နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အတည်ငြိမ်ဆုံး ခြေစွမ်းနဲ့ ဆောက်သမ်တန်ကို အကောင်းဆုံး အနိုင်ယူခဲ့တဲ့ လိဒ်စ်ယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လိဒ်စ်ယူနိုက်တက် ၃ – ၀ ဆောက်သမ်တန်

ယနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ် တစ်ပွဲမှာတော့ လိဒ်စ်ယူနိုက်တက်တို့ ဆောက်သမ်တန်ကို အိမ်ကွင်း အဲလန်ရုတ်ဒ်မှာ ၃ ဂိုးပြတ်နဲ့ ခြေစွမ်းပြ အနိုင်ယူသွားခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် လိဒ်စ်ယူနိုက်တက်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး ဆောက်သမ်တန်ကတော့ အဆင့် ၁၄ နေရာအထိ ပြန်လည်ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နှစ်ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်တို့ အခုပွဲမှာတော့ အိမ်ကွင်းအဲလန်ရုတ်ဒ်မှာ နိုင်ပွဲ ပြန်ရှာဖို့အတွက် ထုံးစံအတိုင်း အားစိုက်ကစားလာတာ တွေ့ရပြီး နည်းပြ မာဆယ်လို ဘီယဲဆာ အနေနဲ့လည်း လူစာရင်း အပြောင်းအလဲ အနည်းအငယ်ပြုလုပ်ခဲ့ပါတယ်။ တိုက်စစ်မှာတော့ ပက်ထရစ် ဘမ်းဖို့ဒ်ကိုပဲ ဦးဆောင်စေခဲ့ပြီး သူ့နောက်မှာတော့ တိုင်လာရောဘတ် ပါဝင်လာခဲ့ပါတယ်။ ကွင်းလယ်မှာ ဂျက်ဟဲရစ်ဆင်၊ လုခ်အေးလင်း၊ ကလစ်ချ်၊ စတူးဝပ်ဒါးလက်စ်၊ ရာဖင်ညာ၊ နောက်တန်းမှာ လီယမ်ကူပါး၊ စတူအီဂျစ်ခ်၊ လော်ရန်တေး၊ ဂိုးမှာ မက်စ်လိုင်ယာတို့နဲ့ ၃-၅-၁-၁ ကစားကွက်ကို အသုံးပြုပြီး ဆောက်သမ်တန်ကို ရင်ဆိုင်ခဲ့ပါတယ်။ ဧည့်သည်အသင်း ဘက်မှာတော့ ရက်ဒ်မွန်၊ ချေးအက်ဒမ်၊ ဝက်ဒ်ပရောက်စ်၊ အမ်းစတောင်း၊ ဘာထရန်၊ ဆယ်လီဆူ၊ ဗက်စတာဂတ်၊ ဘက်ဒ်နာရက်ခ် တို့ပါဝင်လာပါတယ်။ နိုင်ပွဲ တစ်ပွဲ ရဖို့အတွက် ပစ်မှတ်ထား ကစားလာကြတာ ဖြစ်လို့ ပွဲစကတည်းက အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ တော်တော်လေး ကြည့်ကောင်းခဲ့ပြီး အိမ်ရှင်အသင်းကတော့ ပိုပြီး ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်မှူးတွေရဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် ပထမပိုင်းအပြီးမှာတော့ ၀-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဂျက်ဟဲရစ်ဆင် အစား ဟဲလ်ဒါကော်စတာ ဝင်လာပြီး နောက်ပိုင်း လိဒ်စ်ယူနိုက်တက်တို့ ကစားပုံ ပိုပြီး ကောင်းလာခဲ့သလို ၄၇ မိနစ်မှာ တိုင်လာရောဘတ်ရဲ့ ပံ့ပိုးပေးမှုကနေ ပက်ထရစ်ဘမ်းဖို့ဒ်က ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ၇၈ မိနစ်မှာတော့ ကော်စတာ ထိုးပေးတဲ့ ဘောလုံးကို ဒါးလက်စ်က ဒုတိယဂိုး အဖြစ် ပြောင်းလဲပေးခဲ့ပြီး ၈၄ မိနစ်မှာတော့ ရာဖင်ညာက တစ်ကိုယ်တော် စွမ်းရည်နဲ့ တတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ နှစ်သင်းလုံး သွင်းဂိုးတွေ မရှာဖွေနိုင်တော့တာကြောင့် ၃-၀ ရလဒ်နဲ့ပဲ လိဒ်စ်ယူနိုက်တက်တို့ ပရီးမီးယားလိဂ် နိုင်ပွဲ ရှာဖွေ နိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်ကတော့ ပရီးမီးယားလိဂ် ၈ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး အခုလို ခြေစွမ်းဆိုးရွားနေပုံနဲ့ ရှုံးပွဲက ထိုက်တန်ခဲ့ပြန်တယ်လို့ ဆိုရမှာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ ဆောက်သမ်တန်

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာတော့ လိဒ်စ်ယူနိုက်တက်တို့ တော်တော်လေး ခြေစွမ်းကောင်းမွန်ခဲ့လို့ ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲ ရရှိခဲ့တယ်လို့ဆိုရပါမယ်။ တစ်နေ့ရွှေ တစ်နေ့ငွေလို့ ပြောလို့ရတဲ့ လိဒ်စ်ယူနိုက်တက်ရဲ့ ကစားပုံကတော့ ဒီနေ့ပွဲမှာ ကစားသမားတွေရဲ့ အားထုတ်မှုက တကယ့်ကို ရွှေပါပဲ။ ပုံမှန် ပွဲထွက်နေကျ ၄-၁-၄-၁ ကစားပုံအစား ၃-၅-၁-၁ ကို အသုံးပြုခဲ့တာကြောင့်လည်း အသစ်အဆန်း ဖြစ်ခဲ့ပြီး နောက်တန်းကို ပိုလုံသွားစေခဲ့သလို တိုက်စစ်ကိုလည်း ပိုမိုပံ့ပိုးပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ ဆောက်သမ်တန်ကတော့ ပရီးမီးယားလိဂ် ၈ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး အခုလို ခြေစွမ်းဆိုးရွားနေပုံနဲ့ ရှုံးပွဲက ထိုက်တန်ခဲ့ပြန်တယ်လို့ ဆိုရမှာပါ။

 

လာမယ့်ပွဲစဉ်များ

လိဒ်စ်ယူနိုက်တက်တို့ လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ရှိနေပြီး ဆောက်သမ်တန်ကတော့ အဲဗာတန်နဲ့ ကစားရမှာ ဖြစ်လို့ နှစ်သင်းစလုံး ပွဲကြပ်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်