နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာဇီယိုကွင်းမှာ နာပိုလီတို့ သရေ ၁ မှတ်ပဲ အမြင့်ဆုံး မျှော်လင့်ခွင့်ရှိပါတယ် – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

လာဇီယို vs နာပိုလီ

အခုတစ်ပတ်မှာ ကစားမယ့် စီးရီးအေ ပွဲစဉ်တွေထဲက အကောင်းဆုံး ပွဲတစ်ပွဲဖြစ်တဲ့ လာဇီယိုနဲ့ နာပိုလီတို့ရဲ့ ပွဲစဉ်ကို SBOTOP စီးရီးအေ ပရိသတ်တွေ အတွက်ပွဲကြို ခန့်မှန်းသုံးသပ်ပေးချင်ပါတယ်။ စီးရီးအေမှာ အစဉ်အလာအရ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ ကျိန်းသေပေါက် ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာဦးမှာပါ။

လာဇီယိုတို့ ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ ခြေစွမ်းတော်တော်လေး ကောင်းခဲ့ပေမယ့် ဒီရာသီမှာတော့ အဓိက ကစားသမားတွေရဲ့ ဒဏ်ရာ ရရှိမှုနဲ့အတူ ရလဒ်ပိုင်းမှာလည်း ယိမ်းယိုင်နေခဲ့ပါတယ်။ ဒါ့အပြင် လာဇီယိုတို့ ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အားကုန်ရုန်းခဲ့တာကြောင့် စီးရီးအေမှာ နိုင်ပွဲတွေ ပျောက်ဆုံးခဲ့တယ်လို့ ဆိုနိုင်ပြီး ၁၂ ပွဲကစားရာမှာ ၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၄ ပွဲရှုံးပြီး ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၉ နေရာအထိ ကျဆင်းနေခဲ့ပါတယ်။ မနှစ်က စီးရီးအေ ချန်ပီယံဆုကို အကောင်းဆုံးစိန်ခေါ်နိုင်ခဲ့တဲ့ လာဇီယိုတို့ လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးက အေစီမီလန်နဲ့ ၁၀ မှတ်တိတိ ကွာဟနေလို့ ဒီဇင်ဘာပွဲကြပ်ကာလမှာ တတ်နိုင်သမျှ ရမှတ် ရှာဖွေချင်ပါလိမ့်မယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၁ ပွဲနိုင်၊ ၁ပွဲသရေကျပြီး ၃ ပွဲရှုံးနိမ့်ထားပါတယ်။ တိုက်စစ်က တစ်ပွဲပျမ်းမျှ ၁.၃ ဂိုး နှုန်း သာရရှိထားပေမယ့် ခံစစ်ကတော့ ၁.၇ ဂိုးနှုန်း ပြန်ပေးထားရပါတယ်။ ဒီပွဲမှာတော့ လာဇီယိုတိုက်စစ်မှူး အင်မိုဘီလီကို စောင့်ကြည့်ရပါမယ်။ အင်မိုဘီလီကတော့ လက်ရှိ စီးရီးအေ မှာ ၁၀ ပွဲကစားပြီး ၇ ဂိုး သွင်းကာ ၁ ဂိုးဖန်တီးပေးထားခဲ့ပါတယ်။

နာပိုလီတို့လည်း ချန်ပီယံလိဂ် ကစားထားရလို့ နောက်ပိုင်းကစားထားရတဲ့ စီးရီးအေ ပွဲစဉ်တွေကို အာရုံမစူးစိုက်နိုင်ပဲ ဖြစ်နေပါတယ်။
လက်ရှိစီးရီးအေမှာ ရှုံးပွဲ ၄ ပွဲအထိရှိထားတဲ့ နာပိုလီ

နာပိုလီတို့လည်း ချန်ပီယံလိဂ် ကစားထားရလို့ နောက်ပိုင်းကစားထားရတဲ့ စီးရီးအေ ပွဲစဉ်တွေကို အာရုံမစူးစိုက်နိုင်ပဲ ဖြစ်နေပါတယ်။ နာပိုလီတို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ အင်တာမီလန်ကို ရှုံးနိမ့်ပြီး ဒီရာသီ စီးရီးအေမှာ ရှုံးပွဲ ၄ ပွဲအထိ ရှိထားခဲ့ပြီး ဖြစ်ပါတယ်။ အေစီမီလန်၊ ဆာဆူအိုလို၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်တို့လို အသင်းကြီးတွေနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲစဉ် တွေမှာ ရမှတ်တွေ ဆုံးရှုံးထားခဲ့ရပါတယ်။ နာပိုလီတို့ အင်တာမီလန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာဆိုရင် အိမ်ရှင်အသင်း ထက်တောင် တိုက်စစ်ပိုပြီး ကောင်းခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ ညံ့ခဲ့လို့ ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ နာပိုလီတို့ လက်ရှိ စီးရီးအေ မှာ ၁၂ ပွဲကစား ၈ ပွဲနိုင်၊ ၄ပွဲရှုံး ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ နာပိုလီတို့ အမှတ်ပေးဇယားထိပ်ပိုင်းက အသင်းတွေ အချင်းချင်း တွေ့ဆုံမှုကို အခွင့်ကောင်းယူခွင့်ရှိနေတယ်ဆိုပေမယ့် လက်ရှိမှာ လာဇီယိုလို မာကျောတဲ့ အသင်းတစ်သင်းကို အဝေးကွင်းမှာ ရင်ဆိုင်ဖို့တို့ ခက်ခဲဦးမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အင်ဇီဂနီ အနီကတ်ပြစ်ဒဏ်ကြောင့် ပါဝင်လာနိုင်မှာ မဟုတ်သလို အော့စ်မန်၊ ဒရိုင်းမာတန်စ်တို့လည်း ဒဏ်ရာရနေလို့ နာပိုလီတိုက်စစ်က အားပျော့လာနိုင်တာကိုလည်း သတိချပ်စရာ ရှိပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လာဇီယိုနဲ့ နာပိုလီတို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၄၂ ကြိမ်မှာ နာပိုလီက ၁၈ ကြိမ်အနိုင်ရပြီး လာဇီယိုက ၁၄ ကြိမ်အနိုင်ရကာ ၁၀ ကြိမ်က တော့ သရေကျထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကိုပါအီတလီယာနဲ့ စီးရီးအေ ထိပ်တိုက်တွေ့ဆုံမှု စုစုပေါင်း ၃ ကြိမ်မှာ နာပိုလီက ၂ ကြိမ်အနိုင်ရပြီး လာဇီယိုက ၁ ကြိမ်အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လာဇီယို vs နာပိုလီ 1X2 သရေ @ 3.10
ဒီဇင်ဘာလ ၂၁ ရက်, ည ၂:၁၅နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၇၆ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၅၈ ကြေးဖွင့် ပြီး သရေအတွက် ၃.၁၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လာဇီယိုနဲ့ နာပိုလီတို့ အစဉ်အလာအရ ဆိုရင်တော့ သူမသာ ကိုယ်မသာပါပဲ။ လက်ရှိမှာ လာဇီယိုထက် နာပိုလီတို့ ခြေစွမ်းပိုပြီး ကောင်းနေတယ်ဆိုပေမယ့် အဓိကကစားသမားတွေ မပါဝင်နိုင်ခြင်းက နာပိုလီတို့ကို ရလဒ်ကောင်းဖို့ ခက်ခဲနေစေဦးမှာပါ။ နောက်ပိုင်းနှစ်တွေမှာ နာပိုလီတို့ လာဇီယိုကွင်းမှာ ထင်တိုင်းကျဲနိုင်ခဲ့တယ်ဆိုပေမယ့် ဒီတစ်ကြိမ်မှာတော့ တတ်နိုင်သမျှ ရလဒ်ရှာဖွေမယ့် လာဇီယိုရဲ့ ရုန်းအားကြောင့် ပွဲရလဒ်ကို သရေလောက်ပဲ မျှော်လင့်ချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်