နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (အက်တလက်တီကိုမက်ဒရစ်၊ ဘာစီလိုနာ၊ ရီးရဲယ်မက်ဒရစ်)

ဥရောပရဲ့ အပြောင်းအရွှေ့ ဈေးကွက် ပိတ်ဖို့ တစ်လနီးပါးလောက်ပဲ လိုတော့တဲ့ အချိန်မှာ လာလီဂါ ထိပ်သီး ကလပ်တွေ အနေနဲ့ စတင် လှုပ်ရှားလာခဲ့ပြီ ဖြစ်ပေမယ့် အားရစရာ အခြေအနေမှာတော့ ရှိမနေသေးတာ တွေ့ရပါတယ်။ လက်တလောမှာ ဘဏ္ဍာရေး ဆိုင်ရာ အခက်အခဲတွေကြောင့် အရင်လို ငွေသုံးမကြမ်းတော့တဲ့ ဘာစီလိုနာ၊ ရီးရဲယ်မက်ဒရစ်နဲ့ အက်တလက်တီကို မက်ဒရစ် တို့ဟာ ကစားသမားသစ်တွေကို ပြောင်းရွှေ့ကြေး မြင့်မြင့်မားမားပေးပြီး ခေါ်ယူဖို့ထက် အသင်းမှာ ရှိပြီးသား နာမည်ကြီး ကစားသမားတွေကို ရောင်းထုတ်ဖို့နဲ့ အလဲအလှယ် လုပ်ဖို့ ပိုပြီး အားစိုက်နေတာ တွေ့ရပါတယ်။ ဒါတွေနဲ့ ပတ်သတ်ပြီးတော့ ဇူလိုင်လ ၁၈ ရက်နေ့ထိ နောက်ဆုံး ရရှိခဲ့သမျှ လာလီဂါရဲ့ အပြောင်းအရွှေ့ သတင်းတွေကို စုစည်း တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
 

အက်တလက်တီကို မက်ဒရစ်

အခုလထဲမှာ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ နည်းပြ ဒီယေဂို ဆီမြွန်နီ အနေနဲ့ ၂၀၂၄ ခုနှစ် အထိ အက်တလက်တီကို မက်ဒရစ်နဲ့ ဆက်ရှိသွားမှာ ဖြစ်ပြီး လာမယ့်ရာသီမှာ လာလီဂါ အမှတ်ပေးချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အတွက် ပြင်ဆင်မှုတွေ စတင် လုပ်ဆောင်နေခဲ့ပါပြီ။ အက်တလက်တီ တို့ ဒီလအစောပိုင်းက ဖလူမီနီစ် အသင်းက အသက် ၂၀ အရွယ် ပေါ်တူဂီ ဘယ်တောင်ပံ ကစားသမား မားကို့စ် ပေါ်လိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး အူးဒီးနီးစ် က ကွင်းလယ်လူ ရိုဒီရီဂို ဒီ ပေါလ် ကိုလည်း ပေါင် ၃၅ သန်းနဲ့ အရခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ အသက် ၂၇ နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ကိုပါအမေရိက ဖလားမှာ ခြေစွမ်းပြခဲ့ပြီးတော့ ဆီမြွန်နီရဲ့ စိတ်ကြိုက် ကစားသမား ဖြစ်နေတာကြောင့် လာမယ့် ရာသီမှာ အဓိက ပွဲထွက်ခွင့်ရနိုင်ဖို့ အခြေအနေ ကောင်းနေသူ ဖြစ်ပါတယ်။

 
အက်တလက်တီကိုမက်ဒရစ် အသင်းရဲ့ ပြင်ဆင်မှုဟာ ဒီနေရာမှာ မပြီးဆုံးသေးပဲ လက်ရှိမှာ ဘာစီလိုနာနဲ့ ကစားသမား အလဲအလှယ်လုပ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အသင်းကို စွန့်ခွာသွားခဲ့ပေမယ့် ဘာစီလိုနာမှာ ထင်သလောက် ခြေစွမ်းပြနိုင်ခြင်း မရှိတဲ့ အန်တွန်နီ ဂရစ်ဇ်မန်းကို မက်ဒရစ်မြေဆီ ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာ ကလည်း ဆာအူးလ် နီဂွက်ဇ်ကို ခေါ်ယူချင်နေတဲ့ အတွက် ဒီရက်ပိုင်း အတွင်းမှာ ဆွေးနွေးမှု တွေ အကြိမ်ကြိမ် ပြုလုပ်နေကြတယ်လို့ Sky Sports က ဖော်ပြထားပါတယ်။ သို့ပေမယ့်လည်း ဘာစီလိုနာရဲ့ သဘောထားအရ အန်တွန်နီ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ အတွက် ဆာအူးလ်နဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်ပါ လိုချင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘာစီလိုနာဟာ ဂရစ်ဇ်မန်းကို ဂျာအိုဖီးလစ်နဲ့ ဒဲ့လဲလှယ်ချင်နေတယ်လို့ သတင်းတချို့ မှာလည်း ဖော်ပြနေပြန်ပါတယ်။ ဆာအူးလ်နဲ့ ပေါင် ၁၅ သန်း (သို့မဟုတ်) ရီနန်လိုဒီ၊ မာရီယို ဟာမိုဆို တို့ နှစ်ဦးထဲက တစ်ဦး အလိုက်ပေးပြီး ဂရစ်ဇ်မန်းကို ကမ်းလှမ်းချင်နေတဲ့ အက်တလက်တီကိုရဲ့ အကြံကိုတော့ သိပ်ပြီး သဘောမကျဘူးလို့ သိရပါတယ်။

တစ်ဖက်မှာလည်း မန်ချက်စတာယူနိုက်တက် စိတ်ဝင်စားနေတဲ့ ညာနောက်ခံလူ ကီရန် ထရစ်ပီယာ အတွက် ပေါင် ၄၃ သန်း နီးပါး လိုချင်နေတယ်လို့ သိရပါတယ်။ အင်္ဂလန် ညာနောက်ခံလူ ကတော့ ပရီးမီးယားလိဂ်မှာ တကျော့ပြန် ကစားဖို့ အတွက် လိုလားနေပေမယ့် စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးတဲ့ ထရစ်ပီယာ အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးမှ မရရင် ရောင်းချမယ့် သဘောမရှိဘူးလို့ သိရပါတယ်။

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – ရိုဒီရဂို ဒီ ပေါလ်၊ မားကို့စ် ပေါ်လို

အထွက် – နီကိုလက်ပ်စ် အိုင်ဘာနက်စ်၊ ဗစ်တိုလို (အငှား)
 

ဘာစီလိုနာ

ဘာစီလိုနာ အနေနဲ့ကတော့ ဘဏ္ဍာရေး ဆိုင်ရာ ပြသနာတွေကြောင့် အသင်းရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ကိုယ်တိုင် လစာတစ်ဝက် လျှော့ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းက ဖော်ပြခဲ့သလိုပဲ အသင်းမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတဲ့ အန်တွန်နီဂရစ်ဇ်မန်းကို အက်တလက်တီကို မက်ဒရစ် အသင်းဆီ ပြန်လည်ရောင်းချဖို့ စီစဉ်နေပြီး အဓိက ကတော့ မက်ဆီရဲ့ လုပ်ခလစာပေးချေနိုင်ဖို့ အတွက် ဖြစ်ကြောင်း Sky Sports ကပဲ ဖော်ပြထားပါတယ်။

လက်တလော အသင်းရဲ့ တိုက်စစ်မှာ မက်ဆီ အပြင် အူစမန်နီ ဒမ်ဘီလီ၊ ဆာဂျီယို အဂွဲရိုး၊ အန်ဆု ဖာတီ၊ မန်းဖစ် ဒီပေး၊ မာတင် ဘရေ့သ်ဝိတ်၊ ယူဆက်ဖ် ဒီမီရာပါ ရှိနေတဲ့ အတွက် ကစားသမား တချို့ကို ရောင်းချခြင်းနဲ့ ဆိုးဆိုးရွားရွား ထိခိုက်ထားတဲ့ ဘဏ္ဍာရေး ပြသနာကို ဖြေရှင်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ကျယ်လောင်နေခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမားတွေ ထဲကမှ ရေရှည်အတွက် မျှော်လင့်ပြီး ပေါင်သန်း ၁၄၀ အထိ ပေး ခေါ်ယူခဲ့တဲ့ အူစမန်နီ ဒမ်ဘီလီကို နှစ်ကုန်တဲ့ အထိမှ စာချုပ်သက်တမ်းမတိုးရင် အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် မာတင် ဘရေ့သ်ဝိတ် ကိုလည်း အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း တစ်ခုဆီ ရောင်းထုတ်ဖို့ အတွက် စီစဉ်နေသလို နောက်တန်းက လန်းဂ်လတ် ကိုလည်း အငှားချသွားဖို့ ပြင်ဆင်နေပါတယ်။ ဒဏ်ရာပြသနာနဲ့ မကြာခဏ ဆိုသလို ဒဏ်ရာ ပြသနာနဲ့ပဲ ရုန်းကန်နေရတဲ့ အမ်တီတီ ကိုတော့ အပြီးတိုင် ရောင်းထုတ်သွားဖို့ လိုလားနေကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – အဲရစ်ဂါစီယာ၊ မန်းဖစ်ဒီပေး၊ ဆာဂျီယို အဂွဲရိုး၊ အီမာဆင်၊ ယူဆက်ဖ် ဒီမီရာ (အငှား)၊ ကေးစ်ရူအီဇ်အတေးလ်

အထွက် – ဂျူအန် မီရန်ဒါ၊ ဖျူရန်တေး၊ တော်ဒီးဘိုး၊ ထရင်ကာအို (အငှား)၊ ဂျူနီယာ ဖီရာပို၊ မားသီးယက်စ် ဖာနန်ဒက်စ်၊ ကားလက်စ် အလီနာ
 

ရီးရဲယ်မက်ဒရစ်

နည်းပြသစ် အန်ဆယ်လော့တီ ရောက်ရောက်ချင်းမှ အန်ဘာပေး အပါအဝင် ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ဖို့ သတင်းတွေ ထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ ငြိမ်သက်နေတယ်လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ နှစ်ရက်လောက် ကတော့ လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက်ဆာလာကို ခေါ်ယူမယ့် သတင်းတွေ ထွက်လာခဲ့သလို လက်ရှိ မှာတော့ ဘာစီလိုနာ ကွင်းလယ် ကြယ်ပွင့် မိုရီဘာကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ လာလီဂါ ထိပ်သီး မက်ဒရစ်တို့ ကိုဗစ် ၁၉ ကြောင့် ပြီးခဲ့တဲ့ ရာသီက ယူရို သန်း ၃၀၀ လောက် ဆုံးရှုံးခဲ့ပေမယ့် ကလပ်အသင်း ဘက်ကတော့ ငွေကြေး သုံးစွဲဖို့ အစီအစဉ် ရှိကြောင်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒါဟာလည်း မက်ဒရစ်တို့ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဟာကီမီ၊ ရက်ဂီလွန်း တို့ကို ရောင်းချခဲ့တာ အပြင် ဂျိမ်းစ် ရိုဒရီဂွက်ဇ်၊ ဂါရက်သ်ဘေးလ် လူကာယိုဗစ်၊ မာတင်အိုဒီဂတ်၊ ကူဘိုတို့ ကနေ ရတဲ့ အငှားပြောင်းရွှေ့ကြေးတွေနဲ့ လုပ်ခလစာပေးချေဖို့ သက်သာခဲ့တာကြောင့် ဘာစီလိုနာ လောက် ဘဏ္ဍာရေး အခက်အခဲ မကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး မက်ဒရစ်တို့ ကိုဗစ် ၁၉ ကြောင့် ပြီးခဲ့တဲ့ ရာသီက ယူရို သန်း ၃၀၀ လောက် ဆုံးရှုံးခဲ့ပေမယ့် ကလပ်အသင်း ဘက်ကတော့ ငွေကြေး သုံးစွဲဖို့ အစီအစဉ် ရှိကြောင်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
လက်ရှိ အချိန်ထိ ဒေးဗစ် အလာဘာ တစ်ဦးပဲ ခေါ်ယူထားရသေးတဲ့ ရီးရဲယ်မက်ဒရစ်

လက်ရှိ မှာတော့ အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ကို ပီအက်စ်ဂျီထံ လက်လွှတ်ထားခဲ့ရပြီး ရာဖာရယ် ဗာရန်းကိုလည်း မန်ချက်စတာယူနိုက်တက်နဲ့ အီဒါ မီလီတောင်ကို ပေါ်တို အသင်းထံ ရောင်းချဖို့ နီးစပ်နေပါတယ်။ တစ်ဖက် မှာတော့ စပါးအသင်းကနေ အငှားစာချုပ်ပြည့်လို့ ပြန်လာမယ့် ဂါရက်သ်ဘေးလ် အနေနဲ့ မက်ဒရစ်မြေ မှာပဲ ကစားသမားဘဝ ကုန်ဆုံးဖို့ ရှိပြီး လာမယ့်ရာသီမှာ အပြီးတိုင် အနားယူတော့မယ်လို့ သိရပါတယ်။ နည်းပြ အန်ဆယ်လော့တီ ကတော့ တစ်ချိန်က သူနဲ့ အောင်မြင်မှု များစွာ ရရှိခဲ့တဲ့ တပည့်ဟောင်းကို ဘယ်အသင်းကိုမှ ပြောင်းရွှေ့စေမှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားထားခဲ့ပြီး ဖြစ်ပါတယ်။

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – ဒေးဗစ် အလာဘာ

အထွက် – ဆာဂျီယို ရာမို့စ်
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်