နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်ရေးအဆုံးအဖြတ်မှာပေါ်တူဂီတို့ အမှားလုပ်ခွင့် မရှိ(၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲပွဲကြိုသုံးသပ်ချက်)

ပေါ်တူဂီ – ဆာဘီးယား

ကမ္ဘာ့ဖလားခြေစစ်ပွဲဥရောပဇုန် အုပ်စု(A)ရဲ့ နောက်ဆုံးပွဲစဉ် ဖြစ်တဲ့ ပေါ်တူဂီနဲ့ ဆာဘီးယားတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကလည်းစိတ်ဝင်စားစရာပဲဖြစ်ပါတယ်။လက်ရှိအုပ်စုထိပ်ဆုံးမှာရမှတ်တူအထက်အောက် ရပ်တည်နေတဲ့ နှစ်သင်းရဲ့ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်ရေးအားပြိုင်ပွဲလည်းဖြစ်နေတာကြောင့် ကျိန်းသေပေါက် ပြိုင်ဆိုင်မှုပြင်းထန်လာဖို့ ရှိနေပါတယ်။

 
ပြီးခဲ့တဲ့ ပွဲမှာအိုင်ယာလန် ဂိုးသမားရဲ့ လက်စွမ်းပြမှုကြောင့်သရေတစ်မှတ်နဲ့ပဲကျေနပ်ခဲ့ရတဲ့ ပေါ်တူဂီတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက် အောင်မြင်ရေးအတွက် အခုကစားမယ့် ပွဲကအဆုံးအဖြတ် ဖြစ်လာခဲ့ပါပြီ။ ယူရို ၂၀၂၀ ပြီးထဲကကမ္ဘာ့ဖလားခြေစစ်ပွဲအပါအဝင် ပြိုင်ပွဲစုံ ၆ ပွဲကစားထားခဲ့ရမှာ ၅ ပွဲနိုင်ပြီး ၁ ပွဲသရေကျထားတဲ့ ပေါ်တူဂီရဲ့ ခြေစွမ်းကအကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ ဒါပေမယ့် ခံစစ် ကစားပုံကောင်းတဲ့ အသင်းတွေနဲ့ ဆိုရင် ပေါ်တူဂီတိုက်စစ်ကခရစ္စတီယာနိုရော်နယ်ဒိုရှိနေရင်တောင် တစ်ခါတစ်ရံမှာရုန်းကန်ရတတ်တာတွေ့ရပါတယ်။နောက်တစ်ချက်ကတော့ပေါ်တူဂီတို့ ဂိုးပြတ် နိုင်ပွဲတွေရထားတယ် ဆိုတာကာတာ၊ အဇာဘိုင်ဂျန်၊ လူဇင်ဘတ် တို့လိုအသင်းငယ်တွေနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာဖြစ်တာကိုမဖြစ်မနေထည့်တွက်ထားရပါမယ်။ အခုပွဲဟာအုပ်စုတွင်းအဓိကပြိုင်ဘက် ဆာဘီးယားနဲ့ ကစားရမယ့် ပွဲဖြစ်တာကြောင့် ပေါ်တူဂီတို့ ကစားသမားကောင်းတွေဘယ်လောက်များများရှိနေပါစေတစ်ချက်မှားရင်တော့ Play Off တစ်နေရာနဲ့ပဲကျေနပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဖာနန်ဒိုဆန်းတို့စ်ရဲ့ အသင်းအနေနဲ့ လူစာရင်းအပြည့်အစုံနဲ့ ပွဲထွက်လာရင်းအိမ်ကွင်းရလဒ်ကောင်းတစ်ခုရှာဖွေဖို့ ကြိုးစားလာမှာသေချာပါတယ်။

အဓိကပြိုင်ပွဲကြီးတွေကစားဖို့ မရှိခဲ့တဲ့ ဆာဘီးယားတို့ ကမ္ဘာ့ဖလားခြေစစ် ပွဲစဉ်တွေကိုသေချာအာရုံစိုက်နိုင်ခဲ့တယ်လို့ ပြောရပါမယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု(A) အဆင့် ၂ နေရာမှာရပ်တည်နေတဲ့ ဆာဘီးယား

အဓိကပြိုင်ပွဲကြီးတွေကစားဖို့ မရှိခဲ့တဲ့ ဆာဘီးယားတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကိုသေချာအာရုံစိုက်နိုင်ခဲ့တယ်လို့ ပြောရပါမယ်။ လက်ရှိအုပ်စု (A)မှာရှုံးပွဲလုံးဝမရှိပဲရမှတ်တူအုပ်စုအထက်အောက် ရပ်တည်နေတဲ့ ဆာဘီးယားတို့ လူစာရင်းလည်းတကယ်ကိုတောင့်တင်းနေခဲ့ပါတယ်။တိုက်စစ်မှာလူကာယိုဗစ်၊ ဗလာဟိုဗစ်၊ ကွင်းလယ်မှာမီလန်ကိုဗစ် ဆာဗစ်၊ ကော့စတစ်အပြင် ခံစစ်မှာနတ်စတာဆစ်၊ ဗလ်ဂျ်ကိုဗစ် တို့ကိုပိုင်ဆိုင်ထားတဲ့ ဆာဘီးယားတို့ ပေါ်တူဂီကိုဘယ်နည်းနဲ့ မဆိုခံကစားဖို့ မခက်ခဲပါဘူး။ ပထမအကျော့တုန်းကလိုအပြန်အလှန် ဂိုးတွေသွင်းနိုင်ဖို့လည်းများနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု ၇ ကြိမ်မှာပေါ်တူဂီတို့ ဆာဘီးယားကိုတစ်ကြိမ်တစ်ခါမှ ရှုံးနိမ့်ခဲ့ဖူးခြင်းမရှိပဲ ၃ ပွဲနိုင်ပြီး ၄ ပွဲသရေကျထားခဲ့ပါတယ်။ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲပထမအကျော့ ဆာဘီးယားအိမ်ကွင်းမှာတော့ တစ်ဖက် ၂ ဂိုးစီသရေလဒ်ထွက်ပေါ်ထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ပေါ်တူဂီ – ဆာဘီးယား 1X2 ပေါ်တူဂီ @ ၁.၅၃ ဆ
နိုဝင်ဘာလ၁၅ရက် , ည ၂:၁၅နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရပေါ်တူဂီအတွက် ၁.၅၃ ဆနဲ့ဆာဘီးယားအတွက်၅.၂၀ဆကြေးဖွင့်ထားပြီးသရေအတွက်၃.၉၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ပေါ်တူဂီတို့ သရေတစ်မှတ် ရရုံနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်နိုင်မှာဖြစ်ပေမယ့် ရှုံးလို့တော့ မရပါဘူး။ အိမ်ကွင်းအားသာချက်လည်းရှိနေလို့ ပေါ်တူဂီကိုပဲရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်