နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိဒ်စ်ယူနိုက်တက် – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ပရီးမီးယားလိဂ်ကို ၁၆ နှစ်အကြာမှ တကျော့ပြန် တက်လှမ်းလာခဲ့တဲ့ လိဒ်စ်ယူနိုက်တက် တို့ရဲ့ ဒုတိယ ရာသီ ခရီး အစ ကတော့ ထင်ထားတာထက် ပိုပြီး ခက်ခဲနေခဲ့ပြီလို့ပဲ ဆိုရပါမယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားသလို တန်းဆင်းဇုန်ရဲ့ အထက်မှာ ရပ်တည်နေတဲ့ လိဒ်စ်တို့ ခြေစွမ်း ပြန်တက်နေပြီး နိုင်ပွဲ ဆက်နေတဲ့ ဝုဗ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ကျိန်းသေပေါက် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာဦးမှာပါ။

အစောပိုင်းမှာ မကြာခဏ ပြောခဲ့သလိုပဲ လိဒ်စ်ယူနိုက်တက်တို့ နည်းပြကြီး မာဆယ်လို ဘီရဲယ်ဆာရဲ့ ခေါင်းမာမှုနဲ့ အတူ လက်ရှိ ရာသီမှာတော့ ရလဒ်ကောင်းဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရပါပြီ။ မနှစ်က ပရီးမီးယားလိဂ် မှာ မထင်မှတ်ထားတဲ့ ခြေစွမ်း‌တွေနဲ့ အတူ အဆင့် ၉ နေရာ ကနေ ရာသီသိမ်းနိုင်ခဲ့တဲ့ လိဒ်စ်တို့ ဒီရာသီ မှာတော့ နိုင်ပွဲ ၁ ပွဲသာ ရရှိထားပြီး သရေ ၃ ပွဲ၊ ရှုံးပွဲ ၄ ပွဲ အထိ ရှိထားခဲ့တာ တွေ့ရပါတယ်။ ပွဲစဉ် ၇ မှာ အနိုင် ၃ မှတ် ရခဲ့တယ် ဆိုတာလည်း ဝက်ဖို့ဒ်လို အဘက်ဘက်က ကျဆင်းနေတဲ့ အသင်း ဆီက ဖြစ်လို့ လိဒ်စ်ယူနိုက်တက်ရဲ့ ခြေစွမ်းက သိပ်တော့ အထင်ကြီးစရာ မရှိပါဘူး။ အဓိက ကစားသမားတွေ ဒဏ်ရာ ရရှိနေမှုဟာ မာဆယ်လို ဘီရဲယ်ဆာ လက်တလော ခေါင်းကိုက်နေရတဲ့ အခြေအနေ တစ်ခု ဖြစ်ပြီး အခုလာမယ့် ပွဲမှာလည်း အင်္ဂလန် လက်ရွေးစင် နှစ်ဦး ဖြစ်တဲ့ ကယ်ဗင်ဖီးလစ်နဲ့ ပက်ထရစ် ဘမ်းဖို့ဒ်တို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် ရော်ဘင် ကော့ချ်၊ လုခ် အေးလင်းနဲ့ ဂျူနီယာ ဖီယာပို တို့လည်း ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ တစ်ချက် ရှိတာက တောင်ပံမှာ ခြေစွမ်းပြနေတဲ့ ဘရာဇီးလ် လက်ရွေးစင် ရာဖင်ညာ ပြန်လည် ကစားနိုင်ဖို့ ရှိပြီး ယော်ယန်းတေး၊ ဒါးလက်စ်၊ ကလစ်ချ်၊ ဒန်ဂျိမ်းစ်၊ ရိုဒရီဂို တို့နဲ့ ဝုဗ်ကို ဘယ်လိုမျိုး ရင်ဆိုင်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဝုဗ် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး အနိုင် ၃ မှတ် ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ဝုဗ်

ဝုဗ် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး အနိုင် ၃ မှတ် ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အိမ်ရှင် အသင်းရဲ့ ၂ ဂိုးပြတ် ဦးဆောင်ခြင်းကို ခံခဲ့ရပြီးမှ ပွဲချိန် မိနစ် ၈၀ နောက်ပိုင်း ဝုဗ်တို့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့လို့ ထိုက်တန်တဲ့ အဝေးကွင်း နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆောက်သမ်တန်၊ နယူးကာဆယ်နဲ့ အက်စတွန်ဗီလာတို့ကို ၃ ပွဲဆက် အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာ အထိ ပြန်လည် ရောက်ရှိလာခဲ့ပြီး အခုပွဲ ကနေလည်း တတ်နိုင်သမျှ အမှတ်ပြည့် ရဖို့ အားထုတ်လာမယ့် သဘော ရှိနေပါတယ်။ ရှေ့တန်းမှာ တောင်ကိုရီးယား တိုက်စစ်မှူး ဟီချန်ဟွမ် ရောက်ရှိလာပြီး နောက်ပိုင်း ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ ဂျင်မီနက်ဇ်နဲ့ အတွဲအဖက် မိနေခဲ့သလို ကွင်းလယ်က ရူဘင် နားဗက်စ်နဲ့ ခံစစ်က ကိုဒီ၊ ဆာအိစ်နဲ့ ဂိုးသမား ဂျိုဆေး ဆားတို့ စွမ်းဆောင်ရည် ကောင်းတွေ ပြသနေတာကြောင့် ဝုဗ် တို့ ရလဒ်တွေ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။ ဝုဗ်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ အဝေးကွင်း ၄ ပွဲဆက် ရှုံးပွဲ မရှိသေးတဲ့ မှတ်တမ်းကောင်း တစ်ခုကို ဆက်ပြီး ထိန်းထားနိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လိဒ်စ်ယူနိုက်တက်နဲ့ ဝုဗ်တို့ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၀ ပွဲကို ပြန်ကြည့်မယ် ဆိုရင် လိဒ်စ်တို့ ၃ ပွဲသာ အနိုင်ရခဲ့ပြီး ဝုဗ် ကတော့ ၅ ပွဲ အနိုင်ရထားပါတယ်။ နောက်ဆုံး တွေ့ဆုံကစားခဲ့တဲ့ ၅ ပွဲမှာ ဝုဗ်တို့ လိဒ်စ်ယူနိုက်တက် ဘက်ကို ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပေးဂိုး ကတော့ ၁ ဂိုးသာ ရှိထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ဝုဗ်ဟာ လက်ရှိ ရာသီ ပရီးမီးယားလိဂ်ရဲ့ အခွင့်အရေး ဖန်တီးမှု အများဆုံး အသင်းတွေ ထဲမှာ ပါဝင်နေပြီး လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

ဒီပွဲ ကိုတော့ လက်ရှောင်စေချင်ပါတယ်။ ပြောရရင် လိဒ်စ်ယူနိုက်တက် ပရိသတ်တွေ အတွက် နောက်ထပ် စိတ်ပျက်စရာ ပွဲတစ်ပွဲတောင် ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ ဘီရဲယ်ဆာဟာ ဘရူနိုလာဂါ ထက် နည်းစနစ်ပိုင်း အတွေ့အကြုံ ပိုသာပြီး ဗျူဟာ ပိုကြွယ်ပေမယ့် ပိုပြီး ခေါင်းမာနေတဲ့ အချက်က လိဒ်စ်ယူနိုက်တက် ပရိသတ်တွေ လိုချင်တဲ့ ရလဒ်နဲ့ ဝေးစေနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အကြိတ်အနယ် ကစားကြမှာ ဖြစ်လို့ စိတ်ဝင်တစား ပွဲကောင်း တစ်ပွဲ အနေနဲ့တော့ အားပေးရဦးမှာ သေချာပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်