နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံ မျှော်လင့်ချက် အတွက် တတ်နိုင်သမျှ အားစိုက်လာဦးမယ့် ရီးရဲယ်မက်ဒရစ် – လာလီဂါ ပွဲကြိုသုံးသပ်ချက်

ဘီလ်ဘာအို – ရီးရဲယ်မက်ဒရစ်

လာလီဂါ ချန်ပီယံဆု အတွက် မျှော်လင့်ချက်ရှိနေဆဲ ရီးရဲယ်မက်ဒရစ် အတွက် နောက်ထပ် မဖြစ်မနေ အနိုင်ရမှ ဖြစ်မယ့်  ပွဲ ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ်တို့ ဘီလ်ဘာအိုနဲ့‌ တွေ့ဆုံတိုင်းမှာ လွယ်လွယ်ကူကူ နိုင်ပွဲ ရှာနိုင်ခဲ့တာကြောင့် ရမှတ် လိုအပ်ချက် အတွက် အားစိုက်ကစားလာမယ့် ဇီဒန်းရဲ့ အသင်းက ၃ မှတ် အလွယ်တကူ ရသွားမယ့် သဘောရှိပါတယ်။

ဘီလ်ဘာအိုက လက်ရှိ လာလီဂါ အမှတ်ပေးဇယား အဆင့် ၉‌ နေရာမှာ ရပ်တည်နေပြီး အမှတ်မလိုတော့တဲ့ အသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာဆိုရင် တန်းဆင်းဇုန်က ရုန်းထွက်နေတဲ့  အက်စ်ဒီဟူဒက်စ်ကာကို ရာမီးရက်ဇ်ရဲ့ တစ်လုံးသော သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီး ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်လည်း ရပ်တန့်ခဲ့ရပါတယ်။ ဘီလ်ဘာအိုရဲ့ ပြီးခဲ့တဲ့ ၅ ပွဲ ရလဒ်ကို ပြန်ကြည့်မယ်ဆိုရင် အက်တလက်တီကိုမက်ဒရစ်၊ ဆီဗီလာတို့ကို အနိုင်ရခဲ့ပေမယ့် အိုဆာဆူနာ၊ ဗယ်လာဒိုးလစ်တို့လို ခြေစွမ်းမကောင်းတဲ့ အသင်းတွေနဲ့ သရေကျခဲ့ထားခဲ့ပါတယ်။ ဒါ့ကြောင့် ဘီလ်ဘာအိုဟာ အသင်းကြီးတွေနဲ့ တွေ့ရင် မာမာထန်ထန် တုန့်ပြန်တတ်တဲ့ အသင်းဆိုတာ သိသာပါတယ်။ နောက်တစ်ချက်က ဘီလ်ဘာအိုတို့ ဒီရာသီမှာ အိမ်ကွင်း စွမ်းဆောင်ရည် မညံ့တာ တွေ့ရပြီး ၈ ပွဲနိုင်၊ ၆ ပွဲ သရေ၊ ၄ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိ အသင်းမှာ အဓိက ကစားသမား ၅ ဦးလောက် ဒဏ်ရာပြသနာကြောင့် ပါဝင်လာနိုင်မှာ မဟုတ်လို့ အနည်းငယ်တော့ ရုန်းကန်ရမယ့် အခြေအနေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ အခွင့်အရေး တွေကို အကြိမ်ကြိမ် ဖြုန်းတီး ပစ်ခဲ့မိတဲ့ ရီးရဲယ်မက်ဒရစ်တို့ လက်ရှိမှာ ကိုယ့်အသင်းကိုယ် အကောင်းဆုံး ကြိုးစားမှ ရမယ့်အပြင် အက်တလက်တီကိုမက်ဒရစ် ခြေချော်ဖို့လည်း လိုအပ်နေပါသေးတယ်။ ဒါ့ကြောင့် ရီးရဲယ်မက်ဒရစ်တို့ အခုပွဲမှာ ရှုံးနိမ့်ဖို့ မပြောနဲ့ သရေကျခွင့်တောင် မရှိပါဘူး။ လာလီဂါ ချန်ပီယံဆုကို ကာကွယ်ချင်တယ် ဆိုရင်ပေါ့။ မက်ဒရစ် မြို့ခံနှစ်သင်းပဲ ယှဉ်ပြိုင်ရဖို့ များသွားတဲ့ လာလီဂါ ချန်ပီယံလုပွဲမှာ အက်တလက်တီကို မက်ဒရစ်တို့ အားသာနေပေမယ့် ရီးရဲယ်မက်ဒရစ် ကတည်း နောက်ဆုံး အချိန်အထိ တိုက်ပွဲဝင်သွားမယ့် သဘောရှိပါတယ်။  အမှတ်ပေးဇယားထိပ်က အက်တလက်တီကို မက်ဒရစ်နဲ့ ၂ မှတ်ကွာဟနေလို့ လက်ကျန် ၂ ပွဲကနေ တတ်နိုင်သမျှ အမှတ်ပြည့်ရဖို့ ကြိုးစားလာမယ့် သဘောရှိပါတယ်။ ဇီဒန်းရဲ့ အသင်းက နောက်ဆုံးပွဲမှာ ခြေစွမ်းကောင်းတဲ့ ဗီလာရီးရဲယ်နဲ့ ကစားရမှာ ဖြစ်လို့ အခုပွဲက နိုင်ပွဲရှာဖို့ ပိုပြီး လွယ်ကူနိုင်ချေရှိပါတယ်။ ရာမို့စ် အပါအဝင် ဗာရန်း၊ ဗက်စ်ကွက်၊ မန်ဒီ၊ ကာဗာဟယ်တို့လို အဓိက နောက်ခံလူတွေ တော်တော်များများ ဒဏ်ရာရရှိနေပေမယ့် ပြီးခဲ့တဲ့ ဂရန်နာဒါနဲ့ ပွဲမှာတော့ မီလီတောင်၊ နာချို၊ မာဗင်၊ မီဂွယ်ဂူတီယာရက်ဇ် တို့နဲ့ အကောင်းဆုံး ထိန်းကြောင်း ကစားသွားနိုင်တာ တွေ့ရပါတယ်။

ဘီလ်ဘာအိုက လက်ရှိ လာလီဂါ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး အမှတ်မလိုတော့တဲ့ အသင်း ဖြစ်ပါတယ်။
နောက်ဆုံးပွဲမှာ တန်းတက် ဟူအက်စ်ကာ ကို ရှုံးနိမ့်ထားတဲ့ ဘီလ်ဘာအို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ရီးရဲယ်မက်ဒရစ်တို့ ဘီလ်ဘာအိုနဲ့ နောက်ပိုင်း လာလီဂါ တွေ့ဆုံမှု တော်တော်များများမှာ အသာရခဲ့ပေမယ့်အနီးစပ်ဆုံး စူပါဖလား ဗိုလ်လုပွဲမှာ‌တော့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ၂၀၁၀ နောက်ပိုင်း ၂၂ ကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားခဲ့ပြီး ရီးရဲယ်မက်ဒရစ်တို့ ၁၅ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၂ ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

 
1X2 မှာ အိမ်ရှင် အတွက် ၅.၅၀ ဆ နဲ့ ဧည့်သည် အတွက် ၁.၅၅ ဆ ကြေးဖွင့်ပြီး သရေအတွက် ၄.၃၃ ဆ ကြေးဖွင့် ပေးထားပါတယ်။ ဘီလ်ဘာအိုတို့ အသင်းကြီးတွေဆိုရင် ဒုက္ခပေးနိုင်လေ့ရှိပေမယ့် ချန်ပီယံဆုဖလား အတွက် အားကုန်ထုတ် ကြိုးစားနေတဲ့ ရီးရဲယ်မက်ဒရစ်ကို သွားရှုပ်လို့တော့ရမှာ မဟုတ်ပါဘူး။ လက်ရှိ ခြေစွမ်း၊ ကစားသမားစုဖွဲ့မှု အဘက်ဘက်မှာ သာနေတဲ့ ရီးရဲယ်မက်ဒရစ် တို့ဘက်မှာပဲ မျက်စိမှိတ်ပြီး ရပ်တည်ရပါလိမ့်မယ်။ ခန့်မှန်းရလဒ် ၁-၂ ပါ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်