နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မေဆင်မောင့်ရဲ့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ ဖူလ်ဟမ်ကို အနိုင်ရဖို့ လုံလောက်ခဲ့တဲ့ ချဲလ်ဆီး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဖူလ်ဟမ် ၀ – ၁ ချဲလ်ဆီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာတော့ ချဲလ်ဆီးတို့ ကရေဗင်ကော့တေ့ဂျ်မှာ ကွင်းလယ်လူ မေဆင်မောင့်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဖူလ်ဟမ်ကို အနိုင်ရရှိပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲပျောက်ဆုံးနေခဲ့တဲ့ ချဲလ်ဆီးတို့အနေနဲ့ မေဆင်မောင့်ရဲ့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အနိုင်ရဖို့ လုံလောက်ခဲ့ပြီး နည်းပြ ဖရန့်ခ်လမ်းပတ်လည်း အနည်းငယ် ဖိအားလျော့ခဲ့ပါတယ်။

 
ချဲလ်ဆီးတို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့လို့ အခုပွဲမှာတော့ ရမှတ်ပြန်ရှာဖို့ အဓိကကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ အိုလီဗီယာ ဂျီရူး၊ ပူလီဆစ်၊ ဇီယက်ချ် တို့ဦးဆောင်ပြီး ကွင်းလယ်မှာ မေဆင်မောင့်၊ ဂျော်ဂျင်ဟို၊ ကိုဗာချစ်၊ နောက်တန်းမှာ ဘန်ချေးလ်ဝဲလ်၊ သီယာဂိုဆေးလ်ဗား၊ ရူဒီဂါ၊ အက်ဇ်ပီလီကျူအာတာ၊ ဂိုးမှာ မန်ဒီတို့နဲ့ ပွဲထွက်လာပါတယ်။ ဖူလ်ဟမ် မှာတော့ ကာဗယ်လီယို၊ လွတ်ခ်မန်း၊ တီတီ၊ ရော်ဘင်ဆင်၊ ရိဒ်တို့လို ကစားသမားကောင်းတွေ ပါဝင်လာခဲ့ပါတယ်။ ချဲလ်ဆီးတို့ အခုပွဲ ဖူလ်ဟမ်ကို လွယ်လွယ်ကူကူ အနိုင်ရခဲ့တာတော့ မဟုတ်ပဲ ပွဲချိန်တော်တော်များများ ဖူလ်ဟမ်နောက်တန်းကို ကျော်ဖြတ်ဖို့ အတွက် ရုန်းကန်ခဲ့ရပြီး ဂိုးပေါက် ခြိမ်းခြောက်မှု ၂၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ထိုးဖောက်မှုတွေတော့ မမြင်တွေ့ခဲ့ရပါဘူး။ ဖူလ်ဟမ် တောင်ပံကစားသမား ရော်ဘင်ဆင်ရဲ့ အနီကတ်ပြစ်ဒဏ်ဟာ ဧည့်သည်အသင်းအတွက် ကံကောင်းစေခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ အန်တိုနီ ရော်ဘင်ဆင် အနေနဲ့ ချဲလ်ဆီး အသင်းခေါင်းဆောင် အက်ဇ်ပီလီကျူအာတာကို ဥပဒေပြင်ပ ကစားခဲ့တာကြောင့် တိုက်ရိုက် အနီကတ်ပြသပြီး ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ချဲလ်ဆီးတို့ ဖူလ်ဟမ်ဘက်ကို တစ်ဖက်သတ်ဖိအားပေးနိုင်ခဲ့ပြီး ဇီယက်ရဲ့ ကန်ချက်ကို အာရီယိုလာ ကာကွယ်သွားနိုင်ခဲ့ပြီး မေဆင်မောင့်ရဲ့ ကန်ချက် ဂိုးဘားတန်းထိထွက်ခဲ့တာကြောင့် သွင်းဂိုးတွေ ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန်မိနစ် ၇၀ ကျော်မှာတော့ ဂျီရူးအစား တီမိုဝါနာ ဝင်လာခဲ့ပြီး ဇီယက်ချ်အစား အိုဒွိုင်းဝင်လာခဲ့လို့ ချဲလ်ဆီးတို့ တိုက်စစ် ပိုပြီး ထက်မြတ်ခဲ့ပါတယ်။ ၇၈ မိနစ် အရောက်မှာတော့ မေဆင်မောင့်က အခုပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့လို့ ပွဲအပြီးမှာ ၀-၁ ရလဒ်နဲ့ ပွဲပြီးဆုံးပြီး ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီမှာ နိုင်ပွဲ ပြန်ရှာတွေ့သွားခဲ့ပါတယ်။

ချဲလ်ဆီးတို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့လို့
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ဖူလ်ဟမ်

 

ပွဲပြီးသုံးသပ်ချက်

အခုပွဲကို ပြန်ပြီး သုံးသပ်ရရင် ချဲလ်ဆီးတို့ အနိုင်ရခဲ့တယ်ဆိုပေမယ့် လန်ဒန်ဒါဘီမှာ တော်တော်လေး ရုန်းကန်ခဲ့ရတာ တွေ့ရပြီး မေဆင်မောင့် ရဲ့ အဆုံးသတ်သေချာမှုကြောင့်သာ ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲရခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်က အားနည်းနေဆဲ ဖြစ်ပြီး ရှေ့တန်းကစားသမားတွေ အားလုံး ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တာကြောင့် လာမယ့်ပွဲစဉ်တွေ တိုက်စစ်ပြသနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဖရန့်ခ်လမ်းပတ် အနေနဲ့ စဉ်းစားထာဖို့တော့ လိုအပ်နေခဲ့ပါပြီ။
 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် ပွဲစဉ်အဖြစ် လက်စတာစီးတီး အိမ်ကွင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ် သွားရောက်ကစားဖို့ရှိနေပြီး ဖူလ်ဟမ်ကတော့ မန်ချက်စတာယူနိုက်တက် ကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်