နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘာစီလိုနာရဲ့ ပစ်မှတ် ဆွန်ဟောင်မင်ကို သက်တမ်းတိုးလိုက်တဲ့ စပါး | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ ပစ်မှတ် ဖြစ်တဲ့ တောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟောင်မင် ကတော့ တော့တင်ဟမ်ဟော့စပါးနဲ့ တစ်နှစ် သက်တမ်းတိုးလိုက်ပြီလို့ သိရပါတယ်။ တော့တင်ဟမ်ဟော့စပါးက သူတို့ရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ စာချုပ်မှာ ထည့်သွင်း ချုပ်ဆိုထားခဲ့တဲ့ တစ်နှစ် သက်တမ်းတိုးခွင့်ကို တရားဝင် အသက်သွင်းခဲ့တာကြောင့် ကစားသမားဟာ စပါးမှာ ၂၀၂၆ ခုနှစ် ဇွန်လ အထိ ဆက်ရှိနေတော့မှာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ပြောင်းရွှေ့ကြေး မပေးရတဲ့ ကစားသမားတွေကို ဦးစားပေး ခေါ်ယူဖို့ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လာလီဂါ ကလပ်က တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဆွန်ဟောင်မင်ကို ပစ်မှတ် စာရင်းထဲ ထည့်သွင်းခဲ့ပြီး ကြိုးပမ်းဖို့လည်း ရှိခဲ့တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာက အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် ပြီးခဲ့တဲ့ နွေရာသီတုန်းက လိုက်ပ်ဇစ် ကနေ ခေါ်ယူထားခဲ့တဲ့ စပိန် ကွင်းလယ် တိုက်စစ် ကစားသမား ဒန်နီ အော်လမိုကို မှတ်ပုံတင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် အသင်း အတွက် လိုအပ်နေတဲ့ တိုက်စစ် နေရာ အတွက် ကစားသမားသစ် ခေါ်ယူရာမှာ သက်ဆိုင်ရာ ကလပ်တွေနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားတွေကို ပိုပြီး ဦးစားပေး ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် နွေရာသီမှာ အလွတ်ကြေးနဲ့ ခေါ်ယူနိုင်မယ့် ဆွန်ဟောင်မင်ကို မျက်စိကျခဲ့တာ ဖြစ်ပါတယ် 

သေချာတာ ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ အနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူဖို့ထက် အသင်းရဲ့ ငွေကြေး ပြဿနာတွေကို အရင်ဆုံး ဖြေရှင်းဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။
စပါးမှာ ၂၀၂၆ ခုနှစ် အထိ ဆက်ရှိနေတော့မယ့် ဆွန်ဟောင်မင်

ဒါပေမယ့်လည်း ဘာစီလိုနာတို့ မကြိုးပမ်းရသေးခင် မှာပဲ ပရီးမီးယားလိဂ် ကလပ်က သူတို့ရဲ့ အဓိက တိုက်စစ်မှူးကို ခပ်မြန်မြန်ပဲ သက်တမ်း တိုးခဲ့တာ ဖြစ်လို့ ဆွန်ဟောင်မင်ကို ဘာစီလိုနာ ဂျာဆီနဲ့ မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တောင်ကိုရီးယား ကြယ်ပွင့်က ၂၀၁၅ ခုနှစ်မှာ စပါးကို ရောက်ရှိခဲ့သူ ဖြစ်ပြီးတော့ ဟယ်ရီကိန်းနဲ့ တွဲဖက်ကာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။ ဆွန်က ဟယ်ရီကိန်း အသင်း ပြောင်းသွားချိန်မှာလည်း အသင်းခေါင်းဆောင် အဖြစ်နဲ့ အသင်းရဲ့ တိုက်စစ်မှာ ဆက်လက် ဦးဆောင်နေသူ ဖြစ်ပါတယ်။ 

ဒီရာသီမှာတော့ ဆွန်က ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းလာခဲ့တာကြောင့် စပါး ဘက်ကလည်း ဆွန်ကို စာချုပ် သက်တမ်း တိုးမြှင့်ဖို မသေချာတဲ့ အခြေအနေထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဘာစီလိုနာ အပါအဝင် ဥရောပ ထိပ်တန်း ကလပ် များစွာက စောင့်ကြည့်ခဲ့ကြကာ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့လည်း ပြင်ဆင်ခဲ့ကြတယ်လို့ သိရပါတယ်။ သတင်းတွေအရ ဆိုရင် ဘာစီလိုနာက လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် အီဂျစ် တိုက်စစ်မှူး မိုဟာမက် ဆာလာ အပြင် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် ကိုလည်း စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။ သေချာတာ ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ အနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူဖို့ထက် အသင်းရဲ့ ငွေကြေး ပြဿနာတွေကို အရင်ဆုံး ဖြေရှင်းဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်