နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိတ်ဓာတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ လစ်ဗာပူးလ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ် ၀ – ၁ ဘရိုက်တန်

ယနေ့နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်တို့ ဘရိုက်တန်ကို ၀-၁ ရလဒ်နဲ့ အိမ်ကွင်းမှာ အရေးနိမ့်သွားခဲ့ပြန်ပါတယ်။ ဒီရှုံးပွဲဟာ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကြောင့်လို့ နည်းပြ ဂျာဂျင်ကလော့ပ် ကိုယ်တိုင်ဝန်ခံထားပြီး လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်က မန်စီးတီးနဲ့ ၇ မှတ်အထိ ကွာဟခဲ့သလို အဆင့် ၄ နေရာအထိ ပြန်လည်ဆင်းသွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပြန်ရခဲ့တဲ့ လစ်ဗာပူးလ်တို့ ဒီနေ့ပွဲမှာလည်း ဘရိုက်တန်ကို အိမ်ကွင်းမှာ အသာစီးရယူ ကစားဖို့ အဓိက လူစာရင်း အပြည့်အစုံနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဆာဒီယိုမာနေးအစား ရှကီရီ ပါဝင်လာတာကလွဲရင် မိုဆာလာ၊ ဖေမီနို၊ သီယာဂို၊ မီလ်နာ၊ ဝိုင်ဂျ်နယ်ဒမ်၊ ရော်ဘတ်ဆန်၊ ဖီးလစ်၊ ဟန်ဒါဆင်၊ အာနိုးလ်၊ ကယ်လယ်ဟာတို့နဲ့ ပထမလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဘရိုက်တန် ဘက်မှာလည်း တိုက်စစ်က မူပေး၊ ထရိုဆက်ဒ် တို့ဦးဆောင်ပြီး အဲလ်ဇိတ်၊ ဂရော့စ်၊ ဒန့်ခ်၊ ဝှိုက်၊ ဝဘ်စတား တို့လို ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာပါတယ်။ တကယ်တမ်း ပွဲစချိန်မှာတော့ လစ်ဗာပူးလ်တို့ ဧည့်သည် အသင်းကို အဘက်ဘက်က ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပဲ ဘရိုက်တန်ကလည်း တကယ့်ကို စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းစလုံး အပြန်အလှန် ကစားနိုင်ခဲ့ကြပေမယ့် ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပိုပြီး ပြုလုပ်နိုင်ခဲ့တာ ကတော့ ဘရိုက်တန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် ပထမပိုင်းအပြီးမှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘရိုက်တန်တို့ ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပိုမို ပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာတော့ အခုပွဲအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိသွားခဲ့ပါတယ်။ လီအန်ဒရို ထရိုဆက်ဒ်ရဲ့ ပေးပို့မှုကနေ စတီဗင် အဲလ်ဇိတ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီရှုံးပွဲ ကြောင့် လီဗာပူး ဟာ လက်စတာစီးတီး အသင်းရဲ့ ကျော်တက်မှုကို ခံခဲ့ရပြီး အဆင့် ၄ နေရာကို ဆင်းပေးခဲ့ရသလို ပရီးမီးယားလိဂ် ထိပ်ဆုံးက မန်ချက်စတာစီးတီး နဲ့လည်း ၇ မှတ်အထိ ကွာဟသွားခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာကို ပြန်လည်ရောက်ရှိသွားခဲ့တဲ့ လစ်ဗာပူးလ်

အခုပွဲမှာတော့ လစ်ဗာပူးလ်ကစားသမားတွေရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို မြင်တွေ့ခဲ့ရပြီး စိတ်ရှိသလောက် မစွမ်းဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဘရိုက်တန်ကတော့ ဒီပွဲမတိုင်ခင်ကတည်းက စိတ်ဓာတ်ပိုင်းဆိုင်ရာရော ကစားပုံမှာပါ မာကျောတဲ့ အသင်းဖြစ်တာနဲ့ အညီ လစ်ဗာပူးလ်ကို ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူ မကစားနိုင်ခဲ့တာ ကလွဲရင် အနိုင် ၃ မှတ်ရဖို့ အတတ်နိုင်ဆုံး ကစားသွားခဲ့တာ တွေ့ရပါတယ်။  ဒီရှုံးပွဲ ကြောင့် လီဗာပူး ဟာ လက်စတာစီးတီး အသင်းရဲ့ ကျော်တက်မှုကို ခံခဲ့ရပြီး အဆင့် ၄ နေရာကို ဆင်းပေးခဲ့ရသလို ပရီးမီးယားလိဂ် ထိပ်ဆုံးက မန်ချက်စတာစီးတီး နဲ့လည်း ၇ မှတ်အထိ ကွာဟသွားခဲ့ရပါတယ်။ ဘရိုက်တန်ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် မှာလည်း နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေကျခဲ့တဲ့ အတွက် အမှတ်ပေးဇယား အဆင့် ၁၅ နေရာအထိ ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်ဟာ လက်ရှိ အခြေအနေအရ ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ အတွက် ခက်ခဲသွားခဲ့ပါပြီ။ လာမယ့် တနဂ်နွေနေ့မှာ မန်ချက်စတာစီးတီးနဲ့ ကစားမယ့်ပွဲဟာ လစ်ဗာပူးလ်တို့ ချန်ပီယံ လမ်းကြောင်းမှာ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးပါသွားခဲ့ပါတယ်။ ဘရိုက်တန်ကတော့ စနေနေ့မှာ ဘန်လေ နဲ့ ကစားဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်