နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့သတင်းများ

အခုတစ်ခါမှာတော့  စက်တင်ဘာလ ၂၁ရက် နံနက်ပိုင်းအထိရရှိတဲ့ ပရီးမီးယားလိဂ်အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သတ်ပြီးတော့ SBOTOP ဘောလုံးပရိသတ်တွေကို ပြောပြပေးသွားဦးမှာ ဖြစ်ပါတယ်။

အင်တာမီလန်နဲ့ဂျူဗင်တပ်စ်အသင်းက ပစ်မှတ်ထားနေတဲ့ တော့တင်ဟမ်ဟော့စပါးက ပြင်သစ်ကွင်းလယ်လူ တန်ဂွိုင် ဒေါန်ဘီလီကတော့ ပရီးမီးယားလိဂ် မှာပဲ ဆက်ရှိနေမယ်လို့ သိရပြီး အသက် နှစ်အရွယ် ကစားသမားအနေနဲ့ အနာဂတ်မှာ နည်းပြမော်ရင်ဟို စိတ်ကြိုက်ကစားသမားဖြစ်လာရေး ကြိုးစားသွားမယ်လို့ဆိုထားပါတယ်။ မြောက်လန်ဒန်ကလပ်အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ဂျက်ဆီလင်ဂတ်ကိုခေါ်ယူဖို့ ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။ အသက် ၂၇ နှစ်အရွယ် အင်္ဂလန် ကွင်းလယ်တိုက်စစ်ကစားသမားလင်ဂတ်အတွက် စပါးဘက်က ကနဦးပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းလာဖို့ရှိနေတယ်လို့သိရပါတယ်။

အဲ့နောက်မှာတော့ ယူနိုက်တက် တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကိုလည်း လိဒ်စ်ယူနိုက်တက်အသင်း ကခေါ်ယူဖို့ကမ်းလှမ်းထားပြီး ကစားသမားဘက်ကလည်း ပုံမှန်ပွဲထွက်ခွင့် ရဖို့အတွက် အသင်းပြောင်းမယ့်သဘောမှာရှိနေပါတယ်။ ယူနိုက်တက်ရဲ့ အာဂျင်တီးနား ဂိုးသမား ဆာဂျီယို ရိုမဲရိုးကိုတော့ ဗလင်စီယာအသင်းက ပေါင်၆သန်းနဲ့ ကမ်းလှမ်းထားခဲ့ပါတယ်။

ဘာစီလိုနာအသင်းကတော့ ပရီးမီးယားလိဂ်ထိပ်သီး လစ်ဗာပူးလ် ကွင်းလယ်လူ ဝိုင်ဂျ်နယ်ဒမ်ကို ခေါ်ယူတော့မှာ မဟုတ်ဘူးလို့သိရပါတယ်။
လစ်ဗာပူးလ်မှာပွဲပေါင်း ၂၁၀ကစားပြီး ၂၃ဂိုးသွင်းထားတဲ့ ဝိုင်ဂျ်နယ်ဒမ်

မန်ချက်စတာစီးတီးအသင်းကတော့ စပိန်ကလပ် ဆီဗီလာအသင်းရဲ့ နောက်ခံလူ ဂျူးစ်ကွန်ဒေးကို ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

ချဲလ်ဆီးကစိတ်ဝင်စားနေတဲ့ လူငယ် ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ် ဟာ ရောင်းချဖို့မဟုတ်ဘူးလို့ ဝက်စ်ဟမ်းအသင်းက ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးနည်းပြလမ်းပတ်ဟာ အသက် ၂၁နှစ်အရွယ်သာရှိသေးတဲ့ ရိုက်စ်ကို ခေါ်ယူဖို့ လိုလားနေပေမယ့် အသင်းရဲ့ ဘုတ်အဖွဲ့ကတော့ ခေါ်ယူပေးလိုခြင်းမရှိဘူးလို့သိရပါတယ်။ တစ်ဆက်တည်းမှာပဲ ချဲလ်ဆီးအနေနဲ့ ရန်းနက်စ်အသင်းကအသက် ၂၈ နှစ်အရွယ် ဆီနီဂေါလက်ရွေးစင် ဂိုးသမား အက်ဒဝက်မန်ဒီကို ပေါင် ၂၂သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီလို့လည်း သိရပါတယ်။

ဝက်စ်ဟမ်းအသင်းကတော့ မိုနာကိုက ပြင်သစ်ညာနောက်ခံလူ ဆစ်ဒီဘီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသက် ၂၈ နှစ်အရွယ် ကစားသမားကိုတော့ နယူးကာဆယ်နဲ့ ဝုဗ်တို့ကစိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အသင်းရဲ့ အသက် ၂၀ အရွယ် အီတလီတိုက်စစ်မှူး မွိုင်ဆီကိန်း ကို ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူခွင့်ပါရှိတဲ့ တစ်ရာသီအငှားစာချုပ်နဲ့ ကမ်းလှမ်းလာဖွယ်ရှိနေပါတယ်။ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ် ကို ခေါ်ယူတော့မှာမဟုတ်ဘူးလို့ ကြေညာခဲ့ြ့ပီးနောက် အခုလိုသတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ဖန်တီးရှင်ဂျိမ်းစ်ရိုဒရိုဂွက်ဇ်ဟာ ရီးရဲမက်ဒရစ် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အဲဗာတန်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်တယ်လို့ ရိုဒရီဂွက်ဇ်ကစားခဲ့တဲ့ အသင်းဟောင်း ဘန်ဖီးလ်အသင်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အစောပိုင်းသတင်းတွေမှာတော့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အဲဗာတန်အသင်းကို ပေါင် ၂၂သန်းတန် ၂နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တယ်လို့ တရားဝင်ထုတ်ဖော်ကြေညာထားခဲ့ပါတယ်။

ဘာစီလိုနာအသင်းကတော့ ပရီးမီးယားလိဂ်ထိပ်သီး လစ်ဗာပူးလ် ကွင်းလယ်လူ ဝိုင်ဂျ်နယ်ဒမ်ကို ခေါ်ယူတော့မှာ မဟုတ်ဘူးလို့သိရပါတယ်။ ဘာစီလိုနာအနေနဲ့ အသက် ၂၉ နှစ်အရွယ် နယ်သာလန်ကွင်းလယ်တိုက်စစ်ကစားသမား ဝိုင်ဂျ်နယ်ဒမ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် စပိန်လာလီဂါ ဘဏ္ဍာရေးစည်းမျဉ်းတွေကို အကြောင်းပြပြီး အခုလိုပဲ ကြေညာသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဟူဆိမ် အာဝါးကိုခေါ်ယူဖို့ တွန့်ဆုတ်နေပြီး အသင်းရဲ့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးလိုခြင်းမရှိဘူးလို့ လိုင်ယွန်ဥက္ကဌ ဂျင်းန် မိုက်ကယ်အောလက်စ်က ပြောကြားလိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူ အာဝါးအတွက် လိုင်ယွန်အသင်းဘက်က ပေါင်သန်း ၄၀ ထက်မနည်းလိုချင်နေတယ်လို့သိရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်