နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှားပေါင်းများစွာနဲ့ ယူရိုပါလိဂ် ဆင်းကန်ရဖို့ သေချာနေခဲ့တဲ့ မန်ချက်စတာယူနိုက်တက် – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

အာဘီလိုက်ပ်ဇစ် ၃ – ၂ မန်ချက်စတာယူနိုက်တက်

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ လိုက်ပ်ဇစ်ကို အဝေးကွင်းမှာ အရေးနိမ့်သွားခဲ့လို့ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ရဖို့ ရာနှုန်းပြည့်နီးပါး သေချာနေခဲ့ပြီလည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းကစားခဲ့တဲ့ အုပ်စုတွင်း ပွဲစဉ်မှာ ပီအက်စ်ဂျီနဲ့ အစ္စတန်ဘူလ် ဘဆက်ခ်ရှီးယားတို့ လူမျိုးရေး ခွဲခြားမှု ပြသနာကြောင့် ပွဲပျက်ခဲ့ရလို့ ပြန်ကန်ပွဲပြီးတဲ့ အချိန်မှာ ပီအက်စ်ဂျီ အကြီးအကျယ်ဂိုးပြတ် အရေးနိမ့်မှပဲ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ ဆိုတာ မျှော်လင့်နိုင်မှာပါ။
 

ပွဲစဉ် အကျဉ်းချုပ်

အာဘီလိုက်ပ်ဇစ်တို့ အနေနဲ့ မနှစ်က ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ် အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီး အခုနှစ်မှာလည်း ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ လက်စားပြန်ချေနိုင်ခဲ့တဲ့ အာဘီလိုက်ပ်ဇစ်

မန်ချက်စတာယူနိုက်တက်တို့ အခု ချန်ပီယံလိဂ် ပွဲစဉ်ကို အဝေးကွင်းမှာ လာရောက်ကစားခဲ့ရလို့ အနိမ့်ဆုံး သရေ တစ်မှတ် မျှော်လင့်ချက်နဲ့ အားစိုက်ကစားခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှာ ပထမအကျော့က အတိုင်း ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ် တို့ကို ပွဲထွက် ကစားစေခဲ့ပြီး ကွင်းလယ်မှာ ဖာနန်ဒက်စ်၊ အဲလ်က်စ်တဲလက်စ်၊ တော်မီနေး၊ မားတစ်၊ ဘစ်ဆာခါ၊ နောက်တန်းမှာ လုခ်ရှော၊ ဟယ်ရီမက်ဂွိုင်းယား၊ လင်ဒီအော့ဖ် တို့နဲ့ အိမ်ရှင်အသင်းကို ရင်ဆိုင်လာခဲ့ပါတယ်။ လိုက်ပ်ဇစ် ကတော့ တိုက်စစ်မှာ အိုလ်မို၊ ဖော့ဘတ်၊ အန်ကန်ကု၊ ဆဘစ်ဇာ၊ ဟိုက်ဒါရာ၊ ကမ်ပဲလ်၊ အိန်ဂျယ်လီနို၊ အော်ဘန်၊ ကိုနိတ်၊ မူကီလီ၊ ဂူလက်ဆီတို့လို အဓိက ကစားသမားတွေနဲ့ အိမ်ကွင်းမှာ အနိုင် ၃ မှတ် သေချာရယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပွဲချိ်န် ၂ မိနစ်ကတည်းက လိုက်ပ်ဇစ်ရဲ့ ဦးဆောင်မှုကို ခံခဲ့ရပြီး ၁၃ မိနစ်မှာ နောက်ထပ်တစ်ဂိုး ထပ်မံခွင့်ပြုခဲ့ရပြီး ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ဆိုးလ်ရှားက လူစားလဲမှုတွေ ဆက်တိုက်ပြုလုပ်ပြီး အသင်းရဲ့ ကစားပုံကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမယ့် ချေပဂိုးတွေ ရရှိချိန်နောက်ကျပြီး လုံလောက်မှုလည်း မရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာ လိုက်ပ်ဇစ်က နောက်တစ်ဂိုးထပ်သွင်းခဲ့လို့ ပွဲကပြီးသလောက်ဖြစ်သွားခဲ့ပြီး ဖာနန်ဒက်စ်က ပယ်နယ်တီ၊ မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ဂိုးတွေနဲ့ ၃-၂ ဆိုတဲ့ ရလဒ်ဖြစ်နေခဲ့ပြီး နောက်ဆုံးမိနစ်မှာ ချေပဂိုးရဖို့ အသည်းအသန်ကြိုးစားခဲ့ပေမယ့်လည်း အချည်းအနှီးသာ ဖြစ်ခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ ယူနိုက်တက်တို့ လိုက်ပ်ဇစ် နောက်တန်းကစားသမားတွေရဲ့ ရှင်းထုတ်မှုကနေ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးသမား ရဲ့ခြေထောက်နဲ့ထိခဲ့လို့ ယူနိုက်တက်တို့ ကံဆိုးခဲ့ရပါတယ်။ အာဘီလိုက်ပ်ဇစ်တို့ အနေနဲ့ မနှစ်က ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ် အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီး အခုနှစ်မှာလည်း ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အခုပွဲစဉ်ကို သုံးသပ်ရမယ်ဆိုရင် ဆိုးလ်ရှားရဲ့ လူထုတ်ပုံညံ့ဖျင်းမှု ကစပါတယ်။ ခံစစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့တဲ့  အပြင် ဂိုးသမား ဒီဂီယာကလည်း လက်စွမ်းမပြနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ဂိုးတွေကို အလွယ်တကူပဲ ခွင့်ပြုခဲ့ရပါတယ်။ ဂျုလီယန်နေဂဲလ်စ်မန်းကို သဘောကျတဲ့ အချက်တစ်ချက်က အားကစားသိပ္ပံ မေဂျာနဲ့ ဘွဲ့ရတဲ့ သူတစ်ယောက်ပီပီ ပွဲတစ်ပွဲကို လက်တွေ့ကျကျ ချဉ်းကပ်လေ့ရှိပြီး လုပ်သင့်လုပ်ထိုက်တာကို တွေဝေမှုမရှိပဲ အကောင်းဆုံး လုပ်လေ့ရှိတာ ဖြစ်ပါတယ်။ ဒီပွဲမှာလည်း လိုက်ပ်ဇစ်တို့ ထူးထူးခြားခြား ခြေစွမ်းထက်မြတ်ခဲ့တာကြောင့် မဟုတ်ပဲ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်တန်းအမှားတွေကို အကောင်းဆုံး အခွင့်ကောင်းယူပြီး  အဆုံးသတ် သေသေချာချာနဲ့ ဂိုးတွေသွင်းယူခဲ့လို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာ ယူနိုက်တက်တို့ လာမယ့် တနဂ်နွေနေ့မှာတော့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ဒါဘီပွဲစဉ်ကစားရဖို့ ရှိနေပြီးတော့ လိုက်ပ်ဇစ် ကတော့ ဝါဒါဘရီမင်အသင်းနဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ကစားဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်