နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ငံတကာ အားလပ်ရက် အတွင်း တန်ဟက်ဂ် အပြီးသတ် ဖြေရှင်းထားရမယ့် ကိစ္စ ၅ ခု (ပရီးမီးယားလိဂ်)

ယူနိုက်တက် အဲရစ်ခ် တန်ဟက်ဂ်ဟာ ဘရန့်ဖို့ဒ်ကို နောက်ကနေ အနိုင် လိုက်ကစားနိုင်ခဲ့ပြီးနောက် သက်ပြင်းချနိုင်ခဲ့မှာ ဖြစ်ပေမယ့်လည်း အဲ့ဒီ ပရီးမီးယားလိဂ် နိုင်ပွဲက အရာအားလုံးကို ကုစားပေးနိုင်မှာ မဟုတ်ပါဘူး။

အောက်တိုဘာလ နိုင်ငံတကာ ပွဲစဉ် အားလပ်ရက် နှစ်ပတ် အပြီးမှာ မန်ချက်စတာယူနိုက်တက်ဟာ နိုင်ပွဲ မရှိသေးတဲ့ ရှက်ဖီးလ် ယူနိုက်တက်နဲ့ ရင်ဆိုင်သွားရာမှာ ဖြစ်ပြီး တန်ဟက်ဂ် အနေနဲ့ ဒီအားလပ်ရက် အတွင်းမှာ အပြီးသတ် ဖြေရှင်းပြီးသား ဖြစ်ရမယ့် ကိစ္စ ၅ ခု ရှိနေပါတယ်။


၁။ ဆန်ချိုနဲ့ ပြဿနာ

ဂျေဒန် ဆန်ချိုဟာ ပြီးခဲ့တဲ့ ရာသီ တန်ဟက် လက်အောက်မှာ ပုံမှန် ခြေစွမ်းအချို့ ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ အခြေအနေတွေက အဆိုးရွားဆုံး အနေအထားကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ဂ်ရဲ့ လူသိရှင်ကြား ဖောင်းထုမှုကို သည်းမခံနိုင်တဲ့ ဆန်ချိုက တဖန်ပြန်ကစ်လိုက်ချိန်မှာ ပြဿနာက ပိုရှုပ်သွားပြီး ဒေါ့မန် ကြယ်ပွင့်ဟောင်း အနေနဲ့ အိုးထရက်ဖို့ဒ်က လူစာရင်းထဲ ဒီတသက် ပြန်ပါနိုင်တော့မယ့်ပုံ မပေါ်တော့ဘဲ ဒီတိုင်းသာ ဆိုရင် ဇန်နဝါရီမှာ စျေးရတုန်း အမြန်ရောင်းထုတ်ဖို့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဆန်ချိုကို အသင်းဟောင်း ဒေ့ါမန်နဲ့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် တို့က ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။


၂။ ဆုံးဖြတ်ရမယ့် ခံစစ် အစီအစဉ်

ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ၁၀ ပွဲ ကစားထားရာမှာ ၂ ပွဲသာ ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပေးဂိုး မရှိတဲ့ ပွဲစဉ်တွေ ကလည်း ကန်သမျှ ရှုံးနေတဲ့ ဘန်လေနဲ့ အိုနာနာရဲ့ ပြစ်ဒဏ် ကျူးလွန်မှုကြောင့် ပင်နယ်တီ ရသင့်တယ်လို့ ခံစားခဲ့ရတဲ့ ဝုဗ် တို့နဲ့ ပွဲတွေမှာ ရခဲ့တာပါ။ ဒီလို ခံစစ်မျိုးနဲ့ ဆက်ကစားဖို့က မဖြစ်နိုင်ဘဲ ပြီးခဲ့တဲ့ ရာသီတုန်းက တတိယရခဲ့တယ် ဆိုတာ ကလည်း ဗာရန်း၊ မာတီနက်ဇ်တို့ တော်တော်လေး ကောင်းခဲ့ကြလို့ပါ။ ဒီဟာက ဒီရာသီမှာ အဖြေပေါ်လာပြီး မာတီနက်ဇ်နဲ့ လုခ် ရှောတို့ နာနေချိန်မှာ ရလဒ်တွေ ဆိုးရွားနေပြီး တန်ဟက်ဂ် အနေနဲ့ အစီအစဉ် အသစ်ကို ရှာဖွေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တခြား သုံးစရာလူလည်း မရှိတာကြောင့် မက်ဂွိုင်းယား ကိုပဲ ဘုရားတပြီး သုံးရတော့မှာ ဖြစ်ပါတယ်။


၃။ ဘုန်း တစ်ဂိုးရှင် အိုနာနာ

ကင်မရွန်း ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီ အင်တာမီလန်မှာ လက်စွမ်းကောင်း ပြသခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲပါ တက်နိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ကို ရောက်တော့မှ အတိတ်မေ့သလို ရွှေပျောက်သလို ဖြစ်နေပါတယ်။
ယူနိုက်တက်မှာ ပွဲတိုင်းလိုလို ဂိုးပေးနေရတဲ့ အိုနာနာ

ပြီးခဲ့တဲ့ရာသီ ရွှေလက်အိတ်ဆုရှင် ဒါးဗစ် ဒဟဲယားကို ကန်ထုတ်ပြီး တန်ဟက်ဂ် ကိုယ်တိုင် ခေါင်းခံပြီး ခေါ်ချလာတဲ့ အိုနာနာ ကတော့ ရောက်ရောက်ချင်းကို ဆောက်နဲ့ ထွင်းနေခဲ့ပါတယ်။ ကင်မရွန်း ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီ အင်တာမီလန်မှာ လက်စွမ်းကောင်း ပြသခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲပါ တက်နိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ကို ရောက်တော့မှ အတိတ်မေ့သလို ရွှေပျောက်သလို ဖြစ်နေပါတယ်။ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်က မားသီးယပ်စ် ဂျန်ဆန် အဖွင့်ဂိုး သွင်းတဲ့ နေရာမှာ ဒဟဲယားသာ ဆိုရင် ခြေထောက်နဲ့တောင် ရှင်းထုတ်နိုင်မှာ ဖြစ်ပေမယ့် ဖုန်းတစ်ဂိုးရှင် အိုနာနာ ကတော့ မလိုအပ်ဘဲ ဒိုင်ဗင်ထိုး ဖမ်းပြီး ဂိုးထဲ ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ဂ် အနေနဲ့ ဒီလို မွှေနေတဲ့ အိုနာနာ ကိစ္စကို ဘယ်လို ဖြေရှင်းမလဲဆိုတာ အဖြေရှာဖို့လိုပြီ ဖြစ်ပြီး ခေါင်းမာပြီး ဆက်သုံးမလား၊ ဒါမဟုတ် ခဏ အနားပေးထားမလား ဆိုတာ ဆုံးဖြတ်ရတော့မှာပါ။


၄။ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ပုံစံ ရဖို့ လိုအပ်နေတဲ့ ဟော့ဂျ်လန်း

နောက်ထပ် နွေရာသီ ခေါ်ယူမှု ဖြစ်တဲ့ ရက်စ်မက် ဟော့ဂျ်လန်းဟာ ပရီးမီးယားလိဂ် မှာသာ ဘာမှ မဟုတ်သေးပေမယ့် ဥရောပမှာ ကျတော့ သွားကောင်းနေရောပါပဲ။ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ဒိန်းမတ် တိုက်စစ်မှူး ဂိုးသွင်းခွင့် ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ မန်ယူနိုက်တက်က နောက်ဆုံးမှာ အရန်ခုံက တုတ်ကြီး ကိုပဲ သွင်းဂိုးတွေ အတွက် အားကိုးလိုက်ရပါတယ်။

ဟော့ဂျ်လန်းဟာ လာမယ့် ပွဲစဉ် ဖြစ်တဲ့ စပါးနဲ့ ရင်ဆိုင် ကစားရာမှာ နောက်ထပ် ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေတဲ့ ဘဝတူ ဖြစ်တဲ့ ရစ်ချာလီဆန်ကို ကြည့်ပြီး စိတ်ဓာတ် ခွန်အား ရယူကောင်း ရယူနိုင်မှာ ဖြစ်ပါတယ်။


၅။ အခွင့်အရေး ပြန်ရသင့်တဲ့ တုတ်ကြီး

မက် တော်မီနေး အတွက် ပွဲထွက်ခွင့်ရဖို့က ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်က သွင်းဂိုး ၂ ဂိုးနဲ့တင် လုံလောက်နေပြီ ဖြစ်ပြီး တန်ဟက်ဂ်လည်း စကော့တလန် ကြယ်ပွင့် အနေနဲ့ ပွဲထွက်ခွင့် ပြန်ရသင့်တယ်လို့ ခံစားနေရလောက်ပါတယ်။ မေးစရာ ရှိလာတာက တုတ်ကြီး ဝင်လာရင် ဘယ်သူထွက်ပေးမှာလဲ ဆိုတာ ဖြစ်ပြီး ဘရန့်ဖို့ဒ်နဲ့ ပွဲမှာတော့ ကက်စ်မဲရိုး ပထမပိုင်း အပြီးမှာ လူစားလဲခံခဲ့ရတာကြောင့် ဝင်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ကက်စ်မဲရိုးဟာ ကိုပင်ဟေဂင်နဲ့ ကစားရမယ့် လာမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကို ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်ပြီး ဘရာဇီးလ် အတွက် ကစားပေးရင်း ဒဏ်ရာရသွားခဲ့တာကြောင့် မက်တော်မီနေး အတွက် ပွဲထွက်ခွင့်ရဖို့ အတွက်ကတော့ ရေကန်အသင့် ကြာအသင့် ဖြစ်နေပါပြီ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်