ဗလာဟိုဗစ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ ဗလာဟိုဗစ်ဟာ ၂၀၂၂ ခုနှစ်မှာ ဖီအိုရင်တီးနား ကနေ ဂျူဗင်တပ်စ်ကို ယူရို သန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ ၁၀၄ ပွဲမှာ ၄၃ ဂိုး သွင်းယူထားပါတယ်။ ဒါပေမယ့်လည်း ဗလာဟိုဗစ်ဟာ အပြောင်းအရွှေ့ရာသီ ရောက်တိုင်း အသင်းတိုင်းနဲ့ သတင်းတွေ ထွက်ပေါ်တတ်သူ ဖြစ်ပြီး သူ့ကို စိတ်ဝင်အစားဆုံး ကတော့ အာဆင်နယ် အသင်း ဖြစ်ပါတယ်။
ဗလာဟိုဗစ်က ဂျူဗင်တပ်စ်နဲ့ ၂၀၂၆ ခုနှစ် ဇွန်လ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။ ဗလာဟိုဗစ်ဟာ လက်ရှိ ကလပ် ဂျူဗင်တပ်စ်မှာ ဆုကြေးတွေ ထည့်သွင်း တွက်ချက်ရင် တစ်နှစ် လုပ်ခ လစာ ယူရို ၁၂ သန်း အထိ ရရှိနေပါတယ်။ ဒါဟာ အီတလီ စီးရီးအေ ကစားသမားတွေထဲ မှာတော့ လုပ်ခ လစာ အများဆုံး ရရှိနေတာလည်း ဖြစ်ပါတယ်။
အာဆင်နယ် ကတော့ သည် နောက်ပိုင်း ကစားတဲ့ ပွဲစဉ်တွေမှာ ရလဒ်ပိုင်း တောက်လျောက် ယိမ်းယိုင်နေခဲ့ပြီးတော့ ဘုန်းမောက်ကို ၂-၀၊ နယူးကာဆယ်အသင်းကို ၁-၀ ဂိုးနဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် အာဆင်နယ်က ပြီး စနေနေ့ ပွဲစဉ်တွေ အပြီးမှာတော့ ရမှတ် ၁၈ မှတ်နဲ့ စတုတ္တနေရာမှာ ရပ်တည်နေပြီး ဇယား ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့ ၇ မှတ် ကွာဟနေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.