နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပွဲပြီးသုံးသပ်ချက်နဲ့ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် မဲခွဲပွဲ ရလဒ်

ယူရိုပါလိဂ် ၁၆ သင်း အဆင့် ဒုတိယ အကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားတဲ့ အသင်း ၈ သင်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ် မဲခွဲရလဒ်တွေ အကြောင်း မပြောခင် မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်တွေ အကြောင်း ပွဲပြီးသုံးသပ်ချက် တချို့ကို ဖော်ပြရမယ် ဆိုရင်တော့


ယာမိုလန်ကိုရဲ့ အချိန်ပို သွင်းဂိုးနဲ့ အအောင်မြင်ဆုံး အသင်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်း ၂-၀ ဆီဗီလာ (နှစ်ကျော့ပေါင်း ရလဒ် ၂-၁)

ပထမအကျော့ ဆီဗီးလ်မှာ ၁-၀ နဲ့ ရှုံးနိမ့်ထားလို့ ဝက်စ်ဟမ်းတို့ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ နိုင်ပွဲ ရဖို့ အသေအချာ ပြင်ဆင်လာခဲ့ပါတယ်။ နှစ်သင်းလုံး အဓိက ကစားသမားတွေနဲ့ပဲ ပွဲထွက်လာခဲ့ကြပြီး ပွဲစအပိုင်းမှာ အပြန်အလှန် ကစားခဲ့ကြပါတယ်။ ဒါပေမယ့် အပိုင် အခွင့်အရေးတွေ လွဲချော်နေကြလို့ ပွဲချိန် ၃၉ မိနစ် ရောက်မှာ သွင်ဂိုး စတင်မြင်တွေ့ခဲ့ရပါတယ်။ အန်တိုနီယိုရဲ့ ပါးပါးနပ်နပ် မတင်ပေးလိုက်တဲ့ ဘောလုံးကို အရပ်အမောင်း ကောင်းတဲ့ သောမက်စ် ဆိုရှက်ခ်က ခေါင်းတိုက် အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့နောက် ဆီဗီလာတို့ ပွဲကို အာရုံ ပြန်စိုက်ခဲ့ပေမယ့် ကစားကွက်မိသွားတဲ့ ဝက်စ်ဟမ်းကြောင့် ရုန်းကန်ခဲ့ရပြီး တိုက်စစ်က အန်နက်ဆီရီ ပုံမှန်ခြေစွမ်း ပျောက်ဆုံး နေခဲ့တာကြောင့်လည်း လိုပက်တက်ဂီရဲ့ အသင်း သွင်းဂိုးတွေနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။ မိနစ် ၉၀ ပြည့်ချိန်မှာ နှစ်ကျော့ပေါင်း ၁-၁ ရလဒ် ဖြစ်နေခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပြီး ၁၁၂ မိနစ် မှာတော့ ယူကရိန်း တိုက်စစ်မှူး အန်ဒရီ ယာမိုလန်ကိုက အဖိုးတန် အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာလည်း ဆီဗီလာတို့ ချေပဂိုးရဖို့ လိုက်ရုန်းခဲ့ပေမယ့် ၂-၀ နဲ့ ပွဲပြီးဆုံးပြီး နှစ်ကျော့ပေါင်း ရလဒ် ၂-၁နဲ့ ဝက်စ်ဟမ်းတို့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ရောက်ရှိသွားခဲ့ပါတယ်။ နှစ်ပေါင်း များစွာ အကြာမှာ ဥရောပအဆင့် ပြိုင်ပွဲ တစ်ခုရဲ့ ရှုံးထွက်အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းတို့ ကွာတားဖိုင်နယ် မှာတော့ ပြင်သစ် ထိပ်သီး လိုင်ယွန်နဲ့ ထိပ်တိုက်တွေ့ဆုံ ကစားရတော့မှာ ဖြစ်ပါတယ်။


ပက်ဒရီ၊ အော်ဘာမီယန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ တူရကီမြေမှာ အနိုင်ရခဲ့တဲ့ ဘာဆာ

ဂါလာတာဆာရေး ၁-၂ ဘာစီလိုနာ (နှစ်ကျော့ပေါင်း ရလဒ် ၁-၂)

ပထမအကျော့ နူးကမ့်ပ်မှာ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့လို့ ဘာစီလိုနာတို့ အစ္စတန်ဘူလ်မှာ မဖြစ်မနေ နိုင်ပွဲရဖို့ အားစိုက်ခဲ့ပါတယ်။ အိမ်ရှင် ဂါလာတာဆာရေး ကလည်း ပထမအကျော့ တုန်းကလိုပဲ ကျစ်လျစ်တဲ့ ခံစစ်နဲ့ အတူ ဘာစီလိုနာကို မာမာထန်ထန် တုန့်ပြန် ကစားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပြီး ဘာစီလိုနာတို့ ပွဲစကတည်းက ဂါလာတာဆာရေး ခံစစ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဂါလာတာဆာရေး ကတော့ ဘာစီလိုနာ ကစားသမားတွေ တတ်နိုင်သမျှ ဂိုးဧရိယာထဲ မဝင်နိုင်အောင် တိုက်စစ် လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ကြိုးပမ်းခဲ့ပြီး တန်ပြန် တိုက်စစ် ကိုသာ အားပြုခဲ့ပါတယ်။

အဲ့နောက် ဘာစီလိုနာ တို့ပဲ ပွဲကို ထိန်းချုပ်သွားနိုင်ခဲ့လို့ ၁-၂ နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၁-၂ နဲ့ ဘာစီလိုနာတို့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ကို တက်လှမ်းသွားခဲ့ပါတယ်။
ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ ဖရန့်ဖတ်နဲ့ တွေ့ဆုံနေခဲ့တဲ့ ဘာစီလိုနာ

တကယ်တမ်း ဦးဆောင်ဂိုး ရသွားခဲ့တာ ကတော့ ဂါလာတာဆာရေး ဖြစ်ပြီး ပွဲချိန် ၂၈ မိနစ်မှာ ထောင့်ကန်ဘောက တစ်ဆင့် အသင်းခေါင်းဆောင် မာကာအိုက ခေါင်းတိုက် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် ဘာစီလိုနာတို့ပဲ ပွဲကို ဆက်လက် စိုးမိုးထားနိုင်ခဲ့ပြီး ပွဲချိန် ၃၇ မိနစ်မှာတော့ ကွင်းလယ်ကြယ်ပွင့် ပက်ဒရီက ပြိုင်ဘက် နောက်တန်းကို တစ်ကိုယ်တော် လိမ်ခေါက်ပြီး ချေပဂိုး ပြန်လည် ရယူပေးခဲ့ပါတယ်။ အဲ့နောက် ဒုတိယပိုင်းမှာ ထရာအိုရေး အစား ဒမ်ဘီလီ ဝင်ရောက်လာခဲ့လို့ ဘာစီလိုနာရဲ့ တိုက်စစ် ကစားပုံ ပိုသွက်သွားခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ ဖရန်ကီ ဒီယောင်ရဲ့ ဖန်တီးပေးမှု ကနေ အော်ဘာမီယန်းက အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ဘာစီလိုနာ တို့ပဲ ပွဲကို ထိန်းချုပ်သွားနိုင်ခဲ့လို့ ၁-၂ နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၁-၂ နဲ့ ဘာစီလိုနာတို့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ကို တက်လှမ်းသွားခဲ့ပါတယ်။ ဘာစီလိုနာ တို့ ကွာတားဖိုင်နယ် မှာတော့ ခြေစွာနေတဲ့ စပိန် ကလပ် ဘက်တစ်ကို နှစ်ကျော့စလုံး မရှုံးအောင် ကစားလာခဲ့တဲ့ ဖရန့်ဖတ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


လေဗာကူဆင်ကို နှစ်ကျော့စလုံး အနိုင်ကစားပြီး ကွာတားတက်တဲ့ အတ္တလန္တာ

လေဗာကူဆင် ၀-၁ အတ္တလန္တာ (နှစ်ကျော့ပေါင်း ရလဒ် ၂-၄)

ပထမအကျော့ ၃-၂ ဆိုတဲ့ ရလဒ်ကြောင့် ဂျာမန် ကလပ် လေဗာကူဆင် အနေနဲ့ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ ရလဒ်ကောင်းဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။ အတ္တလန္တာ ဟာ ချန်ပီယံလိဂ် ဆင်းလာတဲ့ အသင်း ဖြစ်ပြီး ခြေစွမ်းကောင်းတာ မှန်ပေမယ့် လေဗာကူဆင် ကလည်း ပွဲချိန်ပြည့် ဖိအားပေး ကစားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရှစ်ခ်နဲ့ ဝစ်ဇ် မပါတဲ့ လေဗာကူဆင် တိုက်စစ်က ပျော့ဖတ်နေခဲ့ပြီး ဒီယာဘီ ကလည်း ကြောင်ပျောက်နေခဲ့လို့ ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ အတ္တလန္တာ ကတော့ ခံစစ်ကို လုံအောင် ကစားပြီး တန်ပြန် တိုက်စစ်ကိုပဲ အားပြုသွားခဲ့တာ ဖြစ်ပါတယ်။ မိနစ် ၉၀ ပြည့်တဲ့ အချိန်ထိ ၀-၀ ရလဒ် ထွက်ပေါ်နေခဲ့ပေမယ့် နာကျင် အချိန်ပို ၁ မိနစ် မှာတော့ အတ္တလန္တာရဲ့ လူစားဝင် တိုက်စစ်မှူး ဘိုဂါက အနိုင်ဂိုး သွင်းသွားခဲ့လို့ လေဗာကူဆင်တို့ အသဲကွဲသွားခဲ့ရပါတယ်။ ဒါကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၂-၄ နဲ့ အတ္တလန္တာတို့ ကွာတားဖိုင်နယ် တက်လှမ်းသွားခဲ့ပြီး စပါးတက်ခ် မော်စကိုကို မကစားရပဲ ကျော်ဖြတ်လာတဲ့ လိုက်ပ်ဇစ်နဲ့ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
တော့တင်ဟမ် ဟော့စပါး
ဝက်စ်ဟမ်း ယူနိုက်တက်
1X2 သရေ @ 3.80
ဝက်စ်ဟမ်း ယူနိုက်တက် အာရှ ဟန်းဒီးကပ် +0.50 @ 2.20
ဂိုးပေါ် 2.75 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အခြားပွဲ ရလဒ်များ

ရက်စတားဘဲလ်ဂရိတ် ၂-၁ ရိန်းဂျားစ်* (နှစ်ကျော့ပေါင်း ရလဒ် ၂-၄)

မိုနာကို ၁-၁ ဘရာဂါ* (နှစ်ကျော့ပေါင်းရလဒ် ၁-၃)

ဖရန့်ဖတ်* ၁-၁ ရီးရဲယ်ဘက်တစ် (နှစ်ကျော့ပေါင်း ရလဒ် ၃-၂)

လိုင်ယွန်* ၁-၁ ပေါ်တို (နှစ်ကျော့ပေါင်း ရလဒ် ၂-၁)


ကွာတားဖိုင်နယ် (ဧပြီ ၈ ရက်၊ ၁၅ ရက်)

ဝက်စ်ဟမ်း – လိုင်ယွန်

ဖရန့်ဖတ် – ဘာစီလိုနာ

လိုက်ပ်ဇစ် – အတ္တလန္တာ

ဘရာဂါ – ရိန်းဂျားစ်


ဆီမီးဖိုင်နယ် (ဧပြီ ၂၉ ရက်၊ မေ ၆ ရက်)

လိုက်ပ်ဇစ်/အတ္တလန္တာ – ဘရာဂါ/ရိန်းဂျားစ်

ဝက်စ်ဟမ်း/လိုင်ယွန် – ဖရန့်ဖတ်/ဘာစီလိုနာ

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်