နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီးရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ဖူးကြောင်း ဖွင့်ဟလာတဲ့ ရိုဒရီဂို | လာလီဂါ

ဘရာဇီးလ် လူငယ် ကြယ်ပွင့် တိုက်စစ်မှူး ရိုဒရီဂို ကတော့ လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ရိုဒရီဂိုကို အလိုရှိနေတဲ့ ဥရောပ ထိပ်တန်း ကလပ်ပေါင်း များစွာ ရှိနေပြီးတော့ အဲဒီ အထဲကမှ မန်စီးတီးဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက သူ့ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ရိုဒရီဂိုက ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပြီး ဒီအကြောင်းအရာနဲ့ ပတ်သတ်လို့လည်း ကစားသမား ကိုယ်တိုင်က ပြန်လည် ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။ 

သတင်းတွေ အရ မန်စီးတီး အနေနဲ့ ရိုဒရီဂိုကို ယူရို သန်း ၁၅၀ နဲ့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းထံ ကမ်းလှမ်းခဲ့တာလည်း ဖြစ်ကြောင်း စပိန် မီဒီယာတွေက ဖော်ပြခဲ့တာပါ။ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် ကြယ်ပွင့် ရိုဒရီဂို ကိုတော့ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့ကလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။ ရိုဒရီဂိုဟာ အထောင် တိုက်စစ် နေရာမှာ သာမက တောင်ပံ နှစ်ဖက် စလုံးမှာ ကစားနိုင်သူ ဖြစ်တာကြောင့်လည်း ပပ် ဂွါဒီယိုလာရဲ့ အလိုအရှိဆုံး ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့သူပါ။ 

ရိုဒရီဂို ကတော့ ဘရာဇီးလ် ကလပ် ဆန်းတို့စ်မှာ ကစားဘဝကို စတင်ခဲ့ပြီးတော့ ၂၀၂၀ ခုနှစ် မှာတော့ ရီးရဲလ်မက်ဒရစ် အကယ်ဒမီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရိုဒရီဂို အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာချင်းမှာပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်တာကြောင့် စီနီယာ အသင်း အတွက် ချက်ချင်းပဲ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ အဲဒီနောက် ရီးရဲလ်မက်ဒရစ် အတွက် ၆ ရာသီ ဆက်တိုက် ပါဝင် ကစားထားခဲ့ပြီး ပွဲပေါင်း ၂၃၇ ပွဲ ကစားကာ ဂိုး ၆၀ အထိ သွင်းယူထားခဲ့ပါတယ်။

သတင်းတွေ အရ မန်စီးတီး အနေနဲ့ ရိုဒရီဂိုကို ယူရို သန်း ၁၅၀ နဲ့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းထံ ကမ်းလှမ်းခဲ့တာလည်း ဖြစ်ကြောင်း စပိန် မီဒီယာတွေက ဖော်ပြခဲ့တာပါ။
ရီးရဲလ်မက်ဒရစ် အတွက် ပုံမှန် ပွဲထွက်ခွင့် ပြန်ရနေတဲ့ ရိုဒရီဂို

ဒါပေမယ့် ဒီရာသီအစမှာ အသင်းကို ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ရောက်ရှိလာမှုနဲ့ အတူ ရိုဒရီဂိုဟာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရနိုင်ပြီး ရာသီအစကလည်း အသင်း ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ ရာသီက ဘယ်လင်ဟမ်၊ ဗင်နီးစီးယပ်စ် တို့ရဲ့ လောင်းရိပ်မိခဲ့ပေမယ့်လည်း ပြိုင်ပွဲစုံ ဂိုး ပါဝင် ပတ်သက်မှု ၁၈ ဂိုး အထိ ရှိခဲ့ကာ ၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေး ရောက်ရှိလာမှုက ရိုဒရီဂို အတွက် သက်ရောက်မှု မကြီးမားခဲ့ပဲ လက်ရှိအချိန်မှာတော့ ပုံမှန်နီးပါး ပွဲထွက် ကစားခွင့် ရရှိနေတာလည်း ဖြစ်ပါတယ်။ 

ရိုဒရီဂိုဟာ ဒီရာသီ လာလီဂါ အပါအဝင် ပြိုင်ပွဲစုံမှာ ပွဲ ၂၀ ကစားထားပြီး ဂိုးပါဝင် ပတ်သက်မှု ကလည်း ၅ ဂိုး ရှိကာ ၄ ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ မန်စီးတီး ကတော့ ရိုဒရီဂိုကို မခေါ်ယူနိုင်ခဲ့တာကြောင့် တခြားသော တောင်ပံကစားသမား တစ်ဦး ဖြစ်တဲ့ ဆာဗင်ညိုကို အစားထိုး ခေါ်ယူခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်