နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ထရိုဆာ့ဒ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ အာဆင်နယ်၊ စပါးကို ၂ ဂိုး အရှုံး ကနေ ပြန်လည် အနိုင်ယူပြခဲ့တဲ့ မန်စီးတီး (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ထရိုဆာ့ဒ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ အာဆင်နယ်၊ စပါးကို ၂ ဂိုး အရှုံး ကနေ ပြန်လည် အနိုင်ယူပြခဲ့တဲ့ မန်စီးတီး စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၀ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ထရိုဆာ့ဒ်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်တို့ ဘရိုက်တန်မှာ နည်းပြ ဖြစ်သူနဲ့ အဆင်မပြေဖြစ်ပြီးနောက် အသင်း ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့တဲ့ လီအန်ဒရို ထရိုဆာ့ဒ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒီကစားသမား အတွက် အာဆင်နယ်ဟာ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း ပေးချေရမှာ ဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ပြီး မကြာခင်မှာပဲ နှစ်ဖက် အသင်းကြား သဘောတူညီမှု ရခဲ့တာပါ။ 

ထရိုဆာ့ဒ်ဟာ ဒီရာသီမှာ ဘရိုက်တန် အတွက် ခြေစွမ်းပြနေသူ ဖြစ်ပြီး ပြိုင်ပွဲစုံ ၁၇ ပွဲမှာ ၇ ဂိုး သွင်းယူကာ ၃ ကြိမ် အထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အသင်း အတွက် အားအထားရဆုံး ကစားသမား တစ်ဦး ဖြစ်ပြီး ဘယ်လ်ဂျီယံသားက ဘယ်တောင်ပံမှာ သာမက တိုက်စစ်နေရာစုံမှာ ကစားနိုင်သူ ဖြစ်ပါတယ်။ အာဆင်နယ် မှာတော့ မာတင်နယ်လီနဲ့ နေရာလုရမှာလည်း ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်နေတဲ့ အာဆင်နယ်က အသင်း လူစာရင်းကို ပိုမို တောင့်တင်းအောင် ဖြည့်ဆည်းခဲ့တာလည်း ဖြစ်ပါတယ်။ အာဆင်နယ် တိုက်စစ်မှာ မာတင်နယ်လီကို ပွဲတိုင်းနီးပါး အသုံးပြုနေရပြီး ထရိုဆာ့ဒ် ရောက်ရှိလာပြီ ဖြစ်လို့ အလှည့်ကျ ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ကာ နည်းပြ အာတေတာ အတွက် အလှည့်အပြောင်းတွေ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။


စပါးကို ၂ ဂိုး အရှုံး ကနေ ပြန်လည် အနိုင်ယူပြခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီး ကတော့ အိမ်ကွင်းမှာ တော့တင်ဟမ်ဟော့စပါးကို လက်ခံ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နောက်က လိုက်ကစားပြီး အနိုင်ယူခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီး ကတော့ အိမ်ကွင်းမှာ တော့တင်ဟမ်ဟော့စပါးကို လက်ခံ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နောက်က လိုက်ကစားပြီး အနိုင်ယူခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို အရေးနိမ့်ခဲ့လို့ ဖိအားတွေ များနေတဲ့ မန်စီးတီးဟာ ဒီပွဲမှာလည်း ပထမပိုင်း ပြီးခါနီးမှာ ကူလူဆက်ဗ်စကီးနဲ့ ရွိုင်ရယ် အီမာဆန် တို့ရဲ့ ဂိုးတွေကြောင့် ၂-၀ နဲ့ အရေးနိမ့်နေခဲ့ရပါတယ်။ 

ဒါပေမယ့် ဒုတိယပိုင်း ပြန်စပြီး ၈ မိနစ် အတွင်းမှာပဲ အယ်လ်ဗာရက်ဇ်နဲ့ အာလင်း ဟာလန်း တို့က ချေပဂိုးတွေ ဆက်တိုက် သွင်းယူပေးခဲ့လို့ အသက်ရှူချောင်ခဲ့ရပြီး ၆၃ မိနစ်နဲ့ မိနစ် ၉၀ မှာ မာရက်ဇ်က ၂ ဂိုး ဆက်တိုက် သွင်းယူခဲ့လို့ ၄-၂ နဲ့ ပြန်လည် အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ အာဆင်နယ်ထက် တစ်ပွဲ ပိုကစားထားပြီး ၅ မှတ် အကွာ ကနေ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

စပါး ကတော့ ဒီပွဲကို အရေးနိမ့်ခဲ့တာကြောင့် အဆင့် ၅ နေရာမှာ ရမှတ် ၃၃ မှတ်နဲ့ ရပ်တည်နေပြီး ဖူလ်ဟမ်၊ ဘရိုက်တန် တို့ရဲ့ ဖိအားပေးမှု ကိုပါ ရင်ဆိုင်နေရပါပြီ။ အန်တိုနီယို ကွန်တီရဲ့ အသင်းဟာ ဥရောပ ဝင်ခွင့် တစ်နေရာ အတွက် ရုန်းကန်ရတော့မှာ ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၁ ပွဲ တည်းသာ အနိုင်ရခဲ့ပြီး ၃ ပွဲ အထိ ရှုံးနိမ့်ထားခဲ့ပါတယ်။ 


နိုင်နေတဲ့ အချိန်မှ အားမပေးဖို့ မန်စီးတီးပရိသတ်တွေကို ဂွာဒီယိုလာ တောင်းဆို

ပရီးမီးယား လိဂ်
အာဆင်နယ်
မန်ချက်စတာ ယူနိုက်တက်
1X2 သရေ (Draw) @ 3.50
ဂိုးပေါ် 2.75 @ 1.94
ဂိုးပေါင်း 2-3 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်ချက်စတာစီးတီး အသင်း နည်းပြ ပပ် ဂွာဒီယိုလာက စပါးကို အရှုံး ကနေ အနိုင်ရအောင် ကစားခဲ့တဲ့ ပွဲအပြီးမှာ အသင်း ပရိသတ်တွေကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ မန်စီးတီးဟာ ပထမပိုင်းမှာ စပါးကို ၂ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၄ ဂိုး ပြန်သွင်းပြီး ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် အဆင့် ၁ နေရာက အာဆင်နယ်ကို ၅ မှတ် အကွာနဲ့ ဒုတိယနေရာ ကနေ ဆက်ပြီး ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး ပရိသတ်တွေဟာ ဒီပွဲမှာ အသင်းကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ဂွာဒီယိုလာက “ ကျွန်တော် တို့ရဲ့ ပရိသတ်တွေက ၄၅ မိနစ်လောက်ကို အသံတိတ်နေကြတာပါ။ ကျွန်တော့် ပရိသတ်တွေကို ကျွန်တော် ပြန်လိုချင်ပါတယ်။ ဒီမှာ ရှိတဲ့ ကျွန်တော့် ပရိသတ်တွေကို လိုချင်တာပါ။ အဝေးကွင်း ပရိသတ်တွေ မဟုတ်ဘူး။ သူတို့က အကောင်းဆုံးတွေပါပဲ”

“ စပါး အသင်းက ကျွန်တော်တို့ တွေ့ဆုံခဲ့တဲ့ ပြိုင်ဘက်တွေ ထဲက အခက်အခဲဆုံး ပြိုင်ဘက်တွေ ထဲက တစ်သင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှုံးလို့ လှောင်ပြောင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းမွန်ခဲ့ပြီး၊ အခွင့်အရေးတွေ ပိုပြီးရခဲ့ပါတယ်” လို့ ဆိုခဲ့ပါတယ်။မန်စီးတီးဟာ တနင်္ဂနွေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဝုဗ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်