လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ညာနောက်ခံလူ နေရာ အတွက် နံပါတ် ၁ ပစ်မှတ် ကတော့ လစ်ဗာပူးလ်က ထရန့် အလက်ဇန္တား အာနိုးလ် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ်က အာနိုးလ်ကို လာမယ့် နွေရာသီ မှသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားချင်နေပြီး အကယ်၍ လာမယ့် ဆောင်းရာသီ ဈေးကွက်မှာ မဖြစ်မနေ ကမ်းလှမ်းရမယ် ဆိုရင်တော့ ပေါင် သန်း ၂ဝ သာ အသုံးပြုသွားလိုနေကြောင်းလည်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လစ်ဗာပူးလ်နဲ့ အာနိုးလ် တိုရဲ့ အခြေအနေကို တောက်လျှောက် စောင့်ကြည့်နေပြီး အကယ်၍ အာနိုးလ်သာ လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်း မတိုးနိုင်ခဲ့ဘူး ဆိုရင်တော့ အလွတ်နဲ့ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လာလီဂါ ကလပ်ဟာ အာနိုးလ်ကို အလွတ်ကြေးနဲ့ ခေါ်ယူပြီး မက်မောလောက်စရာ လက်မှတ် ထိုးကြေး အပါအဝင် အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ အကယ်၍ အာနိုးလ်ကို လက်ရှိ ဆောင်းဈေးကွက်မှာ ကမ်းလှမ်းရမယ် ဆိုရင်တော့ ရီးရဲလ်က အာနိုးလ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း (ပေါင် သန်း ၂ဝ)နဲ့သာ ကမ်းလှမ်းနိုင်ဖို့ ရှိပြီး အပိုဆုကြေး၊ လက်မှတ်ထိုးကြေးတွေလည်း ပေးချေဖို့ အတွက် အခက်အခဲ ရှိနိုင်ကြောင်း စပိန် သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်က အသင်းရဲ့ ညာခြမ်း ခံစစ် အတွက် စပိန် ဝါရင့် နောက်ခံလူ ကာဗာဟယ် ဒဏ်ရာရရှိနေတာကြောင့် ရေရှည် အစားထိုးဖို့ ကစားသမား တစ်ဦး လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်က ကာဗာဟယ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ အာနိုးလ်ကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် အကယ်ဒမီထွက် ငယ်မွေး ခြံပေါက် ကစားသမား အာနိုးလ်ဟာ လက်ရှိ မှာလည်း လစ်ဗာပူးလ်ရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ဒုတိယ အသင်းခေါင်းဆောင် တာဝန်ကိုပါ ယူထားသူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာနိုးလ်က အခု ရာသီ အကုန်မှာပဲ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့ မှာ ဖြစ်သလို ရီးရဲလ်မက်ဒရစ်ရဲ့ ဦးစားပေး ပစ်မှတ် အဖြစ်ပါ သတ်မှတ်ခံထားရတာကြောင့် သတင်းတွေ တော်တော်လေး လှုပ်ခတ်နေခဲ့တာ ဖြစ်ပါတယ်။ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ပေ့ချ် တချို့ မှာဆိုရင်တော့ သူတို့ အသင်း အနေနဲ့ အာနိုးလ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း ဖော်ပြမှုတွေ ရှိနေပါတယ်။
တစ်ဖက် မှာတော့ လစ်ဗာပူးလ်က ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာနိုးလ်ကို အသင်း ကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိသလို စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ အတွက်သာ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ အာနိုးလ်ကို ခေါ်ယူဖို့ အတွက် အလောတကြီး မလုပ်ဆောင်ပဲ လာမယ့် နွေရာသီမှပဲ အလွတ်နဲ့ ခေါ်ယူဖို့ စောင့်ဆိုင်းသွားဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.