နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်က လာကမ်းလှမ်းတာကို မျက်နှာပြောင်တယ် ထင်ပြီး ဘုနဲ့ဘောက် တုန့်ပြန်ခဲ့ဖူးတဲ့ ဗယ်လ်ဗာဒီ | လာလီဂါ

စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကကစားသမား အဖြစ် ခြေစွမ်းပြနေတဲ့ ဥရုဂွေး ကွင်းလယ်လူ ဗယ်လ်ဗာဒီက သူ ရီးရဲလ်မက်ဒရစ်ကို ဘယ်လိုရောက်ခဲ့လဲ ဆိုတာကို ပြန်လည် ဖွင့်ဟခဲ့ပါတယ်။

အသက် ၂၅ နှစ် အရွယ် ဥရုဂွေးသားဟာ ရီးရဲလ်မှာ ကွင်းလယ်လူ၊ ကွင်းလယ်ခံစစ်၊ ညာတောင်ပံကစားသမား ဆိုပြီး နေရာမျိုးစုံမှာ ကစားပေးခဲ့ကာ အသင်း အတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ သူ့ရဲ့ အားပါ ပြင်းထန်တဲ့ အဝေးကန်ချက်တွေနဲ့ ဂိုးတွေ ရယူပြိး ဂိုးသွင်းအား ကောင်းတဲ့ ကွင်းလယ်လူ လို့ပါ သတ်မှတ်ခံထားရပါတယ်။ သူပြောခဲ့တဲ့ ဇာတ်လမ်း ကတော့ ဒီလိုပါ။ 

“ ကျနော်က ပါရာဂွေးမှာ တောင်အမေရိက ယူ ၁၇ ပွဲ ကစားနေတုန်း ကျနော့် ဘ၀ကို ပြောင်းလဲစေမယ့် ဖုန်းခေါ်ဆိုမှု တစ်ခုကို ရခဲ့တယ်၊ ဟိုတယ်ခန်းထဲမှာ ကျနော်က ထိုင်နေတာ။ အဖေနဲ့ အမေက တခြား အခန်း တစ်ခုမှာ။ ကျနော့် အမေက ဖုန်းလှမ်းဆက်ပြီးတော့ ဟေ့၊ နင် ငါ့အခန်းကို အခု လာခဲ့၊ ဒီမှာ လူတချို့ ရောက်နေပြီး နင်နဲ့ စကားပြောချင်လို့တဲ့၊ အခုလာခဲ့နော်၊ အဲဒီလူတွေက ရီးရဲလ်မက်ဒရစ်က ဆိုပြီး ပြောတယ်”

“ စစချင်းတော့ အမေက ကျနော့်ကို နောက်ပြောင်နေတာလို့ ထင်နေတာ၊ အမေတို့ အခန်းကို ကျနော် ပြေးသွားတော့ အဲဒီမှာ သူတို့ကို တွေ့လိုက်ရတယ်၊ လူနှစ်ယောက် ရှိနေပြီး အရင်က တခါမှ မမြင်ဖူးဘူးဗျ၊ အမေ ကလည်း မျက်ရည်တွေကျတဲ့ အထိ ဖြစ်နေပြီ၊ သူတို့က တောင်အမေရိက စပိန် မဟုတ်တဲ့ လေသံနဲ့ စပြောတယ်၊ ဒီမှာတင်ပဲ သူတို့က ဒီဒေသက မဟုတ်ဘူး ဆိုတာ ကျနော်သိလိုက်တယ်”

လာလီဂါ ထိပ်သီး ကလပ် အတွက် ပွဲပေါင်း ၂၀၀ နီးပါး ကစားပေးထားပြီး ၂၁ ဂိုး အထိ သွင်းယူပေးထားကာ ပြီးခဲ့တဲ့ရာသီ မှာတော့ ၁၂ ဂိုး အထိ ရရှိခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးလိုက်တဲ့ ဗယ်ဗာဒီ

“ သူတို့က ကျနော် တို့က လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကပါ၊ မင်းက ငါတို့ အသင်း အတွက် ကြယ်တစ်ပွင့် ဖြစ်လာနိုင်တယ်လို့ ငါတို့ ယုံကြည်တယ်၊ မင်းနဲ့ မင်းမိဘတွေကို မက်ဒရစ်ကို ပြောင်းရွှေ့စေချင်တယ်လို့ ပြောတယ်၊ အမေ့ကို ကျနော် လှမ်းကြည့်ဖြစ်တယ်။ အေးဂျင့်တွေ ကိုလည်း မင်းတို့ငါ့ကို သောက်ခွက်လာပြောင်နေတာလားလို့ မေးလိုက်တယ်”

“ မင်း မပြောနဲ့တော့၊ ငါတို့ သောက်ခွက်ပြောင်နေတာ မဟုတ်ဘူးလို့ သူတို့က ပြန်ပြောတယ်၊ အဲဒါနဲ့ ကစားသမားပေါင်း ၅ သိန်းလောက်မှာမှ ဘာလို့ငါက ရီးရဲလ်က လိုချင်တဲ့သူ ဖြစ်ရတာလဲလို့ ကျနော် တွေးမိတယ်၊ ပြီးတော့ ကျနော် ဟိုတယ် ဧည့်ခန်းကို ပြေးထွက်သွားတယ်၊ အဲဒီမှာ အဖေက တခြားတယောက်နဲ့ စကားပြောနေတယ်၊ အဖေ၊ ဒီမှာ မက်ဒရစ်က လူတွေ ရောက်နေတယ်လို့ ကျနော် ပြောလိုက်မိတယ်”

“ အဖေက ဒါဆို မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ၊ သူတို့က ဘယ်မှာလဲတဲ့၊ အခန်းထဲမှာ၊ ကျနော့်ကို စာချုပ်ချုပ်ချင်နေတယ်၊ ရီးရဲလ်က ကျနော့်ကို အလိုရှိနေတာ ဆိုတော့ ကျနော့်ကို ကမ္ဘာပေါ်မှာ သောက်ရူးအကျဆုံးကောင်လိုမျိုး ကြည့်ပြီး မင်း အဲဒီကို ပြန်သွားတော့ သောက်ရူးရဲ့ လို့ အော်တော့တာပဲ။ ကျနော်လည်း အခန်းထဲ ပြန်ပြေးရတာပေါ့၊ ပြီးတော့ အေးဂျင့်တွေကို ကျေးဇူးတင်စကားတွေ ဘာတွေ ပြောဖြစ်လိုက်တယ်၊ ကျနော့် ဘ၀မှာ ပထမဆုံးသော အပြည့်စုံဆုံးနေ့ ဖြစ်ခဲ့တာပါ” လို့ ဗယ်လ်ဗာဒီက ဖွင့်ဟခဲ့တာပါ။ အခုဆိုရင် သူက ကာလို အန်ဆယ်လော့တီရဲ့ အသင်း အတွက် ၆ ရာသီမြောက် ကစားပေးနေပါပြီ။လာလီဂါ ထိပ်သီး ကလပ် အတွက် ပွဲပေါင်း ၂၀၀ နီးပါး ကစားပေးထားပြီး ၂၁ ဂိုး အထိ သွင်းယူပေးထားကာ ပြီးခဲ့တဲ့ရာသီ မှာတော့ ၁၂ ဂိုး အထိ ရရှိခဲ့ပါတယ်။ ဒီရာသီမှာ ၁ ဂိုးတည်းသာ ရရှိထားပြီး မနှစ်က ဂိုးသွင်းစံချိန်ကို သူ လိုက်မီဖို့ကို ပစ်မှတ်ထားနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်