နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လီဗန်တေးကို ရှုံးနိမ့်ပြီး အမှတ်ပေးချန်ပီယံဘွဲ့ ကာကွယ်ဖို့ ခက်ခဲလာတဲ့ ရီးရဲယ်မက်ဒရစ် – လာလီဂါ ပွဲပြီးသုံးသပ်ချက်

ရီးရဲယ်မက်ဒရစ် ၁ – ၂ လီဗန်တေး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ လာလီဂါပွဲစဉ် ၂၁ မှာ ရီးရဲယ်မက်ဒရစ်တို့ အိမ်ကွင်းမှာ လီဗန်တေးကို ၁-၂ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ လက်ရှိ လာလီဂါ ချန်ပီယံ ရီးရဲယ်မက်ဒရစ် အနေနဲ့ ဒီရာသီ အတွက် တတိယမြောက် အိမ်ကွင်း ရှုံးပွဲ တွေ့သွားခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာမှာ ဆက်လက်ရပ်တည်ခဲ့ပေမယ့် ထိပ်ဆုံးက အက်တလက်တီကို မက်ဒရစ်ထက် ၂ ပွဲပိုကစားပြီး ၇ မှတ်အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။

ရီးရဲယ်မက်ဒရစ် တို့ နည်းပြ ဇီဒန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတာကြောင့် လက်ထောက်နည်းပြ ဒေးဗစ်ဘတ်တိုနီကိုပဲ ကိုင်တွယ်စေခဲ့ပြီး လူစာရင်း အပြည့်အစုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ တိုက်စစ်မှာ ကယ်ရင် ဘန်ဇီးမား၊ အီဒင်ဟာဇက်၊ အက်ဆန်စီရို၊ ကွင်းလယ်မှာ မိုဒရစ်၊ ကတ်စီမီရို၊ တိုနီခရူးစ်၊ နောက်တန်းမှာ အော့ဒရီရိုဇိုလာ၊ မီလီတောင်၊ ဗာရန်း၊ မန်ဒီ တို့ပါဝင်လာခဲ့ပြီး ရိုးရှင်းတဲ့ ၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပါတယ်။ လီဗန်တေးဘက်မှာတော့ ရော်ဂျာ၊ လီယွန်၊ မိုရာလက်စ်၊ မီရာမွန်၊ ဒူရာတေးတို့လို အဓိကကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ဒီပွဲမှာ အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ် မပါဝင်နိုင်ခဲ့လို့ ခံစစ်က သိသိသာသာ အားနည်းခဲ့တာတွေ့ရပါတယ်။ နောက်ပြီး နောက်ခံလူ မီလီတောင် အနေနဲ့ ပွဲချိန် ၉ မိနစ်မှာတင် တိုက်ရိုက် အနီကတ်ပြသခံခဲ့ရလို့ ရီးရဲယ်မက်ဒရစ် တို့ လက်ကျန် မိနစ်တွေမှာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရီးရဲယ်မက်ဒရစ်တို့ ပွဲစပြီး ၁၃ မိနစ်မှာတင် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးကိုတော့ မားကို့စ် အဆန်စီရိုက လီဗန်တေး နောက်ခံလူတွေ ကြားကနေ ဆွဲပြေးပြီး အကောင်းဆုံး အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၃၂ မိနစ်မှာတော့ လီဗန်တေးတို့ ချေပဂိုးရခဲ့ပြီး မိုရာလက်စ်က သွင်းယူပေးခဲ့ပါတယ်။ လက်ရှိ ရီးရဲယ်မက်ဒရစ်ရဲ့ ခြေစွမ်းက အရင်နဲ့ မတူတော့ပဲ ကစားသမား တစ်ယောက် လျော့သွားချိန်မှာဆိုရင် ဘယ်လိုမှကို ခေါင်းမထောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါ့ကြောင့်လည်း ပွဲချိန် ၇၈ မိနစ်မှာ လီဗန်တေးတို့ အနိုင်ဂိုးရသွားခဲ့ပြီး ရော်ဂျာက သွင်းယူပေးခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ ရီးရဲယ်မက်ဒရစ်တို့ ချေပဂိုး ရဖို့အတွက် ကြိုးစားခဲ့ပေမယ့်လည်း ထိရောက်တဲ့ ထိုးဖောက်မှုတွေ မပြုလုပ်နိုင်ခဲ့လို့ ပွဲအပြီးမှာ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

လက်တလော လာလီဂါ အမှတ်ပေးဇယား အဆင့် ၉ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၇ နေရာက အသင်းနဲ့ ၂ မှတ်သာ ကွာဟပါတော့တယ်။
နောက်ပိုင်းကစားတဲ့ လာလီဂါပွဲစဉ်တွေမှာ ရလဒ်တွေ တောက်လျောက်ပြန်ကောင်းနေတဲ့ လီဗန်တေး

 

ပွဲပြီးသုံးသပ်ချက်

ရီးရဲယ်မက်ဒရစ်တို့ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲ ရှုံးနိမ့်ပြီး ရလဒ်တွေ တောက်လျောက်ဆိုးနေသလို ခြေစွမ်းလည်း သိသိသာသာ ကျသွားခဲ့လို့ အခုဆိုရင် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးက အက်တလက်တီကို မက်ဒရစ်နဲ့ ၇ မှတ်အထိ ကွာဟသွားခဲ့ပါပြီ။ ပိုဆိုးတာက လက်ရှိမှာ ရီးရဲယ်မက်ဒရစ်တို့ အက်တလက်တီကို မက်ဒရစ်ထက် ၂ ပွဲပိုကစားထားတာကြောင့် ချန်ပီယံဆု ကာကွယ်ဖို့တောင် ခက်ခဲသွားခဲ့ပါတယ်။ လက်ရှိမှာ တိုက်စစ်က အီဒင် ဟာဇက်ရဲ့ လုပ်ကွက်တွေ ပျောက်နေဆဲ ဖြစ်သလို နောက်တန်းက မငြိမ်သေးသ၍တော့ ရီးရဲယ်မက်ဒရစ်တို့ အဘက်ဘက်မှာ ကျရှုံးဖို့ပဲ ရှိနေပါတယ်။ ပြိုင်ဘက် လီဗန်တေးကတော့ ဒီရာသီအတွက် ၆ ပွဲမြောက် နိုင်ပွဲရရှိခဲ့ပြီး ပထမအကျော့ ရှုံးပွဲကိုလည်း လက်စားချေနိုင်ခဲ့ပါတယ်။ လက်တလော လာလီဂါ အမှတ်ပေးဇယား အဆင့် ၉ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၇ နေရာက အသင်းနဲ့ ၂ မှတ်သာ ကွာဟပါတော့တယ်။

 

လာမယ့်ပွဲစဉ်များ

လာမယ့်ပွဲစဉ်မှာ ရီးရဲယ်မက်ဒရစ်တို့ အက်စ်ဒီ ဟျူးစကားနဲ့ ကစားဖို့ရှိပြီး လီဗန်တေးတို့ကတော့ ဗီလာရီးရဲယ်နဲ့ ကစားဖို့ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်