နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နေမာနဲ့ သတင်းတွေကို ဖြေရှင်းလိုက်တဲ့ ဇာဗီ (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၀ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နေမာနဲ့ သတင်းတွေကို ဖြေရှင်းလိုက်တဲ့ ဇာဗီ

နေမာဟာ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း ဘရာဇီးလ် ကြယ်ပွင့်ရဲ့ ဖခင်က လီဂူးဝမ်း ကလပ် ကနေ ထွက်ခွာမယ့် သတင်းတွေကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာလီဂါ ကလပ်ဟောင်းထံ နေမာ ပြန်လည် ပြောင်းရွှေ့မယ် ဆိုတဲ့ သတင်းတွေက ထိန်းလို့မရဘဲ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။ ဇာဗီ ဟာနန်ဒက်ဇ်ဟာ ဘရာဇီးလ် ကြယ်ပွင့်ဟောင်း နူးကမ့်ပ်ကို ပြန်လာနိုင်ချေနဲ့ ပတ်သက်ပြီး မေးမြန်းခံခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော် နာမည်တွေ၊ ရွေးချယ်စရာတွေနဲ့ ပတ်သက်ပြီး ဘာမှမပြောနိုင်ပါဘူး။ နေမာ အတွက်လည်း အတူတူပါပဲ။ ကျွန်တော်တို့ ဒီနေ့ကနေ ဩဂုတ် ၃၁ ရက်နေ့ မတိုင်ခင် အထိ ဘာလုပ်နိုင်မလဲ ဆိုတာ ကြည့်တာပေါ့။ ကျွန်တော် နာမည်တွေနဲ့ ပတ်သက်ပြီး ဒီထက် ပိုပြီး မပြောနိုင်ပါဘူး။” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။


အမ်းမရိတ်စ် ကလပ်ကို ပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ အင်နီယေစတာ

လာလီဂါ နာမည်ကျော်ဟောင်း အင်နီယေစတာက အမ်းမရိတ်စ် ကလပ်ကို ပြောင်းရွှေ့ခဲ့ပြီ ဖြစ်တယ်လို့ ယူအေအီး ပရိုလိဂ်က အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

ရာ့စ် အယ်လ် ခိုင်မာမှာ အခြေစိုက်တဲ့ ကလပ် အသင်းဟာ အင်နီယေစတာက ၎င်းတို့ရဲ့ ရှပ်ကို ဝတ်ဆင်ထားတဲ့ပုံ တင်ခဲ့ပြီး စာချုပ်အချက်အလက်တွေကို ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ကြေညာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဘာစီလိုနာ ဂန္တဝင်ဟာ ပြီးခဲ့တဲ့လမှာ ၅ နှစ်ကြာ ကစားခဲ့တဲ့ ဗစ်ဆယ် ကိုဘေး အသင်းကို စွန့်ခွာခဲ့တာ ဖြစ်ပြီး အင်နီယေစတာဟာ ၂၀၁၈ ခုနှစ်မှာ နူးကမ့်ကို စွန့်ခွာပြီးနောက် ဂျပန် ကလပ်ကို အင်ပါယာဖလား၊ အာရှချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။


လူနင်ကို ဒီနွေရာသီမှာပဲ အသင်း ကနေ ထွက်စေချင်နေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် လူနင်ကို ယခုနွေရာသီ မှာပဲ အသင်း ကနေ ထွက်စေချင်နေတယ်လို့ AS က ဖော်ပြခဲ့ပါတယ်။

လူနင်ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ အသင်းတွေ ရှိနေမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာ ကော့တွိုက်စ်ရဲ့ အရန်ဂိုးသမား အဖြစ် ကစားနေရပေမယ့်လည်း ဘောလုံးလောကမှာ အလားအလာ အကောင်ဆုံး လူငယ်ဂိုးသမားတွေ ထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ လူနင်ဟာ လာမယ့် နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ရွေးချယ်စရာတွေ အများအပြား ရှိလာနိုင်ပြီး ရီးရဲလ်မက်ဒရစ် ကတော့ အလွတ်နဲ့ ထွက်ခွာခွင့်မပေးချင်တာကြောင့် ဒီနွေရာသီမှာပဲ အသင်း ကနေ ထွက်ခွာစေချင်နေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်