နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မကြာခင်မှာ ရီးရဲလ်မက်ဒရစ် နည်းပြ ဖြစ်လာဖို့ အလားအလာ အရှိဆုံး ဖြစ်နေတဲ့ အလွန်ဆို | လာလီဂါ

စပိန် လူမျိုး နည်းပြ ဇာဘီ အလွန်ဆို ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။ အလွန်ဆို အနေနဲ့ လာမယ့် နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်နဲ့ လမ်းခွဲဖို့ အဆင်သင့် ရှိနေပြီလို့ သိရပြီးတော့ ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဖြစ်လာဖို့ အလားအလာ တော်တော်လေး ကောင်းနေပြီ ဖြစ်ကြောင်း စပိန် မီဒီယာတွေက ဖော်ပြလျက် ရှိပါတယ်။

လက်ရှိမှာ အသက်အရွယ် အားဖြင့် ၄၂ နှစ် ရှိပြီ ဖြစ်တဲ့ အလွန်ဆိုက ပြီးခဲ့တဲ့ ရာသီမှာ လေဗာကူဆင်ကို ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲ မရှိ စံချိန်ကောင်း တစ်ခုနဲ့ ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အလွန်ဆိုက ဂျာမန် ပိုကယ်ဖလား ချန်ပီယံ ဖြစ်ခဲ့ပြီး ယူရိုပါလိဂ် မှာလည်း ဗိုလ်လုပွဲ အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် အလွန်ဆိုကို ထိပ်တန်း ကလပ် အသင်းပေါင်း များစွာက စိတ်ဝင်စားနေခဲ့ကြပြီးတော့ လာလီဂါ ကလပ် ကတော့ ထိပ်ဆုံးက ရှိနေတာ ဖြစ်ပါတယ်။

အလွန်ဆို ကတော့ ကစားသမား ဘဝက လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၂၃၆ ပွဲ အထိ ကစားပေးခဲ့သူ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ ပြိုင်ပွဲစုံ ၂၃၆ ပွဲ ကစားပေးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

အထူးသဖြင့် အလွန်ဆိုကို သူ့ရဲ့ ကစားသမားဘဝ အသင်းဟောင်းတွေ ဖြစ်တဲ့ လစ်ဗာပူးလ်၊ ရီးယဲလ်မက်ဒရစ် အပြင် ဘေယန်မြူးနစ် ကလည်း ၎င်းကို နည်းပြ အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အလွန်ဆိုက လေဗာကူဆင် မှာသာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ မှာတော့ အလွန်ဆိုက လေဗာကူဆင်နဲ့ စာချုပ်သက်တမ်း မပြည့်ခင် လမ်းခွဲဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း စပိန် မီဒီယာတွေက ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ ဒီလို သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေချိန်မှာ အလွန်ဆိုကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ အသင်းဟောင်း ၃ သင်း အနက် ရီးရဲလ်မက်ဒရစ် ဆီကိုသာ ရောက်ရှိဖို့ အလားအလာ များနေခဲ့ကြောင်းလည်း သုံးသပ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ လက်ရှိ နည်းပြ ကာလို အန်ဆယ်လော့တီရဲ့ ဦးဆောင်မှုကို စိတ်တိုင်းမကျ ဖြစ်လာတဲ့ အတွက် အလွန်ဆိုသာ လေဗာကူဆင်နဲ့ လမ်းခွဲဖြစ်ခဲ့ရင်တော့ လက်ဦးမှု ရယူကာ ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ လက်ရှိ နည်းပြ ဖြစ်တဲ့ ကာလို အန်ဆယ်လော့တီနဲ့ ၂၀၂၅-၂၆ ဘောလုံး ရာသီအကုန်ထိ စာချုပ် သက်တမ်း ကျန်ရှိနေပြီးတော့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ အလွန်ဆိုနဲ့ အစားထိုးသွားဖို့ စိတ်ဝင်စားနေပါတယ်။ အလွန်ဆို ကတော့ ကစားသမား ဘဝက လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၂၃၆ ပွဲ အထိ ကစားပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အန်ဆယ်လော့တီ လက်အောက် ၂၀၁၄ ခုနှစ်က ချန်ပီယံလိဂ် ဖလားလည်း ရရှိထားသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်