နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ကျဂိုးတွေနဲ့ ပရီးမီးယားလိဂ် နိုင်ပွဲဆက်တဲ့ ယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် ၃ – ၁ ဘန်လေ

မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဘန်လေ တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ မှာတော့ ယူနိုက်တက်တို့ နောက်ကျဂိုး ၂ ဂိုးတွေနဲ့အတူ ဘန်လေကို အနိုင်ရသွားခဲ့ပါတယ်။ ယူနိုက်တက်တို့ ဒီနေ့ပွဲမှာတော့ နိုင်ပွဲရဖို့ ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ် သေချာမှုနဲ့အတူ ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ ဒီနေ့ပွဲမှာတော့ တိုက်စစ်မှာ မေဆင်ဂရင်းဝုဒ်ကို အထောင်ထားပြီး ရက်ရှ်ဖို့ဒ်နဲ့ ပေါ့ဘာကို တောင်ပံမှာ ကစားစေခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ဘရူနိုဖာနန်ဒက်စ်၊ မက်တော်မီနေး၊ ဖရက်ဒ်၊ နောက်တန်းမှာ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ ဝမ်ဘစ်ဆာခါ၊ လုခ်ရှော၊ ဂိုးမှာတော့ ဒင်းန် ဟန်ဒါဆင်ပါဝင်လာပါတယ်။ ဘန်လေ ကတော့ ခရစ္စဝုဒ်၊ ဝက်စ်ဝုဒ်၊ ဘရောင်းဟေးလ်၊ မက်နေးလ်၊ ဘန်မီး၊ တာကောစကီး တို့လို အဓိကကစားသမားတွေနဲ့ ယူနိုက်တက်ကို ရင်ဆိုင်ခဲ့ပါတယ်။ ယူနိုက်တက်တို့ ပထမပိုင်း ပွဲစချိန်ကတည်းက ဘန်လေ ဘက်ကို တိုက်စစ်ဆင် ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိခဲ့တာနဲ့ ဘန်လေ နောက်တန်းရဲ့ မာကျောမှုကြောင့် ဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ၀-၀ ရလဒ်နဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဖရက်ဒ်အစား ကာဗာနီ ဝင်လာပြီး တိုက်စစ်က ပိုပြီးသွက်လာခဲ့သလို ၄၈ မိနစ်မှာတော့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ရက်ရှ်ဖို့ဒ်ရဲ့ပေးပို့မှုကနေ ဘရူနိုဖာနန်ဒက်စ် ပါးပါးနပ်နပ် ဟပေးလိုက်တာက ဂရင်းဝုဒ်က ပြေးဝင် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂ မိနစ် အကြာမှာ ဒေါင့်ကန်ဘောကနေ တစ်ဆင့် ဘန်လေ နောက်ခံလူ တာကောစကီးက ချေပဂိုးသွင်းပေးခဲ့လို့ ၁-၁ ရလဒ် ဖြစ်နေခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဆိုးလ်ရှားအနေနဲ့ ရက်ရှ်ဖို့ဒ်အစား ဗန်ဒီဘိခ်ကို ဝင်ရောက်ကစားစေခဲ့ပြီး ၈၄ မိနစ်မှာ ဒုတိယဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ပေါ့ဘာရဲ့ ပေးပို့မှုကနေပဲ ဂရင်းဝုဒ်က ဧရိယာထိပ်ကနေ လှလှပပ ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နာကျင် အချိန်ပို ၃ မိနစ် မှာတော့ ကာဗာနီက ဗန်ဒီဘိခ်ထိုးပေးတဲ့ ဘောလုံးကို အကောင်းဆုံး သတ်ပေးခဲ့လို့ ယူနိုက်တက်တို့ ပွဲအပြီးမှာ ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲကြုံခဲ့တဲ့ ဘန်လေကတော့ ရမှတ် ၃၃ မှတ်နဲ့ တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၆ မှတ် အကွာ အဆင့် ၁၇ နေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ ဘန်လေ

 

ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက်တို့ အစောပိုင်းပွဲကစားချိန်တွေမှာ သွင်းဂိုးတွေ ရဖို့ ရုန်းကန်ခဲ့ရပေမယ့် ဂရင်းဝုဒ်၊ ကာဗာနီတို့ရဲ့ ခြေစွမ်းပြ သွင်းဂိုးတွေနဲ့ အတူ ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။ ဂရင်းဝုဒ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီး ၄ ဂိုးအထိ ရရှိခဲ့သလို ကာဗာနီ ကတော့ ပြိုင်ပွဲစုံ ၃ ပွဲ ဆက် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခု ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီတီးနဲ့ ၈ မှတ်အကွာ ဒုတိယနေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်  နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲကြုံခဲ့တဲ့ ဘန်လေကတော့ ရမှတ် ၃၃ မှတ်နဲ့ တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၆ မှတ် အကွာ အဆင့် ၁၇ နေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။

 

လာမယ့်ပွဲစဉ်များ

လာမယ့်တစ်ပတ် တနင်္ဂနွေနေ့မှာတော့ မန်ချက်စတာယူနိုက်တက် က လိဒ်စ်ယူနိုက်တက်နဲ့ ကစားဖို့ရှိပြီး ဘန်လေ ကတော့ ဝုဗ်နဲ့ ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်