နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်မယ့် မိုချင်ဂလတ်ဘတ် – ဘွန်ဒက်လီဂါ ပွဲကြိုသုံးသပ်ချက်

မိုချင်ဂလတ်ဘတ် vs ဟော့ဖန်ဟိမ်း

အခုတစ်ပတ်မှာစနေနေ့မှာကစားမယ့်ဘွန်ဒက်စ်လီဂါပွဲစဉ်တွေထဲကမိုချင်ဂလတ်ဘတ်နဲ့ ဟော့ဖန်ဟိမ်းပွဲစဉ်ကလည်း SBOTOP ဘောလုံးပရိသတ်တွေအကြိုက်တွေ့မယ့်ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ရှိနေပါတယ်။ဘွန်ဒက်စ်လီဂါ မှာ နောက်ဆုံး ၃ ပွဲဆက်တိုက် သရေကျထားတဲ့ မိုချင်ဂလတ်ဘတ်တို့ ရမှတ် ဆုံးရှုံးလို့ မရတဲ့ အခြေအနေမို့လို့ ခြေကျနေတဲ့ ဟော့ဖန်ဟိမ်းကို အနိုင်ကစားဖို့ ကြိုးပမ်းလာပါလိမ့်မယ်။

မိုချင်ဂလတ်ဘတ်တို့ ဒီရာသီမှာ ခြေစွမ်းကျဆင်းနေပြီး နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေ ခဲ့တာဆိုရင် နိုင်ပွဲမရတာ ၅ ပွဲအထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၉ မှာ ရှော်ကီ အသင်းကို ၄-၁ နဲ့ အနိုင်ရပြီးကတည်းက မိုချင်ဂလတ်ဘတ်တို့ ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၃ ပွဲသရေကျပြီး ၂ ပွဲရှုံးထားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ အားစိုက်ကစားခဲ့တဲ့ မိုချင်ဂလတ်ဘတ်တို့ ဘွန်ဒက်စ်လီဂါ မှာ ကစားအားကျသွားခဲ့ပြီး နောက်ဆုံး ၃ ပွဲဆက် သရေကျခဲ့ပါတယ်။ ဖရိုင်းဘတ်ကို ၂-၂၊ ဟာသာဘာလင်ကို ၁-၁ နဲ့ နောက်ဆုံးပွဲမှာတော့ ဖရန့်ဖတ်နဲ့ ၃ ဂိုးစီသရေကျထားခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်လည်း နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲပျမ်းမျှ ၂ ဂိုးသွင်းထားလို့ မဆိုးဘူး ဆိုပေမယ့် ခံစစ်က ၂ ဂိုးနှုန်း ပြန်ပေးထားခဲ့ရပါတယ်။ အခုပွဲမှာတော့ မိုချင်ဂလတ်ဘတ်အသင်းက ၁၀ ပွဲကစားပြီး ၂ ဂိုးသွင်းယူပေးထားပြီး နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြနေတဲ့ ဘရီးလ်အမ်ဘိုလို ကို စောင့်ကြည့်သွားရဖို့ ရှိနေပါတယ်။

ဘွန်ဒက်စ်လီဂါကိုအာရုံစိုက်လာနိုင်ပေမယ့်ခြေစွမ်းမာကျောတဲ့အသင်းတွေနဲ့တွေ့ဆုံချိန်မှာတောက်လျောက်ရလဒ်တွေဆိုးရွားနေခဲ့ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၂ ပွဲဆက် ရှုံးနိမ့်ထားတဲ့ ဟော့ဖန်ဟိမ်း

ဟော့ဖန်ဟိမ်းကတော့ မိုချင်ဂလတ်ဘတ်ထက် ခြေစွမ်းပိုပြီး ယိမ်းယိုင်နေလို့ ရမှတ်တွေ ဆုံးရရှုံးထားပြီး လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိမှာ ဟော့ဖန်ဟိမ်းတို့ ယူရိုပါလိဂ်မှာ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်တာကြောင့် ဘွန်ဒက်စ်လီဂါကို အာရုံစိုက်လာနိုင်ပေမယ့် ခြေစွမ်းမာကျောတဲ့ အသင်းတွေနဲ့ တွေ့ဆုံချိန်မှာ တောက်လျောက် ရလဒ်တွေ ဆိုးရွားနေခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ကြည့်မယ်ဆိုရင် ၂ ပွဲနိုင်၊ ၂ ပွဲရှုံးပြီး ၁ ပွဲသရေကျထားပါတယ်။ ဘွန်ဒက်စ်လီဂါမှာတော့ လေဗာကူဆင်၊ အာဘီလိုက်ပ်ဇ်တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရှုံးပွဲဆက်ထားပြီး အခုပွဲစဉ်မှာ မိုချင်ဂလတ်ဘတ်ဆီကနေ တတ်နိုင်သမျှ ရမှတ် ခွဲယူနိုင်ဖို့ ရည်ရွယ်လာပါလိမ့်မယ်။ လက်ရှိ ဘွန်ဒက်စ်လီဂါမှာ ၁၂ ပွဲကစား၊ ၃ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၆ ပွဲရှုံးပြီး ရမှတ် ၁၂ မှတ်ရရှိထားတဲ့ ဟော့ဖန်ဟိမ်းတို့ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ နောက်ဆုံး ၅ ပွဲမှာ တိုက်စစ်က တစ်ပွဲပျမ်းမျှ ၁.၅ ဂိုးနှုန်း သွင်းယူထားပြီး ခံစစ်က ၁.၃ ဂိုးနှုန်း ပြန်ပေးထားရလို့ အားရစရာတော့ မရှိပါဘူး။ ဒီပွဲစဉ်မှာတော့ ဟော့ဖန်ဟိမ်းတို့ ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ တိုက်စစ်မှူး ကရာမာရစ်ကို အားကိုးရဖို့ရှိနေပြီး ကရာမာရစ်ကတော့ ၈ ပွဲကစား၊ ၇ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးပေးထားခဲ့ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှုနဲ့ အစဉ်အလာအရ ကြည့်မယ်ဆိုရင်တော့ မိုချင်ဂလတ်ဘတ်တို့က တွေ့ဆုံမှု ၂၈ ကြိမ်မှာ ၇ ကြိမ်သာ အနိုင်ရထားပြီး ဟော့ဖန်ဟိမ်းကတော့ ၉ ပွဲအထိ အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ မိုချင်ဂလတ်ဘတ်က ၁ ပွဲနိုင်ပြီး ၁ ပွဲသရေကျထားတာတွေ့ရပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မိုချင်ဂလတ်ဘတ် vs ဟော့ဖန်ဟိမ်း 1X2 မိုချင်ဂလတ်ဘတ် @ ၁.၈၄ဆ
ဒီဇင်ဘာလ၁၉ရက်, ည၉:၀၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၁.၈၄ဆ၊သရေအတွက်၃.၆၅ဆနဲ့ဧည့်သည်အသင်းအတွက်၄.၀၀ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။နှစ်သင်းစလုံး ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ နိုင်ပွဲ ပျောက်ဆုံးခဲ့လို့ အခုပွဲမှာ နိုင်ပွဲရှာတွေ့ဖို့ ကြိုးပမ်းလာမှာပါ။ ဘွန်ဒက်စ်လီဂါထုံးစံအတိုင်း မထင်မှတ်ထားတာတွေ ဖြစ်တတ်တယ်ဆိုပေမယ့် ခြေစွမ်းပိုကောင်းတဲ့ မိုချင်ဂလတ်ဘတ်ကို ပိုပြီး သဘောကျနေပါတယ်။ မိုချင်ဂလတ်ဘတ်တို့ ရလဒ်တွေ ဆုံးရှုံးနေတယ်ဆိုပေမယ့် သွင်းဂိုးတွေ ရယူဖို့တော့ မခက်ခဲတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေ ပရိသတ်တွေကို စိတ်ပျက်စေခဲ့တဲ့ မိုချင်ဂလတ်ဘတ်တို့ ဒီဇင်ဘာပွဲကြပ်ကာလမှာ ပရိသတ်တွေကို ပျော်ရွှင်မှုတွေ ပြန်ပေးပါလိမ့်မယ်။ မိုချင်ဂလတ်ဘတ် ဘက်ကပဲ ရပ်တည်ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်