နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘင်ဇီမာ ခြေစွမ်းပြပြီး ဆဲလ်တာဗီဂိုကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်တဲ့ ရီးရဲယ်မက်ဒရစ် – လာလီဂါ ပွဲပြီးသုံးသပ်ချက်

အက်တလက်တီကို မက်ဒရစ် ၁ – ၃ ရီးရဲယ်မက်ဒရစ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာတော့ ရီးရဲယ်မက်ဒရစ်တို့ ဆဲလ်တာဗီဂို ကို အဝေးကွင်းမှာ တိုက်စစ်မှူး ဘင်ဇီမာရဲ့ ခြေစွမ်းပြမှုနဲ့အတူ ၁-၃ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ရီးရဲယ်မက်ဒရစ်တို့ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးက အက်တလက်တီကိုမက်ဒရစ် ထက် တစ်ပွဲပိုကစား ၃ မှတ် အကွာ အဆင့် ၂ နေရာမှာ ဆက်လက်ရပ်တည်နေခဲ့တယ်လို့ သိရပါတယ်။

ရီးရဲယ်မက်ဒရစ်တို့ ဒီနေ့ပွဲမှာ ၄-၁-၂-၁-၂ ကစားပုံနဲ့ ပွဲထွက်လာပြီး ဂျူနီယာ၊ ဘင်ဇီမာ တိုက်စစ်အတွဲ၊ နောက်မှာ လူကာမိုဒရစ်၊ တိုနီခရူးစ်၊ ဗလ်ဗာဒီ၊ ကတ်စီမီရို၊ နောက်တန်းမှာ ဖာလန်းမန်ဒီ၊ ဖာနန်ဒက်စ်၊ ဗာရန်း၊ လူးကပ်စ် ဗက်စကွက်တို့ကို အသုံးပြုခဲ့ပါတယ်။ ဆဲလ်တာဗီဂို ဘက်မှာတော့ အက်စ်ပက်စ်၊ မီနာ၊ ဒန်းနစ်ဆွာရက်ဇ်၊ အာရူဂျို၊ ဗေလာ တို့ပါဝင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အိမ်ရှင် ဆဲလ်တာဗီဂိုတို့ ဘောလုံး ပိုင်ဆိုင်မှု အသာစီးရခဲ့တာကလွဲရင် ကျန်ဘယ်လို အခြေအနေမှာမှ အသာရခဲ့တာ မတွေ့ရပါဘူး။ ပွဲအစ မိနစ် ၂၀ မှာတင် ရီးရဲယ်မက်ဒရစ်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး တိုနီခရူးစ်ရဲ့ ပေးပို့မှုက တစ်ဆင့် ဘင်ဇီမာက သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ၁၀ မိနစ်အကြာမှာတော့ တိုနီခရူးစ်ရဲ့ ပေးပို့မှုကနေပဲ ဘင်ဇီမာက ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာတော့ ဒန်းနစ်ဆွာရက်ဇ်ရဲ့ပေးပို့မှုက တစ်ဆင့် ဆန်တီမီနာက သွင်းယူပေးခဲ့လို့ ဆဲလ်တာဗီဂိုတို့ ချေပဂိုး ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ တိုနီခရူးစ် အစား မားကို့စ် အက်ဆန်စီရို ဝင်ရောက်လာခဲ့ပြီး ကစားပုံပိုကောင်းလာခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်တို့ရဲ့ တတိယမြောက် သွင်းဂိုးကိုတော့ ဘင်ဇီမာရဲ့ ပံပိုးပေးမှုကနေ မားကို့စ် အက်ဆန်စီရို ကသွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ ၁-၃ ရလဒ်နဲ့ ရီးရဲယ်မက်ဒရစ်တို့ နိုင်ပွဲတစ်ပွဲ ပိုင်ဆိုင်ခဲ့ပါတယ်။

အခုပွဲအပြီးမှာ ဆဲလ်တာဗီဂိုတို့ ရမှတ် ၃၄ မှတ်နဲ့ လာလီဂါ အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်ခဲ့ပြီး ရီးရဲယ်မက်ဒရစ် ကတော့ ဒုတိယနေရာကနေ အက်တလက်တီကိုမက်ဒရစ်ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။
လာလီဂါ ၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ဆဲလ်တာဗီဂို

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ရီးရဲယ်မက်ဒရစ် တိုက်စစ်က ဘင်ဇီမာ၊ အက်ဆန်စီရို တို့ ခြေစွမ်းပြနိုင်ခဲ့ပြီး အရေးပါတဲ့ သွင်းဂိုးတွေလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တိုနီခရူးစ်ပါဝင်လာတဲ့ ကွင်းလယ်က တော်တော်လေးကို အလုပ်ဖြစ်ခဲ့ပြီး သူကိုယ်တိုင်လည်း အခွင့်အရေး  ၅ ကြိမ်အထိ ဖန်တီးပေးခဲ့ပြီးတော့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့တဲ့ ဘန်ဇီမာကတော့ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ အပါအဝင် ၆ ပွဲမှာ ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အခုပွဲအပြီးမှာ ဆဲလ်တာဗီဂိုတို့ ရမှတ် ၃၄ မှတ်နဲ့ လာလီဂါ အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်ခဲ့ပြီး ရီးရဲယ်မက်ဒရစ် ကတော့ ဒုတိယနေရာကနေ အက်တလက်တီကိုမက်ဒရစ်ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဆဲလ်တာဗီဂိုတို့ လာမယ့် ဧပြီလ ၄ ရက်နေ့မှာ အဲလ်ဗက်စ်နဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိပြီး ရီးရဲယ်မက်ဒရစ်ကတော့ အီဘာနဲ့ ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်