နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နယ်သာလန် တိုက်စစ်ကို ချက်တို့ တောင်ခံနိုင်ဖို့ မလွယ်ဘူး – ယူရို ၂၀၂၀ ပွဲကြို သုံးသပ်ချက်

နယ်သာလန် – ချက်

ယူရို ၂၀၂၀ ရှုံးထွက်အဆင့် နောက်ထပ် ပွဲကောင်းတစ်ပွဲ အဖြစ် မနက်ဖြန်ည မြန်မာစံတော်ချိန် ည ၁၀:၃၀ နာရီမှာ နယ်သာလန်နဲ့ ချက်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ တစ်ပွဲထက် တစ်ပွဲ ခြေစွမ်း ပြန်မှန်လာပြီး အရှိန်ကောင်းလာတဲ့ ဒက်ချ်တို့ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ဒီအဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အုပ်စု ပွဲစဉ် ၃ ပွဲမှာ ၈ ဂိုး သွင်းထားတဲ့ နယ်သာလန်တို့ ကစားပုံ မာကျောတဲ့ ချက်ရဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ အတွက် ဆိုရင် ဖရန့်ခ် ဒီဘိုးဝါးရဲ့ အသင်းက ပြီးခဲ့တဲ့ ပွဲတွေကထက် ပိုကောင်းအောင် ကစားနိုင်ဖို့တော့ လိုအပ်ပါတယ်။

နယ်သာလန်တို့ ယူရို ၂၀၂၀ အုပ်စု ပွဲစဉ် ၃ ပွဲမှာ ယူကရိန်းနဲ့ အဖွင့်ပွဲပဲ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ဩစတြီးယားနဲ့ မြောက်မက်ဆီဒိုးနီးယား တိုနဲ့ ပွဲတွေမှာတော့ တိုက်စစ် အစွမ်းပြပြီး ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ နယ်သာလန်ဟာ ဒီဘိုးဝါးရဲ့ လက်အောက် မှာထက် ရော်နယ်ကူးမန်း နည်းပြ အဖြစ် တာဝန်ယူခဲ့စဉ်က ပိုပြီး ခြေစွမ်းပြနိုင်ခဲ့တာပါ။ ဒါကြောင့်လည်း ယူရို ၂၀၂၀ အဖွင့်ပွဲမှာ ဒီဘိုးဝါရဲ့ နယ်သာလန်တို့ နိုင်ပွဲရဖို့ တော်တော်ကို ရုန်းခဲ့ရပြီး ဒမ်ဖရိုင်းစ်သာ မကယ်ရင် နယ်သာလန် တို့ ဒီလောက်အထိ အခြေအနေ ကောင်းလာမှာ မဟုတ်ပါဘူး။ တောင်ပံကစားသမား ဒမ်ဖရိုင်းစ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တဲ့ နောက်မှာတော့ ဒက်ချ်တို့ကို အားရစရာ ခြေစွမ်း၊ နိုင်ပွဲရလို စိတ်ပြင်းပြမှု တွေနဲ့ စတင် မြင်တွေ့လာရတာ ဖြစ်ပါတယ်။ နယ်သာလန်တို့ အုပ်စုဗိုလ်စု ဗိုလ်ဖြစ်ခဲ့တဲ့ အပြင် ကံကောင်းတာက ရှုံးထွက်အဆင့်မှာ အားနည်းဆုံး အသင်း တစ်သင်းလို့ ပြောရမယ့် ချက်နဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ချက်ရဲ့ ကစားပုံ မာကျောမှုကြောင့် ပွဲအစပိုင်းမှာ အနည်းငယ် အခက်တွေ့နိုင်ပေမယ့် ပွဲချိန်ကြာလာရင်တော့ ဖရန်ကီ ဒီယွန်း၊ ဒီရွန်၊ ဝိုင်နယ်ဒမ်နဲ့ မန်ဖစ် ဒီပေးတို့ ရှိနေတဲ့ နယ်သာလန်တို့ သွင်းဂိုးရဖို့ မခက်နိုင်ပါဘူး။ တစ်ချက် သတိထားရမှာက လျင်မြန်တဲ့ တန်ပြန် တိုက်စစ်နဲ့ အတူ ချက် တိုက်စစ်မှူး ပက်ထရစ် ရှစ်ခ်ရဲ့ တိကျသေချာမှုကို ဒလစ်ဂျ်၊ ဒါလေဘလိုင်း၊ ဒီဗရစ်ဂျ်တို့ ခံစစ်က အမှားအယွင်း မရှိ ထိန်းချုပ်နိုင်ဖို့ပါပဲ။

ယူရို အောင်မြင်မှုနဲ့ ဝေးကွာနေတဲ့ ချက်တို့ ယူရို ၂၀၂၀ အုပ်စုအဆင့်မှာ အင်္ဂလန်၊ ခရိုအေးရှား၊ စကော့တလန် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အကောင်းဆုံး တတိယ အဖြစ်နဲ့ ဒီအဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
ချက်နဲ့ နောက်ဆုံး တွေ့ဆုံမှု ၂ ကြိမ်စလုံး ရှုံးနိမ့်ထားတဲ့ နယ်သာလန်

ယူရို အောင်မြင်မှုနဲ့ ဝေးကွာနေတဲ့ ချက်တို့ ယူရို ၂၀၂၀ အုပ်စုအဆင့်မှာ အင်္ဂလန်၊ ခရိုအေးရှား၊ စကော့တလန် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အကောင်းဆုံး တတိယ အဖြစ်နဲ့ ဒီအဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပွဲဦးထွက်မှာ ပက်ထရစ်ရှစ်ခ်ရဲ့ တောက်ပမှုနဲ့ အိမ်ရှင် စကော့တလန်ကို ၂ ဂိုးပြတ်သွင်းပြီး အုပ်စု ထိပ်ဆုံး နေရာက ဦးဆောင်ခဲ့ပေမယ့် ခရိုအေးရှားနဲ့ ပွဲမှာ သရေ၊ နောက်ဆုံးပွဲမှာ အင်္ဂလန်ကို ရှုံးနိမ့်ခဲ့လို့ အုပ်စု တတိယနေရာ အထိ ဆင်းပေးခဲ့ရတာ ဖြစ်ပါတယ်။ ဂိုးကွာခြားချက် တူညီနေပေမယ့် ခရိုအေးရှားက ရဂိုး ပိုသာနေခဲ့လို့ အုပ်စုတတိယ ရခဲ့ခြင်း ဖြစ်ပြီး အုပ်စု ပထမ ရခဲ့ရင် ဂျာမနီ၊ အုပ်စု ဒုတိယ ဆိုရင် စပိန်၊ အခု အုပ်စု တတိယ ဆိုတော့လည်း နယ်သာလန်နဲ့ ကစားရမှာ ဖြစ်လို့ ချက် အတွက်က ဘယ်လိုနေနေ မချောင်ပါဘူး။ အခုပွဲမှာလည်း စိတ်ဓာတ်နဲ့ မာကျောမှု အသားပေးရုံ ကလွဲလို့ နယ်သာလန်လို အသင်းကို ယှဉ်ဖို့ ခက်ပါတယ်။ အဖြစ်နိုင်ဆုံးက ပွဲချိန်ပြည့် တောင့်ခံပြီး အချိန်ပို၊ ပင်နယ်တီအထိ ကစားနိုင်ရင်တော့ ချက်အတွက် ကွာတားဖိုင်နယ် တက်ဖို့ မျှော်လင့်ချက် ရှိနိုင်ပါလိမ့်မယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လက်ရှိ ခြေစွမ်းပိုင်းအရ ချက်ထက် နယ်သာလန်တို့ ပိုကောင်းနေပေမယ့် အစဉ်အလာအရ မှာတော့ ချက်က ပိုသာခဲ့တာ တွေ့ရပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၁ ကြိမ်မှာ ချက်က ၅ ကြိမ်နိုင်၊ နယ်သာလန်က ၃ ကြိမ် နိုင်ပြီး ၃ ကြိမ် ကတော့ သရေကျထားပါတယ်။ မှတ်မှတ်ရရ နက်ဗက်၊ မီလန်ဘားရို့စ်၊ ပိုဘောစကီး၊ ဆီးဒေါ့ဖ်၊ ဗန်နစ္စတယ်ရွိုင်း၊ အဂ္ဂါဒေးဗစ်၊ အာယန် ရော်ဘင် တို့တွေရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ယူရို ၂၀၀၄ အုပ်စုအဆင့် တွေ့ဆုံမှုဟာ သမိုင်းမှာ မှတ်မှတ်ရရ ရှိခဲ့ပါတယ်။ နှစ်သင်းစလုံး ဆီမီးဖိုင်နယ်ထိ ရောက်ခဲ့ကြပေမယ့် နယ်သာလန်က‌ ပေါ်တူဂီ၊ ချက်က ဂရိကို အသီးသီး ရှုံးပြီး ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီနှစ်သင်းရဲ့ ဘောလုံး အဆင့်အတန်းက အရမ်းကို ကွာခြားသွားခဲ့ပါပြီ။ နယ်သာလန်တို့ တတ်နိုင်သမျှ ထိန်းထားနိုင်ခဲ့ပေမယ့် ချက်ကတော့ ကစားသမား မျိုးဆက်ပြတ်မှု နဲ့အတူ လက်ရှိ ယူရို ၂၀၂၀ မှ နည်းနည်းလေး ခေါင်းပြန် ထောင်လာတာ ဖြစ်ပါတယ်။

·         နယ်သာလန်တို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ၈ ပွဲနိုင်၊ ၁ပွဲ သရေကျခဲ့ပါတယ်။

·         ချက်ရဲ့ ခံစစ်က နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ဂိုးမပေးရတဲ့ပွဲ ၁ ပွဲပဲ ရှိခဲ့ပြီး ပေးဂိုး ၁၁ဂိုး အထိရှိခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
နယ်သာလန် vs ချက်သမ္မတနိုင်ငံ 1X2 နယ်သာလန် @ 1.70
ဇွန် လ ၂၇ ရက်, ည ၁၀:၃၀ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ နယ်သာလန် ၁.၆၆ ဆ၊ ချက် ကိုတော့ ၅.၅၀ ဆနဲ့ သရေအတွက် ၃.၇၅ ဆ ဆိုပြီး ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ နယ်သာလန်ရဲ့ ခြေစွမ်းဟာ အစောပိုင်းမှာ သိပ်အားရစရာ မကောင်းခဲ့ပေမယ့် တဖြေးဖြေး အရှိန်ရလာတဲ့ အချိန်မှာ ကစားပုံ ထက်မြတ်နေတာ တွေ့ရပါတယ်။ ချက်က မာကျောမှုနဲ့ အသင်းလိုက် စုစည်းမှုကို အားပြု ကစားတတ်တဲ့ အသင်း ဖြစ်ပေမယ့် ဒီတစ်ကြိမ်တော့ နယ်သာလန် တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ တော်တော်လေး ခက်ခဲပါလိမ့်မယ်။ နယ်သာလန်ကိုပဲ ကြိုက်ပါတယ်။ နယ်သာလန် အနိမ့်ဆုံး ၂-၀ လောက်နဲ့ နိုင်သွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်