နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲလန်ရုတ်ဒ်မှာ တိုက်စစ်ချင်းပြိုင် ဘယ်သူနိုင် ကစားကြဦးမယ့် လိဒ်စ်နဲ့ စပါး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

လိဒ်စ်ယူနိုက်တက် – တော့တင်ဟမ်ဟော့စပါး

အခုတစ်ပတ် စနေနေ့ ညနေပိုင်းမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက လိဒ်စ်ယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ရဲ့ ပွဲကတော့ အကြိတ်အနယ် ရှိလာနိုင်ပါတယ်။ တိုက်စစ်ကစားပုံ အားသန်တဲ့ အသင်း နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်နေလို့ အပြန်အလှန် ဂိုးတွေ သွင်းရင်း အမှားနည်းတဲ့ အသင်းက ကပ်နိုင်သွားမယ့် သဘောရှိနေပါတယ်။

လိဒ်စ်ယူနိုက်တက်တို့ အစောပိုင်း ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် ရလဒ်တွေ ကောင်းခဲ့ပြီး ထိပ်သီး ကြီး ၄ ကြီးကိုတောင် အကောင်းဆုံး တုန့်ပြန်ရင်း ရမှတ်တွေ ရှာဖွေနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ပွဲ မှာတော့ ဘရိုက်တန်ကို မထင်မှတ်ပဲ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လိဒ်စ်တို့ အမှတ်ပေးဇယား အဆင့် ၁၁ နေရာကို ပြန်ရောက်သွားခဲ့ပါတယ်။ ရာသီသိမ်းချိန်မှာ အဆင့် ၁၀ နေရာအတွင်း ဝင်ရေး အဓိက ပစ်မှတ်ထားနေတဲ့ လိဒ်စ်ယူနိုက်တက်တို့ ထုံးစံအတိုင်း အသင်းကြီးတွေဆိုရင် မာမာထန်ထန် တုံ့ပြန်ကစားလေ့ ရှိတတ်လို့ အခုပွဲမှာလည်း စပါးကို အဝေးကွင်းမှာ  ကျိန်းသေပေါက် အခက်တွေ့အောင် လုပ်ပြပါလိမ့်မယ်။ တစ်ချက်ရှိတာက လိဒ်စ်ယူနိုက်တက် ဟာ ကစားတဲ့ ပွဲတိုင်းမှာ ကစားအား အကုန်သုံးပြီး ဖွင့်ကစားတတ်တာကြောင့် စပါး တိုက်စစ်က ကိန်း၊ ဆွန်၊ ဘေးလ်တို့ စိတ်ကြိုက် ဖြစ်သွားနိုင်ပါတယ်။ အခုပွဲမှာ လိဒ်စ် ကွင်းလယ်က အားထားရတဲ့ ကယ်ဗင် ဖီးလစ် ဒူးဒဏ်ရာကြောင့် ပါဝင်လာဖို့ မသေချာသေးသလို မေလလယ်လောက်ထိ အနားယူရမယ့် ရာဖင်ညာလည်း လွဲချော်ပါလိမ့်မယ်။ တောင်ပံက ဟဲလ်ဒါ ကော်စတာ ပြန်ကစားနိုင်မယ့် အခြေအနေမှာ ရှိနေပြီး ကျန်အဓိကကစားသမားတွေ တော်တော်များများလည်း ပါဝင်လာဖို့ ရှိနေပါတယ်။

စပါးတို့ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၅ မှတ်ပဲ ကွာဟနေပြီး ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေလို့ လိဒ်စ်ယူနိုက်တက် ဆီက ၃ မှတ် အပြည့်ရဖို့ အားစိုက်ကစားလာပါလိမ့်မယ်။
အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၅ မှတ်အထိ ကွာဟနေတဲ့ တော့တင်ဟမ်ဟော့စပါး

တော့တင်ဟမ်ဟော့စပါး ကတော့ မော်ရင်ဟိုကို ထုတ်ပယ်ပြီး လူငယ်နည်းပြ ရွိုင်ယန်မေဆန်ကို ယာယီ နည်းပြ အဖြစ် ခန့်အပ်လိုက် ကတည်းက ကစားပုံ ပြန်ကောင်းလာတာ တွေ့ရပြီး ရလဒ်တွေလည်း တောက်လျှောက် ပြန်တက်လာပါတယ်။ ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးကို ခြေစွမ်းပိုင်းရော၊ နည်းစနစ်ပိုင်းမှာပါ အဘက်ဘက်က မယှဉ်နိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့ပေမယ့် ပွဲပြီးခါနီး နောက်ဆုံး ၁၀ မိနစ်ထဲ ရောက်မှ လာပေါ့တ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ ကစားပုံ အကောင်းကြီး မဟုတ်သေးပေမယ့် တိုက်စစ်က ကိန်းနဲ့ ဆွန်ဟောင်မင်တို့အပြင် ဂါရက်ဘေးလ် ဆီကနေပါ သွင်းဂိုးတွေ မျှော်လင့်လို့ ရနေလို့ နည်းပြ ရွိုင်ယန်မေဆန် အတွက် ကံကောင်းတယ်လို့ ဆိုရပါမယ်။ နောက်ပြီး ဒဏ်ရာရ/ပွဲပယ် ကစားသမား စာရင်းမှာ ဘန်ဒေးဗီးစ် တစ်ဦးပဲ ရှိနေလို့ ရွိုင်ယန်မေဆန် အတွက် စိတ်ကြိုက်လူစာရင်း၊ ကစားကွက်နဲ့ ပွဲထွက်လာလို့ ရနေပါတယ်။ စပါးတို့ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၅ မှတ်ပဲ ကွာဟနေပြီး ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေလို့ လိဒ်စ်ယူနိုက်တက် ဆီက ၃ မှတ် အပြည့်ရဖို့ အားစိုက်ကစားလာပါလိမ့်မယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လိဒ်စ်ယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်း ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်း မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှု မှာတော့ တော့တင်ဟမ်ဟော့စပါး တို့က အိမ်ကွင်းမှာ ကိန်း၊ ဆွန်၊ အန်ဒါဝီရယ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ဂိုး ပြတ်အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၄၀ ဆနဲ့ ဧည့်သည်အသင်းအတွက် ၂.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၈၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လိဒ်စ်ယူနိုက်တက်တို့ ပြီးခဲ့တဲ့ ပွဲမှာ ဘရိုက်တန်ကို မထင်မှတ်ပဲ ဂိုးပြတ်ရှုံးထားလို့ အခုပွဲမှာ တတ်နိုင်သမျှ ရလဒ်ကောင်း တစ်ခု ပြန်လိုချင်နေလိမ့်မယ်။ စပါးက ရွိုင်ယန်မေဆန် လက်ထက် ပရီးမီးယားလိဂ် ၂ ပွဲစလုံး နိုင်ထားပေမယ့် ခြေစွမ်းပိုင်းတော့ စိတ်ချလို့ မရသေးဘူး။ နှစ်သင်းစလုံး တိုက်စစ်အားပြု ကစားတတ်တဲ့ အသင်းတွေဖြစ်လို့ အပြန်အလှန် သွင်းဂိုးတွေ များသွားနိုင်တယ်။ အသင်းကြီးတွေဆိုရင် ဒုက္ခပေးတတ်တဲ့ လိဒ်စ်ကြောင့် စပါးတို့ သရေ ၁ မှတ်ပဲ ရသွားမယ့် သဘောရှိတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်