နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီနဲ့ ကစားသမားသစ် မက်ဆီရဲ့ ပထမဦးဆုံး မိတ်ဆက် သတင်းစာ ရှင်းလင်းပွဲ

ဘာစီလိုနာ ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာခဲ့တဲ့ မက်ဆီ ကတော့ ရက်ပိုင်း အတွင်းမှာပဲ ပြင်သစ် လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီနဲ့ အလျင်အမြန်ပဲ သဘောတူညီချက်ရခဲ့ပြီး ဒီနေ့ မှာတော့ အသင်းသစ်နဲ့ ပထမဦးဆုံး မိတ်ဆက် သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာခဲ့ပါတယ်။

ဘာစီလိုနာနဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝမ်းနည်းစွာ ငိုကြွေးခဲ့တဲ့ မက်ဆီကို ဒီနေ့မှာတော့ အပြုံးမျက်နှာနဲ့ ပြန်လည် မြင်တွေ့ခဲ့ရပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက် တွေကို ပြည့်ပြည့်စုံစုံ ဖြေကြားသွားခဲ့ပါတယ်။ ဒါကြောင့် အခုတစ်ခါ မှာတော့ လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ ကစားသမားသစ် ဖြစ်လာသူ မက်ဆီရဲ့ ဖြေကြားချက် တချို့ကို SBOTOPနဲ့ သူရဲ့ ပရိသတ်တွေ အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။
 

 

အဖွင့်စကား

မက်ဆီ – “ပြီးခဲ့တဲ့ ရက်က ကျနော် ဘာစီလိုနာက ထွက်ခွာလာအခါမှာ ဘယ်လောက်အထိ ခက်ခဲခဲ့တယ် ဆိုတာ အားလုံးလည်း သိကြမှာပါ။ ဘာလို့လဲ ဆိုတော့ အဲ့ဒီမှာ ကျနော်က နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူ တစ်ယောက်လေ။ ဒါပေမယ့် ဒီကို ရောက်တဲ့ အချိန်မှာ ကျနော် အနေနဲ့ အရမ်းကို ပျော်စရာကောင်းတယ်လို့ ခံစားမိတယ်။ ပြီးတော့ လေ့ကျင့်ခန်း ဆင်းဖို့လည်း အရမ်းကို စိတ်အားထက်သန် နေပါတယ်။ အသင်းဖော်တွေနဲ့ရော နည်းပြနဲ့ပါ တွေ့ဆုံဖို့ မစောင့်နိုင်တော့ပါဘူး။ ဥက္ကဌ လီယိုနာဒိုနဲ့ တကွ ကျနော့်ရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ လုပ်ဆောင်ပေးခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ သူတို့ အနေနဲ့ ဘာစီလိုနာနဲ့ သတင်းစာ ရှင်းလင်းပွဲ အပြီးမှာပဲ အပြောင်းအရွှေ့ အတွက် လျင်လျင်မြန်မြန် လုပ်ဆောင်ခဲ့ကြပါတယ်။ တကယ့်ကို ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုပါ။ ကျနော့် အတွက် လုပ်ဆောင်ပေးခဲ့ကြတဲ့ ပီအက်စ်ဂျီ အသင်းက လူတိုင်းကို ကျေးဇူးတင်ပါတယ်။
 
မေး – အန်ဘာပေး၊ နေမာတို့နဲ့ တွဲဖက် ကစားရမယ် ဆိုရင်…

မက်ဆီ – သူတို့လို အကောင်းဆုံး ကစားသမားတွေ အပါအဝင် ဒီမှာ ရှိတဲ့ ကစားသမားတွေ အားလုံးနဲ့ နေ့စဉ် နေ့တိုင်း တွဲဖက် ကစားရတော့မှာ ဖြစ်လို့ အရမ်းကို ဝမ်းသာမိပါတယ်။ သူတို့နဲ့ လေ့ကျင့်ခန်း အတူတူ စဆင်းဖို့ မအောင့်နိုင်တော့ပါဘူး။ အဲ့ဒီလိုမျိုး နေ့တိုင်း လုပ်ဆောင်ရတယ် ဆိုတာ ကလည်း အရမ်းကို ကောင်းပါတယ်။
 
မေး – စတင် ကစားမယ့် အချိန်…

မက်ဆီ – ကျနော့် အနေနဲ့ တစ်လလောက် ဘောလုံး မကစားထားတဲ့ အတွက် နည်းပြနဲ့ရော၊ နည်းပြ အဖွဲ့ဝင် တွေနဲ့ပါ ကျနော် တွေ့ဆုံထားပြီးပါပြီ။ ရက်အတိအကျ မပြောနိုင်ပေမယ့် ကျနော် ကစားဖို့ အဆင််သင့်ဖြစ်ပြီ ဆိုတာနဲ့ ကျနော် ကစားပါမယ်။
 
မေး – ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဖလား ရနိုင်မလား။

မက်ဆီ – မလွယ်ကူပါဘူး။ ကမ္ဘာ့အကောင်းဆုံး အသင်းကို ပိုင်ဆိုင်ခွင့်ရမယ် ဆိုရင်တောင် ချန်ပီယံ မဖြစ်နိုင်ပါဘူး။ ဘောလုံးမှာ အသေးအဖွဲလေးက အစ ပြောင်းလဲသွားနိုင်ပါတယ်။ ချန်ပီယံလိဂ်ဟာ ခက်ခဲတယ် ဆိုတာ ပဲရစ်တို့ သိမှာပါ။ အကယ်၍ ကျနော်တို့ဟာ  စည်းလုံးမှု ရှိမယ် ဆိုရင်တော့ အတောင့်တင်းဆုံး ဖြစ်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ မသိဘူးပေါ့နော်။ ပြိုင်ပွဲက အခွင့်အရေး ပေးပါတယ်။ ဒါပေမယ့် အဲ့ဒီ အခွင့်အရေးကို ရှာဖွေ့ တွေ့ရှိ ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ချန်ပီယံလိဂ် ဖလား မရဘူးသေးတဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းတွေ အများကြီး ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲ ဖြစ်နေလို့ပါ။
 
မေး – ပီအက်စ်ဂျီကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။

မက်ဆီ – ဒီရာသီမှာ အကောင်းဆုံး ဖြည့်တင်းမှုတွေ ပြုလုပ်ထားတဲ့ ကလပ် ဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကလည်း ချန်ပီယံလိဂ်ဖလား ရဖို့ နီးစပ်ခဲ့တယ်။ ကျနော့် အနေနဲ့ ဒီအသင်းကို ပြောင်းရွှေ့လာတာဟာ အကောင်းဆုံး ပေးဆပ်ကစားဖို့ပါ။ ကျနော့်ရဲ့ ရည်ရွယ်ချက်က နောက်ထပ် ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်နိုင်ဖို့ ဖြစ်ပြီး ဒီအတွက်လည်း ကျနော့် အတွက် နေရာမှန်ကို ရောက်ရှိနေပြီလို့ ပြောချင်ပါတယ်။

လီဂူးဝမ်း ကလပ်ထံ ၂ နှစ် စာချုပ် ကိုမှ ၁ နှစ် သက်တမ်း တိုးခွင့်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်လို့ အနည်းဆုံး ဘောလုံး ရာသီ နှစ်ခုအကြာ မြင်တွေ့ရဖို့ ရှိပါတယ်။
ပီအက်စ်ဂျီ အသင်းမှာ တစ်နှစ် လုပ်ခ လစာ ပေါင် ၂၅ သန်းအထိ ရရှိမယ့် မက်ဆီ

မေး – နေမာနဲ့ ပြန်လည် တွဲဖက်ကစားရတဲ့ အခါ…

မက်ဆီ – ကျနော် သူ့အကြောင်း ကောင်းကောင်း သိပါတယ်။ ရည်မှန်းချက် တူတဲ့ အသင်းဖော်တွေနဲ့ ကစားရဖို့ မစောင့်နိုင်တော့ပါဘူး။ တစ်သင်းစီ မကွဲကွာသေးတဲ့ အချိန်တုန်းက ဆိုရင် ကျနော်တို့ နှစ်ယောက် အတူတူ တွဲဖက် ကစားရင် ပိုကောင်းတယ်လို့ ကျနော် တွေ့မိခဲ့တယ်။ နေမာဟာ ကျနော် ဒီကို ရောက်ရှိခဲ့ခြင်းရဲ့ အကြောင်းအရင်း တွေထဲက တစ်ခု ဖြစ်ပါတယ်။ နောက်ပြီး အသင်းဖော်တွေ အားလုံးနဲ့ သိပြီးသားပါ။ မကြာခဏလည်း တွေ့ဆုံခဲ့ဖူးပါတယ်။
 
မေး – လီဂူးဝမ်း အပေါ် အမြင်

မက်ဆီ – ကျနော် လီဂူးဝမ်း အကြောင်းကို လေ့လာထားပြီးသားပါ။ ပါရီမှာ ကျနော့် သူငယ်ချင်းတွေ အများကြီး ရှိပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်တစ်ခုပါ။ တခြားအသင်းတွေ အားလုံးကလည်း အကောင်းဆုံး ပြင်ဆင်ထားသလို အားလုံးက ပဲရစ်ကို နိုင်ချင်ကြပါတယ်။ ကျနော် ဒီနေရာမှာ ရှိနေရတဲ့ အတွက် ပျော်ပါတယ်။
 
မေး – ပိုချက်တီနို အပေါ်အမြင်

မက်ဆီ – နည်းပြနဲ့ နည်းပြ အဖွဲ့ဝင်တွေဟာ အသင်းပြောင်းဖို့ သဘောတူညီချက် အတွက် ကြီးမားတဲ့ အခန်း ကဏ္ဍ ကနေ ပါဝင်ခဲ့ကြပါတယ်။ နည်းပြနဲ့ တိုက်ရိုက် စကားပြောတဲ့ အချိန်ထဲက ဖြစ်နိုင်မယ် ဆိုတာ သိခဲ့ပါတယ်။ ကျနော်တို့ နှစ်ယောက်လုံးဟာ အာဂျင်တီးနားသားတွေ ဖြစ်နေလို့ အဆင်ပိုပြေခဲ့တယ် ပီအက်စ်ဂျီရဲ့ နည်းစနစ်ပိုင်း ဆိုင်ရာ ဝန်ထမ်းတွေ ကလည်း ကျနော် ဆုံးဖြတ်ချက်ချနိုင်အောင် ကူညီခဲ့တယ်။
 
မေး – ဗာရက်တီ အပေါ်အမြင်

မက်ဆီ – သူဟာ အရမ်းကောင်းတဲ့ ကစားသမားသမားပါ။ သူကစားတဲ့ နေရာမှာ သူအကောင်းဆုံး လုပ်နိုင်တယ် ဆိုတာ ပြသထားခဲ့ပြီးသားပါ။ ဗာရက်တီဟာ ထူးခြားပြီး အံ့အားသင့်လောက်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ ကစားသမားပါ။ ပြီးတဲ့ သူဟာ အရေးပါတဲ့ ကစားသမားပါ။ ပီအက်စ်ဂျီ အတွက် သူနဲ့အတူတူ စွမ်းဆောင်ပေးချင်ပါတယ်။

မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပေမယ့် စာချုပ် လက်မှတ်ထိုးကြေး ပေါင် ၂၅ သန်းနဲ့ တစ်နှစ်လုပ်ခ လစာ ပေါင် ၂၅ သန်းအထိ ရရှိမှာ ဖြစ်ပါတယ်။ လီဂူးဝမ်း ကလပ်ထံ ၂ နှစ် စာချုပ် ကိုမှ ၁ နှစ် သက်တမ်း တိုးခွင့်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်လို့ အနည်းဆုံး ဘောလုံး ရာသီ နှစ်ခုအကြာ မြင်တွေ့ရဖို့ ရှိပါတယ်။ လက်တလော မှာ‌တော့ ကျောနံပါတ် ၃၀နဲ့ မက်ဆီရဲ့ အသင်းဂျာဆီ အားလုံး ကတော့ ရောင်းထွက်သွားခဲ့ပြီလို့ သိရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်