ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ ဆာလာဟာ လာမယ့် ဇွန်လမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပြီးတော့ ကတ်တာလန် ကလပ်ဟာ လူးဝစ္စ ဒီးယက်ဇ် ကိုလည်း ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ကြောင်း သိရပါတယ်။
ဆက်စပ် သတင်းတွေ အရ ဘာစီလိုနာဟာ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို အာရုံစိုက်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာက အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အတွက် အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ဂါဗီနဲ့ ဖာရန်း တောရက်စ် တို့ကိုပါ အသုံးပြုနိုင်ခြေ ရှိနေပါတယ်။
စပိန် သတင်းစာ El Nacional ရဲ့ ဖော်ပြချက်အရတော့ လစ်ဗာပူးလ်ဟာ အဲလ်ဗာရက်ဇ် အတွက် ယူရို သန်း ၁၀၀ ကျော် သုံးစွဲဖို့ ဆန္ဒရှိနေပေမယ့်လည်း အက်တလက်တီကိုမက်ဒရစ် ကတော့ သူတို့ရဲ့ အာဂျင်တီးနား လက်ရွေးစင်ကို ရောင်းချဖို့ ရည်ရွယ်ချက် မရှိကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဘေယန်မြူးနစ် ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ လီရွိုင်း ဆာနေးရဲ့ အခြေအနေကို ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ် ကတော့ အထောင် တိုက်စစ်မှူး အပြင် ဆာကာရဲ့ အရန် အဖြစ် အဆင်သင့် အသုံးပြုနိုင်မယ့် တောင်ပံ ကစားသမား တစ်ဦး ကိုလည်း ခေါ်ယူဖို့ စီစဉ်ထားလျက် ရှိနေပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ ဘာစီလိုနာရဲ့ ဘယ်လွန်ဒေါဆု အလောင်းအလျာ ရာဖင်ညာကို ယူရို သန်း ၈၀ ကျော်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရာဖင်ညာ ကတော့ လိဒ်စ်ယူနိုက်တက် ကနေ ဘာစီလိုနာကို မပြောင်းရွှေ့ခင်က မန်စီးတီးနဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ချဲလ်ဆီး ကတော့ သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမားဟောင်း လက်ရှိ နော့တင်ဟမ်ဖောရက်စ်မှာ ကစားနေတဲ့ အိုလာ အေနာကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ အေနာကို လွန်ခဲ့တဲ့ ၆ နှစ်က စီးရီးအေ ကလပ် တိုရီနို အသင်းထံ ပေါင် ၈.၇ သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ကတော့ မန်စီးတီးနဲ့ စာချုပ်သစ် အတွက် ဆွေးနွေးလိုနေပြီး သူ့ရဲ့ စာချုပ်သက်တမ်း ကတော့ ၂၀၂၆ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ အသင်းရဲ့ လူငယ် ဗဟိုခံစစ် ကစားသမား ရာအူးလ် အဆန်စီယိုကို စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာပါတယ်။ အဆန်စီယို ကတော့ အသက်နဲ့ မလိုက်အောင် ရီးရဲလ်ခံစစ်ကြောင်းမှာ ခြေစွမ်းပြနေပြီးတော့ ကစားသမားဟောင်း ဆာဂျီယို ရာမို့စ် လက်သစ်လို့ တင်စားခံနေရသူလည်း ဖြစ်ပါတယ်။
ဘေယန်မြူးနစ် ကွင်းလယ်လူ ယာအို ပေါ်လင်ဟာ ကတော့ ဘေယန်မြူးနစ်မှာ စိတ်ပျက်စရာ ရာသီတစ်ခုကို ဖြတ်သန်းနေရပေမယ့်လည်း အသင်း ကနေ ထွက်ခွာဖို့ ဆန္ဒမရှိကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.