နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျာမန်ကလပ်ကို နှစ်ကျော့ပေါင်း ၄ ဂိုးပြတ်အနိုင်ရပြီး နောက်တစ်ဆင့်တက်ခဲ့တဲ့ မန်ချက်စတာစီးတီး – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာစီးတီး ၂ – ၀ မိုချင်ဂလတ်ဘတ်

ယနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့မှာ မန်ချက်စတာစီးတီးတို့ မိုချင်ဂလတ်ဘတ်ကို ၂ ဂိုးပြတ်နဲ့ ထပ်မံအနိုင်ရခဲ့လို့ နှစ်ကျော့ပေါင်း ၄ ဂိုးပြတ်နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့် တက်လှမ်းသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကွင်းလယ်က ကီဗင်ဒီဘရိုင်းနား အထူးခြေစွမ်းပြ ကစားသွားခဲ့ပြီး ကွင်းလယ်ပိုင်း အသာစီးရယူ ကစားနိုင်ခဲ့လို့ လွယ်ကူတဲ့ နိုင်ပွဲ တစ်ပွဲ ဖြစ်ခဲ့ပါတယ်။

ပထမအကျော့တုန်းက ဂျာမန်ကလပ်ကို အဝေးကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရထားတဲ့ မန်ချက်စတာစီးတီးတို့ ဒုတိယအကျော့ မကစားခင် ကတည်းက နောက်တစ်ဆင့် တက်ဖို့ အခြေအနေ ကောင်းနေခဲ့လို့ အခုပွဲမှာ ဖိအားကင်းကင်းနဲ့ ကစားနိုင်ခဲ့ကြပါတယ်။ ပပ်ဂွာဒီယိုလာ အနေနဲ့ ပုံမှန် ပွဲထွက်နေကြ လူစာရင်းကို အနည်းငယ် အပြောင်းအလဲ လုပ်ခဲ့ပြီး တိုက်စစ်မှာ ဘာနာဒို ဆေးလ်ဗားကို အထောင်ထားပြီး တောင်ပံနှစ်ဖက် မားဟက်ဇ်၊ ဖေးလ်ဖိုဒန်၊ နောက်ချန်တိုက်စစ်နေရာမှာ ကီဗင် ဒီဘရိုင်းနားကို အသုံးပြုခဲ့ပါတယ်။ ကွင်းလယ်အထိုင်ပိုင်းမှာ ရိုဒရီ၊ ဂွမ်ဒိုအန်၊ နောက်တန်းမှာ ဝေါလ်ကာ၊ ဂျွန်စတုန်းစ်၊ ရူဘင်ဒီရာ့ဇ်၊ ဂျာအိုကန်ဆယ်လို၊ ဂိုးမှာ အီဒါဆင်တို့ ပါဝင်လာပါတယ်။ မိုချင်ဂလတ်ဘတ် ဘက်မှာ‌တော့ အိုဘိုလို၊ စတင်ဒဲလ်၊ ဟော့ဖ်မန်း၊ အဲလ်ဗက်ဒီ၊ ဂင်တာ၊ ဆွန်မာတို့လို အမာခံ ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ မန်ချက်စတာစီးတီး ကွင်းလယ်က တော်တော်လေး လွှမ်းမိုးနိုင်ခဲ့ပြီး ကီဗင် ဒီဘရိုင်းနားရဲ့ ဦးဆောင်မှုနောက်မှာ လျင်လျင်မြန်မြန်နဲ့ တိုက်စစ်ကို ပုံဖော်နိုင်ခဲ့ပါတယ်။ မန်ချက်စတာစီးတီး အတွက် အနိုင်ဂိုးတွေကိုတော့ ကီဗင် ဒီဘရိုင်းနားနဲ့ ဂွမ်ဒိုအန်တို့က တောင်ပံနှစ်ဖက်က မားဟက်ဇ်နဲ့ ဖေးလ်ဖိုဒန်တို့ရဲ့ ပံ့ပိုးပေးမှုကနေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

မိုချင်ဂလတ်ဘတ်ကတော့ နှစ်ပေါင်းများစွာ အကြာမှ ပြန်လည်ကစားခွင့်ရခဲ့တဲ့ ချန်ပီယံလိဂ် အိမ်မက်ကတော့ ဒီမှာတင်ပဲ ရပ်တန့်ခဲ့ရပါတယ်။
ပြိုင်ပွဲစုံ ၇ ပွဲဆက် ရှုံးပွဲတွေ့ခဲ့တဲ့ မိုချင်ဂလတ်ဘတ်

ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် မန်ချက်စတာစီးတီးတို့ တစ်ပွဲလုံး အတိုင်းအတာ အနေနဲ့ ဘောလုံးပေးပို့မှု ၇၈၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဒါကို ကြည့်ခြင်းအားဖြင့် မိုချင်ဂလတ်ဘတ် တို့ထက် ထက်ဝက်နီးပါး အသာရခဲ့တာ တွေ့ရပါတယ်။ ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းမှာလည်း မန်ချက်စတာစီးတီးတို့ ၁၀ ကြိမ် ရှိခဲ့ပြီး ၆ ကြိမ် ကတော့ ဂိုးပေါက်တည့်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးတို့ အခုနိုင်ပွဲကြောင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို နှစ်နှစ်ဆက် တက်ရောက်နိုင်ခဲ့ပါတယ်။ မိုချင်ဂလတ်ဘတ်ကတော့ နှစ်ပေါင်းများစွာ အကြာမှ ပြန်လည်ကစားခွင့်ရခဲ့တဲ့ ချန်ပီယံလိဂ် အိမ်မက်ကတော့ ဒီမှာတင်ပဲ ရပ်တန့်ခဲ့ရပါတယ်။

 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာစီးတီးတို့ လာမယ့် မတ်လ ၂၁ ရက်နေ့ မှာ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပြီး မိုချင်ဂလတ်ဘတ်ဟာလည်း ရှော်ကီနဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်