နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အေခီရဲ့ နောက်ကျဂိုးနဲ့ စပါးကို အသဲခွဲခဲ့တဲ့ မန်စီးတီး | အက်ဖ်အေဖလား (ပွဲပြီးသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး – မန်ချက်စတာစီးတီး 

အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေထဲက အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာစီးတီးတို့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ မန်စီးတီးတို့ စပါးကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးရဖို့ ခက်ခဲခဲ့ပြီး နေသန် အေခီရဲ့ ပွဲပြီးခါနီး သွင်းဂိုးကြောင့်သာ နိုင်ပွဲနဲ့ အတူ အက်ဖ်အေဖလား နောက်တစ်ဆင့် တက်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ စပါးရော မန်စီးတီးပါ အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး စပါး ဘက်မှာ ဗီကာရီယို၊ ဗန်ဒီဗန်၊ ရိုမဲယို၊ ပေါ်ရို၊ အူဒိုဂီ၊ ဟွိုက်ဘယက်ဂျ်၊ ဘန်တန်ကာ၊ ကူလူဆက်ဗ်စကီး၊ ဂျွန်ဆင်၊ ဗာနာ၊ ရစ်ချာလီဆင်တို့ ပါဝင်လာခဲ့ပါတယ်။ မန်စီးတီး ဘက်မှာတော့ အော်တီဂါ၊ အေခီ၊ ဒီးရာ့စ်၊ ဝေါလ်ကာ၊ ဂဗာဒီယိုလ်၊ ရိုဒရီ၊ ကိုဗာချစ်၊ ဖိုဒန်၊ ဘော့ဘ်၊ ဆေးလ်ဗားနဲ့ အဲလ်ဗာရက်ဇ်တို့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး တိုက်စစ်ကို တစ်ပွဲလုံး တောင့်ခံလာခဲ့တဲ့ စပါး အတွက်တော့ နှမြောစရာ ကောင်းခဲ့ပြီး မန်စီးတီး ကတော့ အက်ဖ်အေဖလား လက်ရှိ ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ နိုင်ပွဲကို ရအောင် ယူသွားခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် အနိုင်ရခဲ့တဲ့ မန်စီးတီး

ပွဲချိန်တော်တော်များများ မန်စီးတီးတို့ တစ်ကွင်းလုံး လွှမ်းမိုးထားနိုင်ခဲ့ပြီး စပါး ကတော့ တန်ပြန် တိုက်စစ်ကိုပဲ အားပြုဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ မန်စီးတီးဟာ တစ်ပွဲလုံး အတိုင်းအတာနဲ့ စပါး ဂိုးပေါက်ကို ၁၈ ကြိမ် အထိ ခြိမ်းခြောက်နိုင်ခဲ့ပြီး စပါး ကတော့ ၁ ကြိမ်သာ ပြန်လည် ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲစပြီး ၆ မိနစ် မှာတင်ပဲ လူငယ်ကစားသမားလေ ဘော့ဘ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် မန်စီးတီးတို့ ဦးဆောင်ဂိုး မရခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မန်စီးတီး တိုက်စစ်မှူး အဲလ်ဗာရက်ဇ်၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဒီဘရိုင်းနားတို့ အဆုံးသတ် လွဲချော်မှုတွေနဲ့ ဂိုးသမား ဗီကာရီယိုရဲ့ ကာကွယ်မှုတွေကြောင့် စပါးတို့ သက်သာရာရခဲ့ပြီး စပါး နောက်တန်းရဲ့ အလွဲလွဲ အချော်ချော် လုပ်မှုတွေကလည်း စိတ်ပျက်စရာပါ။

လာလီဂါ
ဆယ်တာဗီဂို
ဂျီယိုနာ
1X2 ဆယ်တာဗီဂို @ 2.85
ဂျီယိုနာ အာရှ ဟန်းဒီးကပ် -0.25 @ 2.12
ဂိုးပေါ် 2.75 @ 2.02
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီလိုနဲ့ပဲ ပွဲကစားချိန် ၈၈ မိနစ် အရောက် မှာတော့ မန်စီးတီးတို့ လိုအပ်နေတဲ့ သွင်းဂိုးရခဲ့ပြီး ဒီဘရိုင်းနားရဲ့ ဒေါင့်ကန်ဘောက တဆင့် ဗီကာရီယို ပုတ်ထုတ်ခဲ့ပေမယ့် ပြန်ကျလာတဲ့ ဘောလုံးကို အေခီက အမိအရ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး တိုက်စစ်ကို တစ်ပွဲလုံး တောင့်ခံလာခဲ့တဲ့ စပါး အတွက်တော့ နှမြောစရာ ကောင်းခဲ့ပြီး မန်စီးတီး ကတော့ အက်ဖ်အေဖလား လက်ရှိ ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ နိုင်ပွဲကို ရအောင် ယူသွားခဲ့တာ ဖြစ်ပါတယ်။ စပါး အတွက် ကတော့ ဒီရာသီမှာ ဆက်လက် ပြိုင်ပွဲ ဝင်စရာ ပရီးမီးယားလိဂ် တစ်ခုတည်းသာ ကျန်ရှိတော့တာကြောင့် တတ်နိုင်သမျှ ဆက်လက် အားစိုက်ရတော့မှာ ဖြစ်ပါတယ်။

စပါးဟာ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိပြီးတော့ မန်စီးတီး ကတော့ ဘန်လေနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်