ပရီးမီးယားလိဂ် ဂန္တဝင် ကစားသမားဟောင်း အလန်ရှီးယား ကတော့ လစ်ဗာပူးလ် အနေနဲ့ ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူသင့်ကြောင့် တိုက်တွန်းလာခဲ့ပါတယ်။ အလန်ရှီးယားက ကိန်းဟာ အမြဲတမ်း ဂိုးတွေ သွင်းယူနိုင်သူ ဖြစ်တာကြောင့် လစ်ဗာပူးလ် အတွက် ရွေးချယ်မှုကောင်း တစ်ခု ဖြစ်လာလိမ့်မယ်လို့ အကြံပြုခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေဆဲ အလန်ရှီးယားက “ဟယ်ရီကိန်းက စက်တစ်လုံးလိုပါပဲ၊။ သူက အမြဲတမ်း ဂိုးတွေ သွင်းပေးမယ်။ သူ့ရဲ့ အသက်အရွယ်ကို ဘေးဖယ်ထားလိုက်ပါ။ သူ့ကို အခွင့်အရေးတွေ ဒါမှမဟုတ် ဘောလုံးကို ပင်နယ်တီ ဧရိယာထဲ ပို့ပေးမယ် ဆိုရင် ဘောလုံးကို သေချာပေါက် ဂိုးပေါက်ထဲ ထည့်ဖို့ နည်းလမ်း ရှာတွေ့မှာပါ။ ဒါက ဂိုးသွင်းကောင်းသူ တစ်ယောက်ရဲ့ လက္ခဏာ အပြည့်ရှိပါတယ်။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “လစ်ဗာပူးလ် အနေနဲ့ ဒီနွေရာသီမှာ တိုက်စစ်မှူး ရှာဖွေမယ် ဆိုတာ ကျွန်တော် သံသယ မရှိပါဘူး။ ကိန်းက သူတို့ အတွက် ရွေးချယ်မှုကောင်း တစ်ခု ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ အသင်းရဲ့ အဆင့်အတန်းနဲ့ ဂိုးတွေ သွင်းယူပေးနိုင်မှာမို့လို့ပါ။ ဟယ်ရီကိန်းက ဂျာမနီမှာ ဆက်နေဖို ဆုံးဖြတ်မလား ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ဆုံးဖြတ်မလား၊ သူ့မှာ ရွေးချယ်စရာတွေ ရှိပါလိမ့်မယ်။ ကျွန်တော် အမြဲတမ်း ပြောခဲ့တာက သူ ပရီးမီးယားလိဂ် ကို ပြန်လာမယ် ဆိုရင် ကျွန်တော့်ရဲ့ စံချိန်ကို ချိုးဖျက်ဖို့ အရမ်းကောင်းတဲ့ အခွင့်အရေး ရှိပါလိမ့်မယ်။” လို့ ရှီးယားက ပြောကြားခဲ့ပါတယ်။

ကိန်းဟာ တော့တင်ဟမ်ဟော့စပါး အတွက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ အင်္ဂလန် တိုက်စစ်မှူးဟာ ၂ဝ၂၃ ခုနှစ် နွေရာသီမှာ သူနှစ်ပေါင်း များစွာ ကျင်လည်ခဲ့တဲ့ စပါးနဲ့ လမ်းခွဲပြီး ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိမှာ ကိန်းက ဘေယန်မြူးနစ်မှာ ဒုတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေပြီး ဂိုးတွေ ဆက်လက် သွင်းယူနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိန်းဟာ ပွဲဦးထွက်ရာသီမှာ ဆုဖလား မရရှိခဲ့ပေမယ့် ဒီရာသီ မှာတော့ ဖလားရဖို့တော့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိန်းဟာ ထူးဆန်းစွာနဲ့ ဘေယန်မြူးနစ်ကို စွန့်ခွာပြီး ပရီးမီးယားလိဂ်မှာ တကျော့ပြန်လည် ကစားဖို့ ရှိနေတယ် ဆိုပြီး သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာပါ။ အားလုံးထဲကမှ ဟယ်ရီကိန်းကို ခေါ်ယူဖို့ လစ်ဗာပူးလ်က သတင်းတွေ အထွက်ဆုံး ဖြစ်နေပြီး အလန်ရှီးယား ကလည်း အခုလိုပဲ တိုက်တွန်းသွားခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ရှီးယားက “ကျွန်တော်က သူ့ကို အားပေးသူတွေထဲက တစ်ယောက်ပါ။ ကျွန်တော့်ရဲ့ ပရီးမီးယားလိဂ် စံချိန်က ထာဝရ တည်မြဲနေမှာ မဟုတ်ပါဘူး။ ကျွန်တော် စာရင်းထိပ်မှာ ဦးဆောင်နေတာ ဘယ်လောက်ကြာခဲ့ပြီလဲ မသိပေမယ့် ထိပ်တန်း ကစားသမားတွေ အများကြီး ရှိနေတဲ့ ဒီနေရာမှာ ရှိနေရတာ ဂုဏ်ယူစရာပါ။ ဒီစံချိန်က တစ်နေ့မှာ ကျိုးပျက်သွားပါလိမ့်မယ်။ အဲဒီအခါ ဟယ်ရီသာ စံချိန်ချိုးသူ ဖြစ်လာမယ် ဆိုရင် ကျွန်တော်က သူ့ကို ပထမဦးဆုံး ဂုဏ်ပြု လက်ဆွဲ နှုတ်ဆက်မယ့်သူ ဆိုတာ သူ သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆုကို ထိုက်တန်သူ တစ်ယောက် ရှိလာရင် အဲဒါ သူပဲ ဖြစ်လို့ပါ။” လို့ ဆိုပါတယ်။
ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးမှာ ပြိုင်ပွဲစုံ ၄၃၄ ပွဲ ကစားပြီးတော့ ဂိုး ၂၈၀ သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ကိန်းက ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ ကစားချိန်မှာလည်း ပထမရာသီမှာ ၄၄ ဂိုးသွင်းကာ ၁၂ ဂိုး ဖန်တီးပေးခဲ့ပြီး ဒီရာသီ မှာတော့ ၃၂ ဂိုး သွင်းကာ ၉ ကြိမ် ဖန်တီးထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.