နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗိုလ်လုပွဲ လက်မှတ်အတွက် ပြင်သစ်မြေမှာ စံရံ ကြိုသတ်သွားတဲ့ မန်ချက်စတာစီးတီး – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ပီအက်စ်ဂျီ ၁ – ၂ မန်ချက်စတာစီးတီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ဒုတိယပွဲစဉ် မှာတော့ မန်ချက်စတာစတီး တို့ အဝေးကွင်းမှာ ပီအက်စ်ဂျီကို အကြိတ်အနယ် ကစားပြီး ၁-၂ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ မန်ချက်စတာစီးတီးတို့ ပီအက်စ်ဂျီထက် စိတ်ဓာတ်ပိုင်း၊ အသင်းလိုက် ကစားပုံ၊ အဘက်ဘက်က အသာရခဲ့တာ တွေ့ရပြီး အခုပွဲရလဒ်ကြောင့် ဒုတိယအကျော့ အိမ်ကွင်း အီတီဟတ်မှာ ဖိအင်းကင်းကင်းနဲ့ ကစားပြီး ဗိုလ်လုပွဲ တက်ဖို့လည်း အခွင့်အရေး ပိုများသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ပီအက်စ်ဂျီတို့ အန်ဘာပေးကို အထောင်တိုက်စစ်မှူး နေရာမှာ ထားပြီး ဒီမာရီယာ၊ ဗာရက်တီ၊ နေမာတို့နဲ့ တိုက်စစ်ကိုပံ့ပိုးနိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ကွင်းလယ် အထိုင်မှာတော့ ဂါယာနဲ့ ပယ်ရီဒက်စ် တို့ကိုထားပြီး နောက်တန်း မှာတော့ ဖလော်ရန်ဇီ၊ ဘက်ကာ၊ မာကွင်ဟိုစ်၊ ကင်ပမ်‌ဘီ၊ ဂိုးမှာတော့ ကိုင်လာနားဗက်စ် ကိုပဲ အသုံးပြုခဲ့ပါတယ်။ ဂွာဒီယိုလာကတော့ ၄-၃-၃ ကစားကွက်နဲ့ပဲ အိမ်ရှင်အသင်းကို ရင်ဆိုင်ခဲ့ပြီး တိုက်စစ်မှာ ဒီဘရိုင်းနား၊ ဖိုဒန်၊ မားရက်ဇ်၊ ကွင်းလယ်မှာ ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗား၊ ဂွမ်ဒိုအန်၊ နောက်တန်းမှာတော့ ဂျွန်တုန်းစ်နဲ့ ရူဘင်ဒီးရာ့ဇ်ကို ဗဟိုခံစစ်နေရာမှာ တွဲပေးခဲ့ပြီး ဝေါလ်ကာ၊ ကန်ဆယ်လို၊ ဂိုးမှာတော့ အီဒါဆင်နဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ ပီအက်စ်ဂျီတို့ အိမ်ကွင်း အားသာချက်နဲ့ အတူ ပွဲစတာနဲ့ မန်ချက်စတာစီးတီး ဘက်ကို တရစပ် ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၁၅ မိနစ်မှာတော့ ဦးဆောင်ဂိုး စတင် ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ အသင်းခေါင်းဆောင် မာကွင်ဟိုစ်က ဒီမာရီယာ ကန်တင်ပေးတဲ့ ဒေါင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပါရီသားတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ခွင့်ရဖို့အတွက် ဆိုရင်တော့ မနှစ်ကလိုမျိုး ကစားဟန်၊ ခြေစွမ်းနဲ့ စိတ်ဓာတ်မျိုး မဖြစ်မနေ ပြန်ရဖို့ လိုအပ်သွားခဲ့ပါပြီ။
မန်ချက်စတာစီးတီးကို အသာမရခဲ့ဖူးတဲ့ ပီအက်စ်ဂျီ

ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက်မှာ မန်ချက်စတာစီးတီးတို့ ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် ပီအက်စ်ဂျီ နောက်တန်းနဲ့ ဂိုးသမားကို ကျော်ဖြတ်ဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကန်ဆယ်လိုအစား ဇင်ချန်ကို ဝင်လာခဲ့လို့ ပွဲက ပိုပြီး ကြည့်ကောင်းခဲ့ပြီး ဘောလုံးက ပီအက်စ်ဂျီ ဘက်ခြမ်းမှာပဲ ဝဲနေခဲ့ပါတတယ်။ ပွဲချိန် ၆၄ မိနစ်မှာတော့ ဧရိယာထိပ် ခပ်လှမ်းလှမ်းကနေ ကီဗင်ဒီဘရိုင်းနား မထင်မှတ်ပဲ လှမ်းကန်သွင်းခဲ့တဲ့ ဘောလုံးဟာ ဂိုးထဲကို ဝေ့ဝိုက်ဝင်သွားခဲ့လို့ မန်ချက်စတာစီးတီးတို့ ချေပဂိုးစရခဲ့ပါတယ်။ ဂိုးရသွားလို့ စိတ်ဓာတ်ပိုတက်သွားတဲ့ စီးတီး တို့ကပဲ နောက်ထပ် သွင်းဂိုးတွေ ထပ်ရဖို့ ပီအက်စ်ဂျီ နောက်တန်းကို ပိုမိုဖိအားပေးလာခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာ‌ ပယ်ရီဒက်စ်ကြောင့် မန်ချက်စတာစီးတီးတို့ ဂိုးဧရိယာထိပ်မှာ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြန်ပါတယ်။ အဲ့ဒီပြစ်ဒဏ်ဘောကို ဒီဘရိုင်းနားနဲ့ ဖိုဒန် တို့ ကန်မယ်ထင်ခဲ့ရပေမယ့် မားရက်ဇ်က မထင်မှတ်ပဲ လူတံတိုင်းကြားကနေ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ကန်ချက်ကလည်း ကောင်းမွန်ခဲ့သလို မြင်ကွင်းလည်း ပိတ်နေတာကြောင့် ဂိုးသမား ကိုင်လာ နားဗက်စ် လှုပ်ချိန်တောင် မရလိုက်ပဲ ဂိုးထဲဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲရဲ့ ရလဒ်ကို အမှန်တကယ် ထုတ်ပေးခဲ့သူ ကတော့ ဂါယာ ဖြစ်ပြီး ပွဲချိန် ၇၇ မိနစ်မှာ ဂွမ်ဒိုအန်ကို ဖျက်ထုတ်ပုံ ံကြမ်းတမ်းခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရပါတယ်။ သွင်းဂိုးတွေ လိုအပ်နေချိန်မှာ ကစားသမား တစ်ယောက်လျော့သွားခဲ့တဲ့ ပီအက်စ်ဂျီတို့ ချေပဂိုး ပြန်ရဖို့ထက် ဂိုးမပေးရအောင်ပါ ထိန်းချုပ်ကစားခဲ့ရပါတယ်။ ဒါ့ကြောင့် ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး မန်ချက်စတာစီးတီးတို့ အနိုင်ရလဒ်အပြင် အဝေးဂိုးတွေပါ ပါဆယ်ဆွဲ သွားနိုင်ခဲ့တာကြောင့် အသင်းသမိုင်း တစ်လျှောက် ပထမဦးဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ဖို့ အကောင်းဆုံး အခြေအနေ တစ်ခု ပိုင်ဆိုင်သွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဂွာဒီယိုလာရဲ့ အသင်းက တကယ် ဖြစ်ချင်လို့ကို တကယ်လုပ်နေပြီဆိုတာ တစ်ပွဲပြီးတစ်ပွဲ ပိုသေချာလာပါတယ်။ နှစ်သင်းစလုံးဟာ ငွေကြေး အားကိုးပြီး အောင်မြင်မှု ရှာဖွေချင်တဲ့ အသင်းတွေ ဖြစ်ပေမယ့် ဂွာဒီယိုလာရဲ့ လက်အောက်မှာ အသားကျလာတဲ့ မန်ချက်စတာစီးတီးတို့က ပီအက်စ်ဂျီ ထက် နိုင်ပွဲဆာလောင်စိတ် ပိုများခဲ့သလို ပိုပြီးလည်း တည်ငြိမ်ခဲ့ ပါတယ်။ မန်စီးတီး နောက်တန်းရဲ့ ထိန်းချုပ်မှုအောက်မှာ နေမာ ကိုယ်တိုင် ဘာမှမလုပ်နိုင်ခဲ့ပဲ အန်ဘာပေး အနေနဲ့ ကလည်း ဂိုးပေါက်ခြိမ်းခြောက်မှု တစ်ကြိမ်တောင် မပြုမလုပ်နိုင်ခဲ့တာက တော်တော်လေးတော့ ဆိုးပါတယ်။ ပီအက်စ်ဂျီတို့ အိမ်ကွင်းမှာ အဝေးဂိုး ၂ ဂိုးပေးပြီး ရှုံးလိုက်ရလို့ လာမယ့် ဒုတိယအကျော့မှာ မန်ချက်စတာမြေ အထိသွားပြီး ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ ပါရီသားတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ခွင့်ရဖို့အတွက် ဆိုရင်တော့ မနှစ်ကလိုမျိုး ကစားဟန်၊ ခြေစွမ်းနဲ့ စိတ်ဓာတ်မျိုး မဖြစ်မနေ ပြန်ရဖို့ လိုအပ်သွားခဲ့ပါပြီ။
 

လာမယ့်ပွဲစဉ်များ

ပီအက်စ်ဂျီတို့ လာမယ့်ရက်မှာတော့ လန်းစ် အသင်းနဲ့ အရေးပါတဲ့ လီဂူးဝမ်းပွဲစဉ် ကစားရဦးမှာ ဖြစ်ပြီး မန်ချက်စတာစီးတီးကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားရမှာ ဖြစ်လို့ ပွဲချောင်နေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်